ပဲခူးတိုင်းရှိ မြို့ဟောင်းနှစ်မြို့ တွင် မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်မည်

 291

ပဲခူးတိုင်းဒေသကြီး ရှိ ဟံသာဝတီမြို့ဟောင်း နှင့် ကေတုမတီမြို့ဟောင်းတို့တွင် မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရ အဖွဲ့ က အိတ်ဖွင့် တင်ဒါ ခေါ်ယူထားချက်အရ သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂ဝ၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မြို့ဟောင်းနှစ်ခုမှ ကျုံးနှင့်မြို့ရိုး မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်း (၂)ခုအတွက် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားခြင်း ဖြစ်သည်။
ပဲခူးမြို့၊ဟံသာဝတီမြို့ဟောင်းရှိ အင်းဝတံခါးဝဲယာမှ ကျုံးနှင့်မြို့ရိုးကြား မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းနှင့် တောင်ငူမြို့၊ ကေတုမတီမြို့ ဟောင်းရှိ မြောက်ဘက်ခြမ်း ကျုံးနှင့် မြို့ရိုးကြား မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့်တင်ဒါလျှောက်လွှာများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးမြို့ရှိ ပဲခူးဌာနခွဲ၌ လာမည့် ဇွန်လ (၁၆) ရက်မှစ၍ တင်ဒါလာရောက်ဝယ်ယူနိုင်ပြီး ဇွန်လ (၁၉)ရက်၊ ညနေ (၃) နာရီတိတိတွင် အရောင်းပိတ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် အိတ်ဖွင့်တင်ဒါများကို ဇွန်လကုန် (၃၀) ရက်၊ ညနေ ၃ နာရီ၌ နောက်ဆုံးထားပြန်လည်တင်သွင်းရမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါ ဖွင့်လှစ်မည့်ရက်၊နေရာနှင့် အချိန်တို့ကို သက်ဆိုင်သူများထံ အချိန်မီ ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်ငူမြို့နယ်ရှိ ကေတုမတီမြို့ကို မင်းကြီးညိုက (၁၅၁၀) ပြည့်နှစ်တွင် တည်ထောင်ခဲ့ရာ ယခုအချိန်တွင် နှစ်ပေါင်း(၅၁၅) နှစ်ရှိနေပြီး ပဲခူးမြို့နယ်တွင်တည်ရှိသည့် ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့ဟောင်းသည် နှစ်ပေါင်း (၄၅၀)ကျော် သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ပဲခူးတိုင္းရွိ ၿမိဳ႕ေဟာင္းႏွစ္ၿမိဳ႕ တြင္ မြမ္းမံထိန္းသိမ္းျခင္းလုပ္ငန္း ေဆာင္႐ြက္မည္
ခ်ယ္ရီ (NP News) - ဇြန္ ၁၄
ပဲခူးတိုင္းေဒသႀကီး ရွိ ဟံသာဝတီၿမိဳ႕ေဟာင္း ႏွင့္ ေကတုမတီၿမိဳ႕ေဟာင္းတို႔တြင္ မြမ္းမံထိန္းသိမ္းျခင္းလုပ္ငန္း ေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း အဆိုပါ တိုင္းေဒသႀကီး အစိုးရ အဖြဲ႕ က အိတ္ဖြင့္ တင္ဒါ ေခၚယူထားခ်က္အရ သိရသည္။
ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ (၂ဝ၂၅-၂၀၂၆) ဘ႑ာေရးႏွစ္၏ ေငြလုံးေငြရင္းရန္ပုံေငြျဖင့္ ေဆာင္႐ြက္မည့္ ၿမိဳ႕ေဟာင္းႏွစ္ခုမွ က်ဳံးႏွင့္ၿမိဳ႕႐ိုး မြမ္းမံထိန္းသိမ္းျခင္းလုပ္ငန္း (၂)ခုအတြက္ စိတ္ပါဝင္စားသည့္ ျမန္မာႏိုင္ငံသားလုပ္ငန္းရွင္မ်ားအား အိတ္ဖြင့္တင္ဒါေခၚယူထားျခင္း ျဖစ္သည္။
ပဲခူးၿမိဳ႕၊ဟံသာဝတီၿမိဳ႕ေဟာင္းရွိ အင္းဝတံခါးဝဲယာမွ က်ဳံးႏွင့္ၿမိဳ႕႐ိုးၾကား မြမ္းမံထိန္းသိမ္းျခင္းလုပ္ငန္းႏွင့္ ေတာင္ငူၿမိဳ႕၊ ေကတုမတီၿမိဳ႕ ေဟာင္းရွိ ေျမာက္ဘက္ျခမ္း က်ဳံးႏွင့္ ၿမိဳ႕႐ိုးၾကား မြမ္းမံထိန္းသိမ္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္တင္ဒါေလွ်ာက္လႊာမ်ားကို ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ ပဲခူးၿမိဳ႕ရွိ ပဲခူးဌာနခြဲ၌ လာမည့္ ဇြန္လ (၁၆) ရက္မွစ၍ တင္ဒါလာေရာက္ဝယ္ယူႏိုင္ၿပီး ဇြန္လ (၁၉)ရက္၊ ညေန (၃) နာရီတိတိတြင္ အေရာင္းပိတ္မည္ျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ အိတ္ဖြင့္တင္ဒါမ်ားကို ဇြန္လကုန္ (၃၀) ရက္၊ ညေန ၃ နာရီ၌ ေနာက္ဆုံးထားျပန္လည္တင္သြင္းရမည္ျဖစ္ၿပီး အိတ္ဖြင့္တင္ဒါ ဖြင့္လွစ္မည့္ရက္၊ေနရာႏွင့္ အခ်ိန္တို႔ကို သက္ဆိုင္သူမ်ားထံ အခ်ိန္မီ ျပန္လည္အေၾကာင္းၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေတာင္ငူၿမိဳ႕နယ္ရွိ ေကတုမတီၿမိဳ႕ကို မင္းႀကီးညိဳက (၁၅၁၀) ျပည့္ႏွစ္တြင္ တည္ေထာင္ခဲ့ရာ ယခုအခ်ိန္တြင္ ႏွစ္ေပါင္း(၅၁၅) ႏွစ္ရွိေနၿပီး ပဲခူးၿမိဳ႕နယ္တြင္တည္ရွိသည့္ ဆင္ျဖဴမ်ားရွင္ ဘုရင့္ေနာင္မင္းတရားႀကီး တည္ေဆာက္ခဲ့သည့္ ဟံသာဝတီၿမိဳ႕ေဟာင္းသည္ ႏွစ္ေပါင္း (၄၅၀)ေက်ာ္ သက္တမ္းရွိၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.