အီရန် နဲ့ အစ္စရေးနိုင်ငံကြားအပြန်အလှန်တိုက်ခိုက်မှုများဖြစ်နေပြီး ဂျေရုဆလင်မြို့၊ တဲအဲဗစ်မြို့ နဲ့ တီဟီရန်မြို့တွေမှာ ပေါက်ကွဲမှုများဖြစ်ပေါ်

 635

ဂျန်ဇက် (NP News) - ဇွန် ၁၄

အစ္စရေး နဲ့ အီရန်နိုင်ငံတို့ဟာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိနေရာ ဂျေရုဆလင်မြို့၊ တဲအဲဗစ်မြို့နဲ့ အီရန်နိုင်ငံ တီဟီရန်မြို့တွေမှာ ပေါက်ကွဲသံများကြားနေရတယ်လို့ သိရပါတယ်။ အစ္စရေးဟာ ဇွန်လ ၁၃ ရက်က အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့ရာ နှစ်နိုင်ငံကြား အပြန်အလှန်တိုက်ခိုက်မှုများဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးစစ်တပ်က အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို ပိုမိုတိုက်ခိုက်သွားမယ်လို့ ဇွန် ၁၄ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးလေတပ်ဟာ စစ်ဘက်သုံးလေယာဉ်တွေ၊ တိုက်လေယာဉ်တွေအသုံးပြုပြီး အီရန်နိုင်ငံ တီဟီရန်မြို့ရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးလေတပ်က ပြောပါတယ်။
အစ္စရေးလေတပ်က အီရန်နိုင်ငံအတွင်းရှိပစ်မှတ်များကို ညလုံးပေါက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြေပြင်က ဝေဟင်ပစ်ဒုံးကျည်အခြေခံအဆောက်အဦးများအပါအဝင် တီဟီရန်မြို့အတွင်းရှိပစ်မှတ်ပေါင်း ဒါဇင်ချီကို တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အစ္စရေးလေတပ် တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ တိုမာဘားက တိုက်ခိုက်မှုတွေဟာ စစ်ဆင်ရေးနဲ့ နိုင်ငံတော်အတွက် အရေးပါမှုဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုများကြောင့် ဇွန်လ ၁၃ ရက်က အီရန်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အီရန်စစ်တပ်ထိပ်တန်းဗိုလ်ချုပ်ကြီးများ သေဆုံးခဲ့ကြောင်း သိရပါတယ်။
အီရန်ရဲ့တိုက်ခိုက်မှုတွေ ဆက်ရှိနေဦးမှာဖြစ်ပြီး သောကြာနေ့ညက တိုက်ခိုက်မှုတွေနဲ့ နိဂုံးချုပ်မှာမဟုတ်ဘူးလို့ အီရန်အစိုးရပိုင် Fars သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။ အီရန်ဟာ လာမယ့်ရက်ပိုင်းအတွင်း ဒေသတွင်းမှာ အမေရိကန်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားမယ်လို့ ပြောပါတယ်။

Zawgyi Version:
အီရန္ နဲ႔ အစၥေရးႏိုင္ငံၾကားအျပန္အလွန္တိုက္ခိုက္မႈမ်ားျဖစ္ေနၿပီး ေဂ်႐ုဆလင္ၿမိဳ႕၊ တဲအဲဗစ္ၿမိဳ႕ နဲ႔ တီဟီရန္ၿမိဳ႕ေတြမွာ ေပါက္ကြဲမႈမ်ားျဖစ္ေပၚ
ဂ်န္ဇက္ (NP News) - ဇြန္ ၁၄

အစၥေရး နဲ႔ အီရန္ႏိုင္ငံတို႔ဟာ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္ပြားလ်က္ရွိေနရာ ေဂ်႐ုဆလင္ၿမိဳ႕၊ တဲအဲဗစ္ၿမိဳ႕နဲ႔ အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕ေတြမွာ ေပါက္ကြဲသံမ်ားၾကားေနရတယ္လို႔ သိရပါတယ္။ အစၥေရးဟာ ဇြန္လ ၁၃ ရက္က အီရန္ႏိုင္ငံကို တိုက္ခိုက္ခဲ့ရာ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္တိုက္ခိုက္မႈမ်ားျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးစစ္တပ္က အီရန္ႏိုင္ငံအတြင္းရွိ ပစ္မွတ္မ်ားကို ပိုမိုတိုက္ခိုက္သြားမယ္လို႔ ဇြန္ ၁၄ ရက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။
အစၥေရးေလတပ္ဟာ စစ္ဘက္သုံးေလယာဥ္ေတြ၊ တိုက္ေလယာဥ္ေတြအသုံးျပဳၿပီး အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕ရွိ ပစ္မွတ္မ်ားကို တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း အစၥေရးေလတပ္က ေျပာပါတယ္။
အစၥေရးေလတပ္က အီရန္ႏိုင္ငံအတြင္းရွိပစ္မွတ္မ်ားကို ညလုံးေပါက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ေျမျပင္က ေဝဟင္ပစ္ဒုံးက်ည္အေျခခံအေဆာက္အဦးမ်ားအပါအဝင္ တီဟီရန္ၿမိဳ႕အတြင္းရွိပစ္မွတ္ေပါင္း ဒါဇင္ခ်ီကို တိုက္ခိုက္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။
အစၥေရးေလတပ္ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ တိုမာဘားက တိုက္ခိုက္မႈေတြဟာ စစ္ဆင္ေရးနဲ႔ ႏိုင္ငံေတာ္အတြက္ အေရးပါမႈျဖစ္တယ္လို႔ ဆိုပါတယ္။ အစၥေရးရဲ႕တိုက္ခိုက္မႈမ်ားေၾကာင့္ ဇြန္လ ၁၃ ရက္က အီရန္ကာကြယ္ေရးဦးစီးခ်ဳပ္အပါအဝင္ အီရန္စစ္တပ္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးမ်ား ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။
အီရန္ရဲ႕တိုက္ခိုက္မႈေတြ ဆက္ရွိေနဦးမွာျဖစ္ၿပီး ေသာၾကာေန႔ညက တိုက္ခိုက္မႈေတြနဲ႔ နိဂုံးခ်ဳပ္မွာမဟုတ္ဘူးလို႔ အီရန္အစိုးရပိုင္ Fars သတင္းေအဂ်င္စီက ေဖာ္ျပထားပါတယ္။ အီရန္ဟာ လာမယ့္ရက္ပိုင္းအတြင္း ေဒသတြင္းမွာ အေမရိကန္အေျခစိုက္စခန္းေတြကို ပစ္မွတ္ထားမယ္လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.