ရခိုင်နယ်မြေအများအပြားကို သိမ်းပိုက်ထားသော AA က မီဒီယာများကို စတင်ခြိမ်းခြောက်

2182

Pearl (NP News) - ဇွန် ၁၅
AA အတွင်း ထဲထဲဝင်ဝင်ပါဝင်နေသူ AA ဗိုလ်မှူး ထွန်းမင်းနိုင်ဆိုသူက ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှ တစ်ဆင့် မီဒီယာများကို စတင်ခြိမ်းခြောက် ရေးသားမှုရှိလာခဲ့သည်။
AA က ရခိုင်ပြည်နယ်အတွင်း ခရိုင်များ ခွဲခြားဖွဲ့စည်းလိုက်ကြောင်းနှင့် ယင်းခရိုင်အတွင်း ပလက်ဝကိုလည်း ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် ထည့်သွင်းထားကြောင်း ရခိုင်မီဒီယာအချို့က သတင်းများ ရေးသားဖော်ပြခဲ့ကြ ကာ နာရီပိုင်းအကြာတွင် အသီးသီးပြန်လည်ဖြုတ်ချခဲ့ကြသည်ကို တွေ့မြင်ရသည်။
ယင်းသို့ ဖြုတ်ချခဲ့ကြခြင်းမှာလည်း AA ၏ ဖိအားကြောင့်လော၊ တစ်စုံတစ်ရာကြောင့်လော အသေးစိတ် ခိုင်မာစွာ မသိရသေးသော်လည်း NP News က စုံစမ်းရရှိချက်အရ မခိုင်မာသော အချက်အလက်ကြောင့် ဟု ဆိုကာ AA နှင့် နီးစပ်သူ အချို့က ပြောကြားခဲ့ ကြခြင်းများရှိကြောင်း သိရသည်။
လက်ရှိ AA က ပလက်ဝတွင် ရခိုင်တိုင်း ရင်းသားများကို ပိုမိုနေထိုင်စေသည့်အပြင် ၎င်းတို့ အပိုင်အဖြစ် လုပ်ကိုင် ဆောင်ရွက်လာနေသောကြောင့် AA နှင့် ချင်းတိုင်းရင်းသားများအကြား တင်းမာမှုများ ဖြစ်ပွားနေခြင်းဖြစ်ကာ AA သည် ပလက်ဝမြို့နယ်အရေးတွင် အကျပ်တွေ့နေသော အနေအထားဖြစ်သည်။ “သတင်းဌာနတွေက သတင်း တင်ချင်ရင် သတင်းအတိအကျရမှ တင်တာကောင်းမယ်။ မတိမကျနဲ့ ကြားသလောက်ကို ရမ်းသမ်းပြီးတင်ရင် မြေပြင်မှာ နဖူးကချွေး ခြေမကျအောင် Free လုပ် ပေးနေရတဲ့ လူတွေအတွက် အဆင်မပြေပါ။ သတင်းဌာနတွေ သတင်းအမှားတွေ တင်ရင် တရားစွဲတဲ့အစီအစဉ်တစ်ခုလည်း လိုအပ်လာပါပြီ” စသည်ဖြင့် AA ခေါင်းဆောင် ထွန်းမြတ်နိုင်၏ အစ်ကိုတော်စပ်သူ ဗိုလ်မှူးထွန်းမင်းနိုင်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားထားခြင်းဖြစ်သည်။
ယင်းပို့စ်ကို ရေးသားပြီး နာရီပိုင်းအကြာတွင် ၎င်းက ပို့စ်တစ်ခု ထပ်မံရေးသားခဲ့ရာ အဆိုပါ စာအတွင်း သတင်း အမှားများ၊ အလွဲများတင်သော သတင်းဌာနများကို မခြိမ်းခြောက်ရန်နှင့် ခြိမ်းခြောက်ပါက ယင်းခြိမ်းခြောက် ရေးသားမှုများကို အဖေများထံပြကာ လုံခြုံရေးမကောင်းကြောင်း၊ မြန်မာနိုင်ငံ ပြန်ဖို့ မဖြစ်နိုင် ကြောင်း၊ ရခိုင်ပြည်တွင် ဆက်လက်နေထိုင်ရန် အသက်ဘေးမလုံခြုံဟုဆိုကာ ခိုလှုံခွင့်တောင်းရန် လမ်းစရသွားမည်ဖြစ် ကြောင်း နှင့် လူပါးဝသူများဖြစ်ကြောင်း ဆက်လက်ရေးသားထား သေးသည်။
“ကျွန်တော်တို့ဆို AA သတင်းကို ဖော်ပြ ရေးသားနေတယ်။ အကောင်းဘက်ကနေ ရေးသားပေးခဲ့တာပဲ။ ဘုရားပြီး ငြမ်းဖျက်ချင်တာလား ဒါမှ မဟုတ် လိုတာကတော့ မင်းတို့ မီဒီယာမရှိလို့ မဖြစ် ဘူးဆိုပြီး အခုကျမှ မင်းတို့ကို တရားတော့ စွဲရဦးမယ် ဆိုတာမျိုးဖြစ်လာတာ။ AA ကောင်းတာပဲ ရေးပြီး မကောင်းတာ မရေးဘူးဆိုတာမျိုး လုပ်ဖို့လမ်းစ ဖြစ်လာတာ တော်တော်လေး အန္တရာယ်ကြီးတယ်” ဟု အမည်မဖော်လိုသော ပြည်ပရောက် ရခိုင် သတင်းထောက် တစ်ဦးက ပြောသည်။ AA က ဖွဲ့စည်းသတ်မှတ်သည့် ခရိုင် (၈) ခုသည် မောင်တောခရိုင်၊ စစ်တွေခရိုင်၊ ပလက်ဝခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်နှင့် သံတွဲခရိုင်တို့ဖြစ်ရာ ရခိုင် မီဒီယာများထက်တွင် ဖော်ပြရေးသားပြီးနောက် ချင်းတိုင်းရင်းသားများအကြား ကန့်ကွက်မှုများစွာ ထွက်ပေါ်ခဲ့သည်။
‘‘ကိုယ့်ပြည်နယ်ကို အဲဒီလိုလုပ်တာတော့ ဘယ်သူမှ မကြိုက်ဘူး။ ပလက်ဝက ချင်းပြည်နယ်မှာ လူဦးရေ အများဆုံးပဲ။ အရင်က ရခိုင်ဆိုတာ ပလက်ဝမှာ နည်းနည်းလေးပဲ ရှိတာလေ။ အခု ပလက်ဝကို သိမ်းပြီးတဲ့အချိန်မှာ အခုလိုပြောတာ။ ကျွန်တော်တို့ ချင်းပြည်နယ်မှာ ကုန်းကြောင်း၊ ရေကြောင်းရော လေကြောင်းရောရှိတာ ပလက်ဝ တစ်မြို့ပဲရှိတယ်။ စီးပွားရေးအရအချက်အချာကောင်းတယ်။ ဘယ်ချင်းမှ မကြိုက်ဘူးလေ။ အခု Facebook မှာ ပွက် လော ရိုက်နေတာပဲ။ ကြည့်ကြည့်လိုက်လေ။ ချင်းတွေအားလုံး ဘယ်လိုခံစားနေရလဲဆိုတာ။ မြင်တဲ့အတိုင်းပဲ” ဟု ချင်းတိုင်းရင်းသားတစ်ဦးက ပြောသည်။

Zawgyi Version:
ရခိုင္နယ္ေျမအမ်ားအျပားကို သိမ္းပိုက္ထားေသာ AA က မီဒီယာမ်ားကို စတင္ၿခိမ္းေျခာက္
Pearl (NP News) - ဇြန္ ၁၅
AA အတြင္း ထဲထဲဝင္ဝင္ပါဝင္ေနသူ AA ဗိုလ္မႉး ထြန္းမင္းႏိုင္ဆိုသူက ၎၏ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာ မ်က္ႏွာမွ တစ္ဆင့္ မီဒီယာမ်ားကို စတင္ၿခိမ္းေျခာက္ ေရးသားမႈရွိလာခဲ့သည္။
AA က ရခိုင္ျပည္နယ္အတြင္း ခ႐ိုင္မ်ား ခြဲျခားဖြဲ႕စည္းလိုက္ေၾကာင္းႏွင့္ ယင္းခ႐ိုင္အတြင္း ပလက္ဝကိုလည္း ရခိုင္ျပည္နယ္၏ ခ႐ိုင္တစ္ခုအျဖစ္ ထည့္သြင္းထားေၾကာင္း ရခိုင္မီဒီယာအခ်ိဳ႕က သတင္းမ်ား ေရးသားေဖာ္ျပခဲ့ၾက ကာ နာရီပိုင္းအၾကာတြင္ အသီးသီးျပန္လည္ျဖဳတ္ခ်ခဲ့ၾကသည္ကို ေတြ႕ျမင္ရသည္။
ယင္းသို႔ ျဖဳတ္ခ်ခဲ့ၾကျခင္းမွာလည္း AA ၏ ဖိအားေၾကာင့္ေလာ၊ တစ္စုံတစ္ရာေၾကာင့္ေလာ အေသးစိတ္ ခိုင္မာစြာ မသိရေသးေသာ္လည္း NP News က စုံစမ္းရရွိခ်က္အရ မခိုင္မာေသာ အခ်က္အလက္ေၾကာင့္ ဟု ဆိုကာ AA ႏွင့္ နီးစပ္သူ အခ်ိဳ႕က ေျပာၾကားခဲ့ ၾကျခင္းမ်ားရွိေၾကာင္း သိရသည္။
လက္ရွိ AA က ပလက္ဝတြင္ ရခိုင္တိုင္း ရင္းသားမ်ားကို ပိုမိုေနထိုင္ေစသည့္အျပင္ ၎တို႔ အပိုင္အျဖစ္ လုပ္ကိုင္ ေဆာင္႐ြက္လာေနေသာေၾကာင့္ AA ႏွင့္ ခ်င္းတိုင္းရင္းသားမ်ားအၾကား တင္းမာမႈမ်ား ျဖစ္ပြားေနျခင္းျဖစ္ကာ AA သည္ ပလက္ဝၿမိဳ႕နယ္အေရးတြင္ အက်ပ္ေတြ႕ေနေသာ အေနအထားျဖစ္သည္။ “သတင္းဌာနေတြက သတင္း တင္ခ်င္ရင္ သတင္းအတိအက်ရမွ တင္တာေကာင္းမယ္။ မတိမက်နဲ႔ ၾကားသေလာက္ကို ရမ္းသမ္းၿပီးတင္ရင္ ေျမျပင္မွာ နဖူးကေခြၽး ေျခမက်ေအာင္ Free လုပ္ ေပးေနရတဲ့ လူေတြအတြက္ အဆင္မေျပပါ။ သတင္းဌာနေတြ သတင္းအမွားေတြ တင္ရင္ တရားစြဲတဲ့အစီအစဥ္တစ္ခုလည္း လိုအပ္လာပါၿပီ” စသည္ျဖင့္ AA ေခါင္းေဆာင္ ထြန္းျမတ္ႏိုင္၏ အစ္ကိုေတာ္စပ္သူ ဗိုလ္မႉးထြန္းမင္းႏိုင္က ၎၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေရးသားထားျခင္းျဖစ္သည္။
ယင္းပို႔စ္ကို ေရးသားၿပီး နာရီပိုင္းအၾကာတြင္ ၎က ပို႔စ္တစ္ခု ထပ္မံေရးသားခဲ့ရာ အဆိုပါ စာအတြင္း သတင္း အမွားမ်ား၊ အလြဲမ်ားတင္ေသာ သတင္းဌာနမ်ားကို မၿခိမ္းေျခာက္ရန္ႏွင့္ ၿခိမ္းေျခာက္ပါက ယင္းၿခိမ္းေျခာက္ ေရးသားမႈမ်ားကို အေဖမ်ားထံျပကာ လုံၿခဳံေရးမေကာင္းေၾကာင္း၊ ျမန္မာႏိုင္ငံ ျပန္ဖို႔ မျဖစ္ႏိုင္ ေၾကာင္း၊ ရခိုင္ျပည္တြင္ ဆက္လက္ေနထိုင္ရန္ အသက္ေဘးမလုံၿခဳံဟုဆိုကာ ခိုလႈံခြင့္ေတာင္းရန္ လမ္းစရသြားမည္ျဖစ္ ေၾကာင္း ႏွင့္ လူပါးဝသူမ်ားျဖစ္ေၾကာင္း ဆက္လက္ေရးသားထား ေသးသည္။
“ကြၽန္ေတာ္တို႔ဆို AA သတင္းကို ေဖာ္ျပ ေရးသားေနတယ္။ အေကာင္းဘက္ကေန ေရးသားေပးခဲ့တာပဲ။ ဘုရားၿပီး ျငမ္းဖ်က္ခ်င္တာလား ဒါမွ မဟုတ္ လိုတာကေတာ့ မင္းတို႔ မီဒီယာမရွိလို႔ မျဖစ္ ဘူးဆိုၿပီး အခုက်မွ မင္းတို႔ကို တရားေတာ့ စြဲရဦးမယ္ ဆိုတာမ်ိဳးျဖစ္လာတာ။ AA ေကာင္းတာပဲ ေရးၿပီး မေကာင္းတာ မေရးဘူးဆိုတာမ်ိဳး လုပ္ဖို႔လမ္းစ ျဖစ္လာတာ ေတာ္ေတာ္ေလး အႏၲရာယ္ႀကီးတယ္” ဟု အမည္မေဖာ္လိုေသာ ျပည္ပေရာက္ ရခိုင္ သတင္းေထာက္ တစ္ဦးက ေျပာသည္။ AA က ဖြဲ႕စည္းသတ္မွတ္သည့္ ခ႐ိုင္ (၈) ခုသည္ ေမာင္ေတာခ႐ိုင္၊ စစ္ေတြခ႐ိုင္၊ ပလက္ဝခ႐ိုင္၊ ေျမာက္ဦးခ႐ိုင္၊ မင္းျပားခ႐ိုင္၊ ေက်ာက္ျဖဴခ႐ိုင္၊ ေတာင္ကုတ္ခ႐ိုင္ႏွင့္ သံတြဲခ႐ိုင္တို႔ျဖစ္ရာ ရခိုင္ မီဒီယာမ်ားထက္တြင္ ေဖာ္ျပေရးသားၿပီးေနာက္ ခ်င္းတိုင္းရင္းသားမ်ားအၾကား ကန႔္ကြက္မႈမ်ားစြာ ထြက္ေပၚခဲ့သည္။
‘‘ကိုယ့္ျပည္နယ္ကို အဲဒီလိုလုပ္တာေတာ့ ဘယ္သူမွ မႀကိဳက္ဘူး။ ပလက္ဝက ခ်င္းျပည္နယ္မွာ လူဦးေရ အမ်ားဆုံးပဲ။ အရင္က ရခိုင္ဆိုတာ ပလက္ဝမွာ နည္းနည္းေလးပဲ ရွိတာေလ။ အခု ပလက္ဝကို သိမ္းၿပီးတဲ့အခ်ိန္မွာ အခုလိုေျပာတာ။ ကြၽန္ေတာ္တို႔ ခ်င္းျပည္နယ္မွာ ကုန္းေၾကာင္း၊ ေရေၾကာင္းေရာ ေလေၾကာင္းေရာရွိတာ ပလက္ဝ တစ္ၿမိဳ႕ပဲရွိတယ္။ စီးပြားေရးအရအခ်က္အခ်ာေကာင္းတယ္။ ဘယ္ခ်င္းမွ မႀကိဳက္ဘူးေလ။ အခု Facebook မွာ ပြက္ ေလာ ႐ိုက္ေနတာပဲ။ ၾကည့္ၾကည့္လိုက္ေလ။ ခ်င္းေတြအားလုံး ဘယ္လိုခံစားေနရလဲဆိုတာ။ ျမင္တဲ့အတိုင္းပဲ” ဟု ခ်င္းတိုင္းရင္းသားတစ္ဦးက ေျပာသည္။