နျူကလီးယားသဘောတူညီချက်ကို အချိန်မီပြုလုပ်ဖို့ အီရန်ကို ဒေါ်နယ်ထရမ့် တိုက်တွန်း

344

Pika (NP News) - ဇွန် ၁၅
အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခုကိုပြုလုပ်ဖို့ အီရန်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အီရန်က သဘောတူညီချက်တစ်ခုကို မပြုလုပ်ဘူးဆိုရင် နောက်ထပ်သေဆုံးမှုတွေနဲ့ပျက်စီးမှုတွေ ရှိလာလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။
အစ္စရေးက အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
အစ္စရေးစစ်တပ်က တိုက်လေယာဉ်အစင်းရေ (၂၀၀)လောက်နဲ့ အီရန်ရဲ့ ပစ်မှတ်ပေါင်း(၁၀၀)ကျော်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုလိုသတိပေးပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “သဘောတူညီချက်တစ်ခုကိုပြုလုပ်ဖို့ အခွင့်အရေးတွေကို ကျွန်တော် အီရန်ကို ထပ်ခါတလဲလဲပေးခဲ့ပါတယ်။
ပြီးတော့ အမေရိကန်ရဲ့ကျေးဇူးကြောင့် အစ္စရေးမှာ စစ်လက်နက်ပစ္စည်းများစွာရှိပြီး အဲဒါတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို သူတို့ကောင်းကောင်း နားလည်ကြပါတယ်။ ဒီလို သေဆုံးမှုတွေနဲ့ပျက်စီးမှုတွေအားလုံးကို ရပ်တန့်ဖို့ အချိန်ရှိပါသေးတယ်။ ဘာမှ မကျန်တော့တဲ့အထိ ဖျက်ဆီးမခံရခင်မှာ သဘောတူညီချက်တစ်ခုကို အီရန်ကပြုလုပ်ရပါမယ်။ အရမ်းနောက်မကျခင် သဘောတူညီချက်တစ်ခုကို ပြုလုပ်လိုက်ပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
န်ဴကလီးယားသေဘာတူညီခ်က္ကို အခ်ိန္မီျပဳလုပ္ဖို႔ အီရန္ကို ေဒၚနယ္ထရမ့္ တိုက္တြန္း
Pika (NP News) - ဇြန္ ၁၅
အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္တစ္ခုကိုျပဳလုပ္ဖို႔ အီရန္ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အီရန္က သေဘာတူညီခ်က္တစ္ခုကို မျပဳလုပ္ဘူးဆိုရင္ ေနာက္ထပ္ေသဆုံးမႈေတြနဲ႔ပ်က္စီးမႈေတြ ရွိလာလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။
အစၥေရးက အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြကို ပစ္မွတ္ထားတဲ့ေလေၾကာင္းတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
အစၥေရးစစ္တပ္က တိုက္ေလယာဥ္အစင္းေရ (၂၀၀)ေလာက္နဲ႔ အီရန္ရဲ႕ ပစ္မွတ္ေပါင္း(၁၀၀)ေက်ာ္ကို ေလေၾကာင္းတိုက္ခိုက္မႈ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္က ယခုလိုသတိေပးေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕ထိပ္တန္းစစ္ဘက္အရာရွိေတြနဲ႔ န်ဴကလီးယားသိပၸံပညာရွင္ေတြ ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “သေဘာတူညီခ်က္တစ္ခုကိုျပဳလုပ္ဖို႔ အခြင့္အေရးေတြကို ကြၽန္ေတာ္ အီရန္ကို ထပ္ခါတလဲလဲေပးခဲ့ပါတယ္။
ၿပီးေတာ့ အေမရိကန္ရဲ႕ေက်းဇူးေၾကာင့္ အစၥေရးမွာ စစ္လက္နက္ပစၥည္းမ်ားစြာရွိၿပီး အဲဒါေတြကို ဘယ္လိုအသုံးျပဳရမလဲဆိုတာကို သူတို႔ေကာင္းေကာင္း နားလည္ၾကပါတယ္။ ဒီလို ေသဆုံးမႈေတြနဲ႔ပ်က္စီးမႈေတြအားလုံးကို ရပ္တန႔္ဖို႔ အခ်ိန္ရွိပါေသးတယ္။ ဘာမွ မက်န္ေတာ့တဲ့အထိ ဖ်က္ဆီးမခံရခင္မွာ သေဘာတူညီခ်က္တစ္ခုကို အီရန္ကျပဳလုပ္ရပါမယ္။ အရမ္းေနာက္မက်ခင္ သေဘာတူညီခ်က္တစ္ခုကို ျပဳလုပ္လိုက္ပါ” လို႔ ေျပာခဲ့ပါတယ္။