ရေကြည်မြို့နယ် အစွန်မှ AA ထိန်းချုပ်ရာ ကျေးရွာဒေသခံများကို ပြင်ပနှင့် အဆက်အသွယ် ဖြတ်ထား

 795

သက်ပိုင် (NP News) - ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် အစွန်အဖျားရှိ AA ထိန်းချုပ်ရာ ကျေးရွာများမှ ဒေသခံများကို ပြင်ပနှင့် အဆက်အသွယ်ဖြတ်ထားကြောင်း ဒေသခံများက NP News သို့ ပြောသည်။
ယင်းမြို့နယ်သာမက ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး အစပ်ရှိ ဧရာဝတီတိုင်း ဘက်ခြမ်းမှ AA ရောက်ရှိရာ ကျေးရွာများတွင် အလားတူ ကျင့်သုံးခြင်းများရှိကြောင်းလည်း မေးမြန်းစုံစမ်းရရှိသော အချက်အလက် များအရ သိရသည်။
“ပထမတုန်းက ကွင်းကလေးရွာထိပ် ဘက်နားမှာဖြစ်တာ။ ညဘက်ဆိုရင် အသံတွေကြားလိုက်တယ်။ သိပ်မကြာဘူးတစ်ပတ်ကျော် နှစ်ပတ်လောက်ကြာတော့မှ ညောင်အိုင်ဘက်ကိုရောက်တယ်။ သူတို့ကရွာထဲဝင်လာ တာနဲ့ ဖုန်းတွေ အကုန်သိမ်းတယ်။ ရွာလူကြီးကိုဖမ်းတယ်။ ပြီးတော့ ဘယ်သူမှ ရွာပြင်မထွက်ရဘူးဆိုပြီး အမိန့်ထုတ်တယ်။ ထွက်ရင် တာဝန်မယူဘူးလို့လည်း ပြောတယ်” ဟု အဆိုပါဒေသခံမှ ဆိုသည်။
ထိန်းချုပ်ခံကျေးရွာသားတို့တွင် ဆန်နှင့် ရိက္ခာပြတ်လပ်သည့်အတွက် အခက်အခဲကြုံတွေ့ခြင်းများရှိနေပြီး အချို့ကလည်း အရဲစွန့်ကာ ထွက်ပြေးခြင်းများကို ပြုလုပ်နေကြရကြောင်း ၎င်းက ဆိုသည်။ “ကိုယ့်သား သမီးပညာရေးက ရှိတယ်လေ။ အဲဒီမှာက စာသင်ဖို့ နေနေသာသာ ထမင်းတောင် ကိုယ့်ခြံထဲကထွက်တဲ့ အရွက်နဲ့ ချည်းစားခဲ့ရတာ။ လက်ထဲပိုက်ဆံရှိရင်လည်း ဘာမှဝယ်လို့ မရတော့ဘူးလေ။ AA ကအကုန် ပိတ်ထားတော့ ဆီ၊ ဆား၊ ငရုတ်ကစပြီး အကုန်လုံး ပြတ်တောက်နေတာ။ ကျွန်တော်တို့မိသားစုတောင် မနည်း သတိထားပြီး ခိုးထွက် လာခဲ့ရတာ။ တော်ကြာ အိမ်မှာလူ မရှိရင် အကုန်ကုန်မှာစိုးလို့ ဦးလေးကိုတော့ ထားခဲ့ရတယ်။ သူနဲ့လည်း အခုထိ အဆက်သွယ်မရတော့ဘူး” ဟု ရေကြည်မြို့နယ်ရှိ AA ထိန်းချုပ်ခံ ကျေးရွာမှ ထွက်ပြေးလွတ်မြောက်ခဲ့သူတစ်ဦးက ဆိုသည်။
ထို့ပြင် လေးမျက်နှာမြို့နယ်အတွင်း AA က အရပ်သား (၅၀ဝ)ခန့်ကို ဖမ်းဆီးထားကြောင်း သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောကြားထားရာ ယင်းအချက်ကို သီးခြားအတည်ပြုနေဆဲဖြစ်သည်။

Zawgyi Version:
ေရၾကည္ၿမိဳ႕နယ္ အစြန္မွ AA ထိန္းခ်ဳပ္ရာ ေက်း႐ြာေဒသခံမ်ားကို ျပင္ပႏွင့္ အဆက္အသြယ္ ျဖတ္ထား
သက္ပိုင္ (NP News) - ဇြန္ ၁၅

ဧရာဝတီတိုင္းေဒသႀကီး၊ ေရၾကည္ၿမိဳ႕နယ္ အစြန္အဖ်ားရွိ AA ထိန္းခ်ဳပ္ရာ ေက်း႐ြာမ်ားမွ ေဒသခံမ်ားကို ျပင္ပႏွင့္ အဆက္အသြယ္ျဖတ္ထားေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
ယင္းၿမိဳ႕နယ္သာမက ရခိုင္ျပည္နယ္ႏွင့္ ဧရာဝတီတိုင္းေဒသႀကီး အစပ္ရွိ ဧရာဝတီတိုင္း ဘက္ျခမ္းမွ AA ေရာက္ရွိရာ ေက်း႐ြာမ်ားတြင္ အလားတူ က်င့္သုံးျခင္းမ်ားရွိေၾကာင္းလည္း ေမးျမန္းစုံစမ္းရရွိေသာ အခ်က္အလက္ မ်ားအရ သိရသည္။
“ပထမတုန္းက ကြင္းကေလး႐ြာထိပ္ ဘက္နားမွာျဖစ္တာ။ ညဘက္ဆိုရင္ အသံေတြၾကားလိုက္တယ္။ သိပ္မၾကာဘူးတစ္ပတ္ေက်ာ္ ႏွစ္ပတ္ေလာက္ၾကာေတာ့မွ ေညာင္အိုင္ဘက္ကိုေရာက္တယ္။ သူတို႔က႐ြာထဲဝင္လာ တာနဲ႔ ဖုန္းေတြ အကုန္သိမ္းတယ္။ ႐ြာလူႀကီးကိုဖမ္းတယ္။ ၿပီးေတာ့ ဘယ္သူမွ ႐ြာျပင္မထြက္ရဘူးဆိုၿပီး အမိန႔္ထုတ္တယ္။ ထြက္ရင္ တာဝန္မယူဘူးလို႔လည္း ေျပာတယ္” ဟု အဆိုပါေဒသခံမွ ဆိုသည္။
ထိန္းခ်ဳပ္ခံေက်း႐ြာသားတို႔တြင္ ဆန္ႏွင့္ ရိကၡာျပတ္လပ္သည့္အတြက္ အခက္အခဲႀကဳံေတြ႕ျခင္းမ်ားရွိေနၿပီး အခ်ိဳ႕ကလည္း အရဲစြန႔္ကာ ထြက္ေျပးျခင္းမ်ားကို ျပဳလုပ္ေနၾကရေၾကာင္း ၎က ဆိုသည္။ “ကိုယ့္သား သမီးပညာေရးက ရွိတယ္ေလ။ အဲဒီမွာက စာသင္ဖို႔ ေနေနသာသာ ထမင္းေတာင္ ကိုယ့္ၿခံထဲကထြက္တဲ့ အ႐ြက္နဲ႔ ခ်ည္းစားခဲ့ရတာ။ လက္ထဲပိုက္ဆံရွိရင္လည္း ဘာမွဝယ္လို႔ မရေတာ့ဘူးေလ။ AA ကအကုန္ ပိတ္ထားေတာ့ ဆီ၊ ဆား၊ င႐ုတ္ကစၿပီး အကုန္လုံး ျပတ္ေတာက္ေနတာ။ ကြၽန္ေတာ္တို႔မိသားစုေတာင္ မနည္း သတိထားၿပီး ခိုးထြက္ လာခဲ့ရတာ။ ေတာ္ၾကာ အိမ္မွာလူ မရွိရင္ အကုန္ကုန္မွာစိုးလို႔ ဦးေလးကိုေတာ့ ထားခဲ့ရတယ္။ သူနဲ႔လည္း အခုထိ အဆက္သြယ္မရေတာ့ဘူး” ဟု ေရၾကည္ၿမိဳ႕နယ္ရွိ AA ထိန္းခ်ဳပ္ခံ ေက်း႐ြာမွ ထြက္ေျပးလြတ္ေျမာက္ခဲ့သူတစ္ဦးက ဆိုသည္။
ထို႔ျပင္ ေလးမ်က္ႏွာၿမိဳ႕နယ္အတြင္း AA က အရပ္သား (၅၀ဝ)ခန႔္ကို ဖမ္းဆီးထားေၾကာင္း သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာၾကားထားရာ ယင္းအခ်က္ကို သီးျခားအတည္ျပဳေနဆဲျဖစ္သည္။

Related news

© 2021. All rights reserved.