ကျောင်းသား/သူဦးရေ (၆)သောင်းကျော် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုနေ

 262

Pearl (NP News) - ဇွန် ၁၆

ကျောင်းသား/သူဦးရေ (၆)သောင်းကျော် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုနေကြောင်း ပညာရေးဝန်ကြီးဌာန မှ မီဒီယာများထံ ပြောကြားချက်အရ သိရသည်။

၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့်ကာလမှာ ဇွန်လ ၁၆ ရက်မှ ၂၁ ရက် အထိဖြစ်ပြီး ယနေ့ (ဇွန်လ ၁၆ ရက်) တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များမှ သတ်မှတ်ထားသည့် မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာစာဘာသာရပ်အား ပြန်လည် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေးပွဲပြန်ဖြေရမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူဦးရေမှာ (၆၃၆၇၃) ဦးဖြစ်ပြီး ယနေ့တွင် လာရောက် ဖြေဆိုသူ (၆၂၈၂၄) ဦး၊ ပျက်ကွက် (၈၄၉) ဦး ဖြစ်သဖြင့် ဖြေဆိုရာခိုင်နှုန်း (၉၈.၆၇) နှင့် ပျက်ကွက်ရာခိုင်နှုန်း (၁.၃၃) ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ ဧပြီ ၂၈ ရက်မှစတင်ကာ သတ်မှတ်ထားသည့် မြို့နယ်များ ရှိကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်း(Camp)များ ဖွင့်လှစ်၍ လေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။

Zawgyi Version:
ေက်ာင္းသား/သူဦးေရ (၆)ေသာင္းေက်ာ္ တကၠသိုလ္ဝင္စာေမးပြဲျပန္လည္ေျဖဆိုေန
Pearl (NP News) - ဇြန္ ၁၆
ေက်ာင္းသား/သူဦးေရ (၆)ေသာင္းေက်ာ္ တကၠသိုလ္ဝင္စာေမးပြဲျပန္လည္ေျဖဆိုေနေၾကာင္း ပညာေရးဝန္ႀကီးဌာန မွ မီဒီယာမ်ားထံ ေျပာၾကားခ်က္အရ သိရသည္။

၂ဝ၂၄-၂ဝ၂၅ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ျပန္လည္ေျဖဆိုရမည့္ကာလမွာ ဇြန္လ ၁၆ ရက္မွ ၂၁ ရက္ အထိျဖစ္ၿပီး ယေန႔ (ဇြန္လ ၁၆ ရက္) တြင္ သက္ဆိုင္ရာတိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ သတ္မွတ္ထားသည့္ ၿမိဳ႕နယ္အသီးသီးရွိ စာစစ္ဌာနမ်ားတြင္ ေက်ာင္းသား/ေက်ာင္းသူမ်ားအေနျဖင့္ ျမန္မာစာဘာသာရပ္အား ျပန္လည္ ေျဖဆိုလ်က္ရွိေၾကာင္း သိရသည္။
စာေမးပြဲျပန္ေျဖရမည့္ စာရင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူဦးေရမွာ (၆၃၆၇၃) ဦးျဖစ္ၿပီး ယေန႔တြင္ လာေရာက္ ေျဖဆိုသူ (၆၂၈၂၄) ဦး၊ ပ်က္ကြက္ (၈၄၉) ဦး ျဖစ္သျဖင့္ ေျဖဆိုရာခိုင္ႏႈန္း (၉၈.၆၇) ႏွင့္ ပ်က္ကြက္ရာခိုင္ႏႈန္း (၁.၃၃) ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္တို႔မွ စာေမးပြဲျပန္လည္ေျဖဆိုၾကမည့္ ေက်ာင္းသား/ေက်ာင္းသူမ်ား ဧၿပီ ၂၈ ရက္မွစတင္ကာ သတ္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ား ရွိေက်ာင္းမ်ား၌ ေလ့က်င့္သင္ၾကားေရးစခန္း(Camp)မ်ား ဖြင့္လွစ္၍ ေလ့က်င့္ သင္ၾကားေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
စာေမးပြဲေျဖဆိုေနစဥ္ ကာလအတြင္း ၿမိဳ႕နယ္မ်ားအလိုက္ တာဝန္ရွိသူမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား၊ မီးသတ္ တပ္ဖြဲ႕ႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ယာဥ္ထိန္းတပ္ဖြဲ႕ဝင္မ်ားျဖင့္ လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားကို စနစ္တက် စီမံေဆာင္႐ြက္ထားရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.