မစိုးရိမ်‌တိုက်သစ်‌ကျောင်းတိုက်ပုံမှန်အတိုင်း စာသင်မှုများပုံမှန်အတိုင်း ပြန်လည်ပြုလုပ်မည်

 220

NP News ဇွန် (၁၉) ရက်
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ သံဃာစာသင်သားများသည် ဝါဆိုအမှီ ပြန်လည်ကြွရောက်နိုင်မှာဖြစ်ပြီး ဝါတွင်းကာလ စာဝါစာအံတာတွေကို ပုံမှန်အတိုင်းပြန်လည် ပို့ချသွားမှာဖြစ်ကြောင်း သိရသည်။
ယင်း အသိပေးချက်ကို ဇွန် ၁၅ ရက်မှာ မစိုးရိမ်တိုက်သစ်နာယကအဖွဲ့ကအသိ ပေးထားတာဖြစ်ပြီး စာသင်သား သံဃာများ၏ နေ့စဉ် ဆွမ်းကိစ္စ မပြည့်စုံပါက နာယကအဖွဲ့မှ စီမံပေးမည့်အပြင် သီတင်းသုံးရာမှာ ပြင်ဆင်ပြီးသည့်ကျောင်းများနှင့် ယာယီကျောင်းဆောင်များတွင် ခေတ္တ သီတင်းသုံး နေထိုင်နိုင်ကြရမည်ဟု သိရသည်။
ဝါတွင်းကာလ စာဝါစာအံပြုလုပ်မည့် သံဃာများအနေဖြင့် ကျောင်းတိုက်ကို ပြန်လည်ရောက်သည့်အချိန်တွင် ကျောင်းတာဝန်ခံ သံဃာများသို့ စာရင်းပေးသွင်းရမှာဖြစ်ပြီး ကျောင်းတာဝန်ခံ သံဃာများမှ တစ်ဆင့် နေရာချထားရေးကို စီမံပေးသွားမှာဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် မစိုးရိမ်တိုက်သစ်အတွင်းမှ ကျောင်းဆောင်များအား ပြန်လည်တည်ဆောက်တာ မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်နေသည့်အပြင် တိုက်သစ်မြောက်ဘက် သင်္ဂဇာချောင်းဘေးမြေကွက်လပ်တွင် ယာယီပင်မစာသင်ကျောင်းဆောင်နှင့်အတူ ယာယီကျောင်းများလည်း ပြန်လည်တည်ဆောက်နေခြင်းဖြစ်သည်။
လွန်ခဲ့သော မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မစိုးရိမ်တိုက်သစ်မှာ သီတင်းသုံးနေထိုင်နေသော သံဃာတော်အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အပြင် ပျံလွန်‌တော်မူ မှုများလည်းရှိခဲ့ကြောင်းသိရသည်။

Zawgyi Version:
မစိုးရိမ္‌တိုက္သစ္‌ေက်ာင္းတိုက္ပုံမွန္အတိုင္း စာသင္မႈမ်ားပုံမွန္အတိုင္း ျပန္လည္ျပဳလုပ္မည္
NP News ဇြန္ (၁၉) ရက္
ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးဆုံးရႈံးခဲ့ရသည့္ မႏၲေလးၿမိဳ႕ မစိုးရိမ္တိုက္သစ္မွ သံဃာစာသင္သားမ်ားသည္ ဝါဆိုအမွီ ျပန္လည္ႂကြေရာက္ႏိုင္မွာျဖစ္ၿပီး ဝါတြင္းကာလ စာဝါစာအံတာေတြကို ပုံမွန္အတိုင္းျပန္လည္ ပို႔ခ်သြားမွာျဖစ္ေၾကာင္း သိရသည္။
ယင္း အသိေပးခ်က္ကို ဇြန္ ၁၅ ရက္မွာ မစိုးရိမ္တိုက္သစ္နာယကအဖြဲ႕ကအသိ ေပးထားတာျဖစ္ၿပီး စာသင္သား သံဃာမ်ား၏ ေန႔စဥ္ ဆြမ္းကိစၥ မျပည့္စုံပါက နာယကအဖြဲ႕မွ စီမံေပးမည့္အျပင္ သီတင္းသုံးရာမွာ ျပင္ဆင္ၿပီးသည့္ေက်ာင္းမ်ားႏွင့္ ယာယီေက်ာင္းေဆာင္မ်ားတြင္ ေခတၱ သီတင္းသုံး ေနထိုင္ႏိုင္ၾကရမည္ဟု သိရသည္။
ဝါတြင္းကာလ စာဝါစာအံျပဳလုပ္မည့္ သံဃာမ်ားအေနျဖင့္ ေက်ာင္းတိုက္ကို ျပန္လည္ေရာက္သည့္အခ်ိန္တြင္ ေက်ာင္းတာဝန္ခံ သံဃာမ်ားသို႔ စာရင္းေပးသြင္းရမွာျဖစ္ၿပီး ေက်ာင္းတာဝန္ခံ သံဃာမ်ားမွ တစ္ဆင့္ ေနရာခ်ထားေရးကို စီမံေပးသြားမွာျဖစ္ေၾကာင္းသိရသည္။
လက္ရွိတြင္ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးဆုံးရႈံးသြားသည့္ မစိုးရိမ္တိုက္သစ္အတြင္းမွ ေက်ာင္းေဆာင္မ်ားအား ျပန္လည္တည္ေဆာက္တာ မြမ္းမံျပင္ဆင္ျခင္းမ်ား ေဆာင္႐ြက္ေနသည့္အျပင္ တိုက္သစ္ေျမာက္ဘက္ သဂၤဇာေခ်ာင္းေဘးေျမကြက္လပ္တြင္ ယာယီပင္မစာသင္ေက်ာင္းေဆာင္ႏွင့္အတူ ယာယီေက်ာင္းမ်ားလည္း ျပန္လည္တည္ေဆာက္ေနျခင္းျဖစ္သည္။
လြန္ခဲ့ေသာ မတ္ ၂၈ ရက္က လႈပ္ခတ္ခဲ့သည့္ အင္အားျပင္း ငလ်င္ေၾကာင့္ မစိုးရိမ္တိုက္သစ္မွာ သီတင္းသုံးေနထိုင္ေနေသာ သံဃာေတာ္အခ်ိဳ႕ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည့္အျပင္ ပ်ံလြန္‌ေတာ္မူ မႈမ်ားလည္းရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.