သီရိလင်္ကာရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရသော အစိုးရနှင့် ပြည်သူများအတွက် မြန်မာနိုင်ငံ က အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ဖိုး ခန့် လှူဒါန်း

 275

ပီယ (NP News) – ဒီဇင်ဘာ ၈
သီရိလင်္ကာနိုင်ငံ ၏ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရသော အစိုးရနှင့် ပြည်သူများအတွက် မြန်မာနိုင်ငံ က အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ဖိုး ခန့် လှူဒါန်းခဲ့ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် ခရိုင် ၂၅ ခုတွင် ရေကြီး ရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်းကိုးသိန်းကျော် ရေဘေးဒဏ်ခံစားခဲ့ရပြီး လမ်းတံတားများ၊ နေအိမ်များနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်ကြောင်း နိုင်ငံတကာသို့ ကမ်းလှမ်းဖိတ်ခေါ် ခဲ့သည့်အတွက် သီရိလင်္ကာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံ ဆက်ဆံရေးရှိသည့် အားလျော်စွာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ မြန်မာ အစိုးရနှင့် ပြည်သူများက သီရိလင်္ကာ နိုင်ငံ ဒီဝါဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့ရသော ပြည်သူများသို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှု လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ တစ်ကိုယ်ရေကျန်းမာရေးသုံး ပစ္စည်းများကို တပ်မတော် လေယာဉ်ဖြင့် သွားရောက်လှူဒါန်းပို့ဆောင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညပိုင်းတွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့သို့ ရောက်ရှိကြကြောင်း သိရသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကို သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်၊ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် အာရှအလယ်ပိုင်းရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ချန်မာရီ ရိုဒရီဂို၊ လေတပ်စခန်းဌာနချုပ် စီမံကိန်းဌာန ညွှန်ကြားရေးမှူးချုပ် Air Vice Marshal S Deshapriya GM Silva နှင့် သီရိလင်္ကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများကလေဆိပ်တွင် ကြိုဆိုတွေ့ဆုံကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က သီရိလင်္ကာနိုင်ငံတွင် ဒီဝါမုန်တိုင်းတိုက်ခတ် မှုဒဏ်ကြောင့် လူ့အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးခဲ့ရမှုအပေါ် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများက သီရိလင်္ကာအစိုးရနှင့် ပြည်သူများနည်းတူ ထပ်တူဝမ်းနည်းပါ ကြောင်း၊ နှစ်နိုင်ငံအကြား မိသားစုစိတ်ဓာတ်ဖြင့် အခက်အခဲကြုံချိန်တွင် အပြန်အလှန် ရိုင်းပင်းကူညီမှုပြုခြင်းဖြစ်ပါကြောင်း၊ ဆန်နှင့်အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သီရိလင်္ကာနိုင်ငံအစိုးရနှင့် ပြည်သူများအနေဖြင့် အမြန်ဆုံးပြန်လည်ထူထောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် တပ်မတော် လေယာဉ်ဖြင့် တင်ဆောင်လာသော ဆေးဝါးနှင့် ဆေးပစ္စည်း ၂၆ မျိုးတန်ချိန် ၆ ဒသမ ၉၃၈ တန် နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများတန်ချိန် ၂ ဒသမ ၂၆၂ တန် စုစု ပေါင်း တန်ချိန် ၉ ဒသမ ၂ တန်ကို ကိုလံဘိုလေဆိပ်တွင် သီရိလင်္ကာနိုင်ငံမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ် လှူဒါန်းကြသည်။
မြန်မာနိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရသော အစိုးရနှင့် ပြည်သူများအတွက် ယခုလှူဒါန်းမှုသည် အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ခန့် တန်ဖိုးရှိပြီး ဆန်တန်ချိန် ၅၀၀ နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ တို့ကို ဆက်လက်ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သီရိလကၤာေရေဘးႏွင့္ ေျမၿပိဳေဘးအႏၲရာယ္ႀကဳံေတြ႕ခံစားခဲ့ရေသာ အစိုးရႏွင့္ ျပည္သူမ်ားအတြက္ ျမန္မာႏိုင္ငံ က အေမရိကန္ေဒၚလာ ၁၂၀၀၀၀ ဖိုး ခန႔္ လႉဒါန္း
ပီယ (NP News) – ဒီဇင္ဘာ ၈
သီရိလကၤာႏိုင္ငံ ၏ ေရေဘးႏွင့္ ေျမၿပိဳေဘးအႏၲရာယ္ႀကဳံေတြ႕ခံစားခဲ့ရေသာ အစိုးရႏွင့္ ျပည္သူမ်ားအတြက္ ျမန္မာႏိုင္ငံ က အေမရိကန္ေဒၚလာ ၁၂၀၀၀၀ ဖိုး ခန႔္ လႉဒါန္းခဲ့ေၾကာင္း သိရသည္။
သီရိလကၤာႏိုင္ငံ၌ ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာ ၂၈ ရက္တြင္ တိုက္ခတ္ခဲ့သည့္ ဆိုင္ကလုန္းမုန္တိုင္း ဒီဝါေၾကာင့္ ခ႐ိုင္ ၂၅ ခုတြင္ ေရႀကီး ေရလွ်ံမႈႏွင့္ ေျမၿပိဳမႈမ်ား ျဖစ္ပြားခဲ့ရာ လူေပါင္းကိုးသိန္းေက်ာ္ ေရေဘးဒဏ္ခံစားခဲ့ရၿပီး လမ္းတံတားမ်ား၊ ေနအိမ္မ်ားႏွင့္ အေျခခံအေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အေရးေပၚကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ား လိုအပ္ေၾကာင္း ႏိုင္ငံတကာသို႔ ကမ္းလွမ္းဖိတ္ေခၚ ခဲ့သည့္အတြက္ သီရိလကၤာႏိုင္ငံႏွင့္ ခ်စ္ၾကည္ရင္းႏွီးေသာ ႏွစ္ႏိုင္ငံ ဆက္ဆံေရးရွိသည့္ အားေလ်ာ္စြာ ႏိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫႊန္မႈႏွင့္အညီ ျမန္မာ အစိုးရႏွင့္ ျပည္သူမ်ားက သီရိလကၤာ ႏိုင္ငံ ဒီဝါဆိုင္ကလုန္းမုန္တိုင္း ဒဏ္ခံခဲ့ရေသာ ျပည္သူမ်ားသို႔ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ ေဆးဝါးကုသမႈ လုပ္ငန္းမ်ားအတြက္ အေထာက္အကူျဖစ္ေစမည့္ ေဆးဝါးႏွင့္ ေဆးပစၥည္းမ်ား၊ တစ္ကိုယ္ေရက်န္းမာေရးသုံး ပစၥည္းမ်ားကို တပ္မေတာ္ ေလယာဥ္ျဖင့္ သြားေရာက္လႉဒါန္းပို႔ေဆာင္ရာ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ၿဖိဳးဝင္းႏွင့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚလဲ့လဲ့ေအးတို႔ ဦးေဆာင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ယမန္ေန႔ညပိုင္းတြင္ သီရိလကၤာႏိုင္ငံ ကိုလံဘိုၿမိဳ႕သို႔ ေရာက္ရွိၾကေၾကာင္း သိရသည္။
ျမန္မာကိုယ္စားလွယ္အဖြဲ႕ကို သီရိလကၤာႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ေဒၚမာလာသန္းထိုက္၊ သီရိလကၤာႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အေရွ႕ေတာင္အာရွႏွင့္ အာရွအလယ္ပိုင္းေရးရာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ခ်န္မာရီ ႐ိုဒရီဂို၊ ေလတပ္စခန္းဌာနခ်ဳပ္ စီမံကိန္းဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ Air Vice Marshal S Deshapriya GM Silva ႏွင့္ သီရိလကၤာ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားကေလဆိပ္တြင္ ႀကိဳဆိုေတြ႕ဆုံၾကသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာကိုယ္စားလွယ္အဖြဲ႕က သီရိလကၤာႏိုင္ငံတြင္ ဒီဝါမုန္တိုင္းတိုက္ခတ္ မႈဒဏ္ေၾကာင့္ လူ႔အသက္အိုးအိမ္ပစၥည္းမ်ား ဆုံးရႈံးခဲ့ရမႈအေပၚ ျမန္မာႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားက သီရိလကၤာအစိုးရႏွင့္ ျပည္သူမ်ားနည္းတူ ထပ္တူဝမ္းနည္းပါ ေၾကာင္း၊ ႏွစ္ႏိုင္ငံအၾကား မိသားစုစိတ္ဓာတ္ျဖင့္ အခက္အခဲႀကဳံခ်ိန္တြင္ အျပန္အလွန္ ႐ိုင္းပင္းကူညီမႈျပဳျခင္းျဖစ္ပါေၾကာင္း၊ ဆန္ႏွင့္အလႉေငြမ်ား ဆက္လက္ေပးအပ္လႉဒါန္းေဆာင္႐ြက္သြားမည္ ျဖစ္ပါေၾကာင္း၊ သီရိလကၤာႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအေနျဖင့္ အျမန္ဆုံးျပန္လည္ထူေထာင္ႏိုင္မည္ဟု ယုံၾကည္ပါေၾကာင္း ေဆြးေႏြးေျပာၾကားခဲ့ၾကသည္။
ထို႔ေနာက္ တပ္မေတာ္ ေလယာဥ္ျဖင့္ တင္ေဆာင္လာေသာ ေဆးဝါးႏွင့္ ေဆးပစၥည္း ၂၆ မ်ိဳးတန္ခ်ိန္ ၆ ဒသမ ၉၃၈ တန္ ႏွင့္ တစ္ကိုယ္ေရသုံးပစၥည္းမ်ားတန္ခ်ိန္ ၂ ဒသမ ၂၆၂ တန္ စုစု ေပါင္း တန္ခ်ိန္ ၉ ဒသမ ၂ တန္ကို ကိုလံဘိုေလဆိပ္တြင္ သီရိလကၤာႏိုင္ငံမွ တာဝန္ရွိသူမ်ားထံသို႔ လႊဲေျပာင္းေပးအပ္ လႉဒါန္းၾကသည္။
ျမန္မာႏိုင္ငံအေနျဖင့္ သီရိလကၤာႏိုင္ငံေရေဘးႏွင့္ ေျမၿပိဳေဘးအႏၲရာယ္ႀကဳံေတြ႕ခံစားခဲ့ရေသာ အစိုးရႏွင့္ ျပည္သူမ်ားအတြက္ ယခုလႉဒါန္းမႈသည္ အေမရိကန္ေဒၚလာ ၁၂၀၀၀၀ ခန႔္ တန္ဖိုးရွိၿပီး ဆန္တန္ခ်ိန္ ၅၀၀ ႏွင့္ အေမရိကန္ေဒၚလာ ၁၀၀၀၀၀ တို႔ကို ဆက္လက္ေပးပို႔လႉဒါန္း သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.