မြင်းခြံတွင် (၈)နှစ်အရွယ်ကလေးငယ်အပါဝင် ကလေး(၅၀)ကျော် PDFအဖွဲ့အတွင်းဝင်ရန် ခြိမ်းခြောက်စည်းရုံးခံရ

 548

သန့်ဇင်(NP News)-ဇွန် ၁၉

မန္တလေးတိုင်းဒေးသကြီး၊ မြင်းခြံတွင် (၈) နှစ်အရွယ်ကလေးငယ်အပါဝင် ကလေး(၅၀)ကျော် PDFအဖွဲ့အတွင်းဝင်ရန် ခြိမ်းခြောက်စည်းရုံးခံခဲ့ရကြောင်း မြင်းခြံပြည်သူ့စစ်ခေါင်းဆောင်ဒေါ်သီတာယုမွန်ထံမှ သိရသည်။
ယမန်နေ့(ဇွန်လ ၁၈ရက်)၊ နံနက်ပိုင်းက မြင်းခြံမြို့နယ်တွင် လမ်းပျောက်နေသော ကလေးငယ်(၆)ဦးကို မြင်းခြံပြည်သူ့စစ်အဖွဲ့က တွေ့ ရှိစစ်ဆေးခဲ့ရာ ၎င်းတို့သည် PDF အဖွဲ့ဝင်တစ်ဦး၏ ခြိမ်းခြောက်ခံရမှုကြောင့် PDF အဖွဲ့ရှိရာသို့ ထွက်လာခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆို ခဲ့ကြောင်း သိရသည်။
“ကြီးတဲ့ကလေးတစ်ယောက်ကို ရပ်ကွက်ထဲကို PDFဝင်လာပြီးတော့ စည်းရုံးတာပေါ့။ အဲဒီမှာဖုန်းနဲ့အမျိုးမျိုးဆွယ်တာပေါ့။ အမျိုးမျိုး ဆွယ်ပြီးတော့မှ ကလေးတွေကမလာဘူးဆိုရင် ပစ်သတ်မယ်ဘာညာဆိုပြီးတော ခြိမ်းခြောက်တာ။ ခြိမ်းခြောက်တော့ ကလေးတွေက စုပြီးတော့ သွားကြတာပေါ့။ သွားကြတော့ကလေးတွေက သူတို့ချိန်းထားတဲ့နေရာကိုသွားတာမှာ လမ်းမှားပြီးတော့ ပြည်သူ့စစ်အဖွဲ့တွေ ကင်းပုန်းဝပ်တာနဲ့တွေ့ပြီးတော့ ခေါ်လာတာ”ဟု ဒေါ်သီတာယုမွန်က NP News ကိုပြောသည်။
PDFအဖွဲ့၏ ခြိမ်းခြောက်ခေါ်ဆောင်ခြင်းမှ ပြန်လည်ကယ်တင်နိုင်ခဲ့သည့် ကလေးငယ်(၆)ဦးမှာ အသက်(၈)နှစ်မှ (၁၄)နှစ်အရွယ် ခန့်သာရှိ သေးသူများဖြစ်ပြီး အများစုမှာကျောင်းတက်နေသည့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။
“အရွယ်ကြီးတဲ့ဟာလေးတွေကျတော့ သူတို့ကိုအိမ်ပြန်ပို့လိုက်ရင် ဆိုပြီးသူတို့ကိုသေချာလေးထိန်းပြီးတော့ ကိုယ့်ကလေးတွေလိုပါပဲ။ ကိုယ့်သားသမီးတွေလိုပြန်ထိန်းထားပေးရတာပေါ့။ သက်ဆိုင်ရာလူကြီးကိုလည်းအကြောင်းကြားပေးတာပေါ့။ မိဘတွေကိုလည်း အခုကအလုပ်နည်းနည်းရှုပ်နေလို့ တကယ်ဆိုမိဘတွေခေါ်ပေးတယ်။ ကလေးလေးတွေက (၄)တန်း (၅)တန်းဆိုတော့ ကျောင်းနေအရွယ်လေးတွေ။ ကျွန်တော်ကချော့မော့ပြီးတော့ မနေ့ကမေးတော့ ကျောင်းမနေချင်တော့လို့တဲ့။ ထွက်ပြေးတာပေါ့နော်။ ဟိုဘက်ကလည်းမင်းတို့ကိုမလာလို့ရှိရင် သတ်မယ်ပြုမယ်ဆိုတော့ ကလေးတွေလိုက်တာပေါ့။ အသက်အငယ်ဆုံးဆိုရင် (၈)နှစ် အသက်အကြီးဆုံးက (၁၃)နှစ်နဲ့ (၁၄)နှစ်ပါ”ဟု ၎င်းကပြောသည်။
အဆိုပါဖြစ်စဉ်မတိုင်မီရှေ့ရက်ကလည်း အသက်(၁၄)နှစ်အရွယ်နှင့် (၁၆)နှစ်အရွယ်ခန့်သာရှိသေးသည့် ကလေးငယ်(၂)ဦးကိုလည်း PDFအဖွဲ့က ခြိမ်းခြောက်ခေါ်ဆောင်မှု သွားရောက်စဉ် ပြည်သူ့စစ်အဖွဲ့ကပင် ကယ်တင်ထားနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
“သူတို့မတိုင်ခင် မနေ့ကကလေးတွေဆိုရင် (၁၄)နှစ်တစ်ယောက်ရယ်။ (၁၆)နှစ်တစ်ယောက်ရယ်ပေါ့။ သူတို့ကိုစည်းရုံးတာက သူတို့ရပ် ကွက်ထဲကနေအရင် PDFထဲဝင်သွားတဲ့ PDFကပဲစည်းရုံးတာပေါ့။ Black Tiger တို့နဲ့ ပကဖအဖွဲ့တွေပေါ့။ ဝင်တဲ့ဟာတွေကနေ ရပ်ကွက်ကို ပြန်ချိတ်တာပေါ့။ ဖုန်းနဲ့ပြန်ချိတ်ပြီးတော့ ဒီမှာလာနေဆိုပြီး စည်းရုံးမှာပေါ့။ စည်းရုံးပြီးတော့ ကလေးတွေက မသွားချင်ရင် မင်းတို့မလာရင်မင်းတို့ကို သေနတ်နဲ့လာပစ်သတ်မှာပေါ့။ ကလေးတွေက ကြောက်တဲ့အခါကျတော့နဲ့ အဓိကကျောင်းမပျော်တာပေါ့။ အဲဒါကြောင့် ကျောင်းကိုတော့ပျော်အောင် မိဘတွေနဲ့ဆရာတွေက လုပ်ပေးရမှာလေ”ဟု ၎င်းကဆက်ပြောသည်။
ထို့ကြောင့် လက်ရှိအချိန်အထိ မြင်းခြံတွင် PDFအဖွဲ့၏ခြိမ်းခြောက်ခေါ်ဆောင်ခြင်းမှ ကယ်တင်ထားနိုင်ခဲ့သည့် ကလေးငယ်စုစုပေါင်း (၅၀)ဦးကျော်ရှိပြီဖြစ်ကြောင်း ဒေါ်သီတာယုမွန်က ဆိုသည်။
“ဒီနေ့အထိဆိုရင် ကျွန်တော်တို့ပြန်ကယ်ထားတာ (၅၀)လောက်ရှိပြီ။ (၅၀)တောင်ကျော်ရင်ကျော်မယ်။ ကျွန်တော်တို့မှာက မြို့ပတ်ပတ်လည် ဂိတ်ရှိနေတဲ့အခါကျတော့ တစ်ယောက်မိပြီဆိုရင် သူတို့ကိုစစ်လိုက်တဲ့အခါကျရင် ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး။ ကျွန်တော်တို့သွားမှာ ဘယ်နှယောက်ဆိုပြီး သွားမယ့်လူတော့တွေ့တာပေါ့။ နောက်လိုက်မယ့်လူတွေရှိသေးတယ်။ ဘယ်သူ။ ဘယ်သူဆိုပြီး သူတို့နဲ့အတူမလိုက်ပဲ နောက်လိုက်မယ့်ကလေးတွေသွားခေါ်။ ပြီးတော့ သေချာဆုံးမ စည်းရုံးရတာပေါ့။ အဓိကကတော့ တော်တော်ငယ်သေး အသက်မပြည့်သေးတာတွေပေါ့။ ကျောင်းလည်းတက်နေတယ်။ မနက်အစောကြီးကျောင်းသွားမယ်ဆိုပြီးတော့ ထွက်ခဲ့တာကိုး။ လွယ်အိတ်နဲ့က (၂)ယောက်ပါတယ်။ (၁၃)နှစ်က အကြီးဆုံးဆိုပေမယ့် ဒီ(၁၃)နှစ်က ကျောင်းမနေတော့ဘူး။ မိဘရဲ့စီးပွားရေးကြောင့်နေမှာပေါ့။ ကျောင်းမနေနိုင်တော့ အလုပ်လုပ်နေတာပေါ့။ ဆေးသုပ်နေတယ်ပြောတယ်။ မနေ့က ဇွန်လ (၁၈) ရက်မှာမိတာ။ မနေ့က (၆) ယောက်မိတာ။ အဲဒါတောင်ပဲ ကလေးတွေက လမ်းမှားနေလို့သာလျှင်မရောက်သွားတ။ အဲဒီမှာ (၂) ပတ်လောက်ဖြစ်နေတော့ ကင်းပုန်းဝပ်နေတဲ့ဘက်ကိုရောက်လာတာ။ အဲဒီမှာ အဖွဲ့က မသင်္ကာလို့မေးကြည့်တော့မှ သူတို့ ဟိုဘက်ကိုသွားမယ်ဆိုတော့မိတာ”ဟု ၎င်းကပြောသည်။
လက်ရှိတွင် PDFအဖွဲ့၏ ခြိမ်းခြောက်စည်းရုံးခံရသော ကလေးငယ်များကို မြင်းခြံပြည်သူ့စစ်က ဆက်လက်ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မိဘများနှင့်ချိတ်ဆက်ကာ ကလေးငယ်များ၏ အနာဂတ်အတွက် ပြန်လည်ကျောင်းတက်နိုင်ရေး ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အခုကလည်း ကျွန်မကလည်း နည်းနည်းလေးအလုပ်ရှုပ်နေတဲ့အတွက် ပြီးမှပဲမိဘတွေခေါ်မယ်။ သက်ဆိုင်ရာခေါ်မယ် ပြီးရင်ကျောင်းပြန်နေအောင်ပြောပေးမယ်။ ဒီနားမှာနေလို့ နည်းနည်းလည်းပြောပြရမယ့်အခါကျတော့ အကြောက်တရားလေးလည်းပြောပြတော့ မနေ့ကတော့ ကျောင်းလုံးဝမနေဘူးပြောတယ်။ ဒီမှာပဲနေမယ်တဲ့။ ဒီနေ့ကျတော့ နည်းနည်းလေးစိတ်ပြောင်းတယ်။ ပြန်မေးတော့ ကျောင်းပြန်နေမလားဆိုတော့ ကျောင်းပြန်နေမယ်တဲ့”ဟု ဒေါ်သီတာယုမွန်က ပြောသည်။

Zawgyi Version:
ျမင္းၿခံတြင္ (၈)ႏွစ္အ႐ြယ္ကေလးငယ္အပါဝင္ ကေလး(၅၀)ေက်ာ္ PDFအဖြဲ႕အတြင္းဝင္ရန္ ၿခိမ္းေျခာက္စည္း႐ုံးခံရ

သန႔္ဇင္(NP News)-ဇြန္ ၁၉

မႏၲေလးတိုင္းေဒးသႀကီး၊ ျမင္းၿခံတြင္ (၈) ႏွစ္အ႐ြယ္ကေလးငယ္အပါဝင္ ကေလး(၅၀)ေက်ာ္ PDFအဖြဲ႕အတြင္းဝင္ရန္ ၿခိမ္းေျခာက္စည္း႐ုံးခံခဲ့ရေၾကာင္း ျမင္းၿခံျပည္သူ႔စစ္ေခါင္းေဆာင္ေဒၚသီတာယုမြန္ထံမွ သိရသည္။
ယမန္ေန႔(ဇြန္လ ၁၈ရက္)၊ နံနက္ပိုင္းက ျမင္းၿခံၿမိဳ႕နယ္တြင္ လမ္းေပ်ာက္ေနေသာ ကေလးငယ္(၆)ဦးကို ျမင္းၿခံျပည္သူ႔စစ္အဖြဲ႕က ေတြ႕ ရွိစစ္ေဆးခဲ့ရာ ၎တို႔သည္ PDF အဖြဲ႕ဝင္တစ္ဦး၏ ၿခိမ္းေျခာက္ခံရမႈေၾကာင့္ PDF အဖြဲ႕ရွိရာသို႔ ထြက္လာခဲ့ျခင္းျဖစ္သည္ဟု ထြက္ဆို ခဲ့ေၾကာင္း သိရသည္။
“ႀကီးတဲ့ကေလးတစ္ေယာက္ကို ရပ္ကြက္ထဲကို PDFဝင္လာၿပီးေတာ့ စည္း႐ုံးတာေပါ့။ အဲဒီမွာဖုန္းနဲ႔အမ်ိဳးမ်ိဳးဆြယ္တာေပါ့။ အမ်ိဳးမ်ိဳး ဆြယ္ၿပီးေတာ့မွ ကေလးေတြကမလာဘူးဆိုရင္ ပစ္သတ္မယ္ဘာညာဆိုၿပီးေတာ ၿခိမ္းေျခာက္တာ။ ၿခိမ္းေျခာက္ေတာ့ ကေလးေတြက စုၿပီးေတာ့ သြားၾကတာေပါ့။ သြားၾကေတာ့ကေလးေတြက သူတို႔ခ်ိန္းထားတဲ့ေနရာကိုသြားတာမွာ လမ္းမွားၿပီးေတာ့ ျပည္သူ႔စစ္အဖြဲ႕ေတြ ကင္းပုန္းဝပ္တာနဲ႔ေတြ႕ၿပီးေတာ့ ေခၚလာတာ”ဟု ေဒၚသီတာယုမြန္က NP News ကိုေျပာသည္။
PDFအဖြဲ႕၏ ၿခိမ္းေျခာက္ေခၚေဆာင္ျခင္းမွ ျပန္လည္ကယ္တင္ႏိုင္ခဲ့သည့္ ကေလးငယ္(၆)ဦးမွာ အသက္(၈)ႏွစ္မွ (၁၄)ႏွစ္အ႐ြယ္ ခန႔္သာရွိ ေသးသူမ်ားျဖစ္ၿပီး အမ်ားစုမွာေက်ာင္းတက္ေနသည့္ ကေလးငယ္မ်ားျဖစ္ေၾကာင္း သိရသည္။
“အ႐ြယ္ႀကီးတဲ့ဟာေလးေတြက်ေတာ့ သူတို႔ကိုအိမ္ျပန္ပို႔လိုက္ရင္ ဆိုၿပီးသူတို႔ကိုေသခ်ာေလးထိန္းၿပီးေတာ့ ကိုယ့္ကေလးေတြလိုပါပဲ။ ကိုယ့္သားသမီးေတြလိုျပန္ထိန္းထားေပးရတာေပါ့။ သက္ဆိုင္ရာလူႀကီးကိုလည္းအေၾကာင္းၾကားေပးတာေပါ့။ မိဘေတြကိုလည္း အခုကအလုပ္နည္းနည္းရႈပ္ေနလို႔ တကယ္ဆိုမိဘေတြေခၚေပးတယ္။ ကေလးေလးေတြက (၄)တန္း (၅)တန္းဆိုေတာ့ ေက်ာင္းေနအ႐ြယ္ေလးေတြ။ ကြၽန္ေတာ္ကေခ်ာ့ေမာ့ၿပီးေတာ့ မေန႔ကေမးေတာ့ ေက်ာင္းမေနခ်င္ေတာ့လို႔တဲ့။ ထြက္ေျပးတာေပါ့ေနာ္။ ဟိုဘက္ကလည္းမင္းတို႔ကိုမလာလို႔ရွိရင္ သတ္မယ္ျပဳမယ္ဆိုေတာ့ ကေလးေတြလိုက္တာေပါ့။ အသက္အငယ္ဆုံးဆိုရင္ (၈)ႏွစ္ အသက္အႀကီးဆုံးက (၁၃)ႏွစ္နဲ႔ (၁၄)ႏွစ္ပါ”ဟု ၎ကေျပာသည္။
အဆိုပါျဖစ္စဥ္မတိုင္မီေရွ႕ရက္ကလည္း အသက္(၁၄)ႏွစ္အ႐ြယ္ႏွင့္ (၁၆)ႏွစ္အ႐ြယ္ခန႔္သာရွိေသးသည့္ ကေလးငယ္(၂)ဦးကိုလည္း PDFအဖြဲ႕က ၿခိမ္းေျခာက္ေခၚေဆာင္မႈ သြားေရာက္စဥ္ ျပည္သူ႔စစ္အဖြဲ႕ကပင္ ကယ္တင္ထားႏိုင္ခဲ့ေၾကာင္း ၎ကဆိုသည္။
“သူတို႔မတိုင္ခင္ မေန႔ကကေလးေတြဆိုရင္ (၁၄)ႏွစ္တစ္ေယာက္ရယ္။ (၁၆)ႏွစ္တစ္ေယာက္ရယ္ေပါ့။ သူတို႔ကိုစည္း႐ုံးတာက သူတို႔ရပ္ ကြက္ထဲကေနအရင္ PDFထဲဝင္သြားတဲ့ PDFကပဲစည္း႐ုံးတာေပါ့။ Black Tiger တို႔နဲ႔ ပကဖအဖြဲ႕ေတြေပါ့။ ဝင္တဲ့ဟာေတြကေန ရပ္ကြက္ကို ျပန္ခ်ိတ္တာေပါ့။ ဖုန္းနဲ႔ျပန္ခ်ိတ္ၿပီးေတာ့ ဒီမွာလာေနဆိုၿပီး စည္း႐ုံးမွာေပါ့။ စည္း႐ုံးၿပီးေတာ့ ကေလးေတြက မသြားခ်င္ရင္ မင္းတို႔မလာရင္မင္းတို႔ကို ေသနတ္နဲ႔လာပစ္သတ္မွာေပါ့။ ကေလးေတြက ေၾကာက္တဲ့အခါက်ေတာ့နဲ႔ အဓိကေက်ာင္းမေပ်ာ္တာေပါ့။ အဲဒါေၾကာင့္ ေက်ာင္းကိုေတာ့ေပ်ာ္ေအာင္ မိဘေတြနဲ႔ဆရာေတြက လုပ္ေပးရမွာေလ”ဟု ၎ကဆက္ေျပာသည္။
ထို႔ေၾကာင့္ လက္ရွိအခ်ိန္အထိ ျမင္းၿခံတြင္ PDFအဖြဲ႕၏ၿခိမ္းေျခာက္ေခၚေဆာင္ျခင္းမွ ကယ္တင္ထားႏိုင္ခဲ့သည့္ ကေလးငယ္စုစုေပါင္း (၅၀)ဦးေက်ာ္ရွိၿပီျဖစ္ေၾကာင္း ေဒၚသီတာယုမြန္က ဆိုသည္။
“ဒီေန႔အထိဆိုရင္ ကြၽန္ေတာ္တို႔ျပန္ကယ္ထားတာ (၅၀)ေလာက္ရွိၿပီ။ (၅၀)ေတာင္ေက်ာ္ရင္ေက်ာ္မယ္။ ကြၽန္ေတာ္တို႔မွာက ၿမိဳ႕ပတ္ပတ္လည္ ဂိတ္ရွိေနတဲ့အခါက်ေတာ့ တစ္ေယာက္မိၿပီဆိုရင္ သူတို႔ကိုစစ္လိုက္တဲ့အခါက်ရင္ ကြၽန္ေတာ္တစ္ေယာက္တည္း မဟုတ္ဘူး။ ကြၽန္ေတာ္တို႔သြားမွာ ဘယ္ႏွေယာက္ဆိုၿပီး သြားမယ့္လူေတာ့ေတြ႕တာေပါ့။ ေနာက္လိုက္မယ့္လူေတြရွိေသးတယ္။ ဘယ္သူ။ ဘယ္သူဆိုၿပီး သူတို႔နဲ႔အတူမလိုက္ပဲ ေနာက္လိုက္မယ့္ကေလးေတြသြားေခၚ။ ၿပီးေတာ့ ေသခ်ာဆုံးမ စည္း႐ုံးရတာေပါ့။ အဓိကကေတာ့ ေတာ္ေတာ္ငယ္ေသး အသက္မျပည့္ေသးတာေတြေပါ့။ ေက်ာင္းလည္းတက္ေနတယ္။ မနက္အေစာႀကီးေက်ာင္းသြားမယ္ဆိုၿပီးေတာ့ ထြက္ခဲ့တာကိုး။ လြယ္အိတ္နဲ႔က (၂)ေယာက္ပါတယ္။ (၁၃)ႏွစ္က အႀကီးဆုံးဆိုေပမယ့္ ဒီ(၁၃)ႏွစ္က ေက်ာင္းမေနေတာ့ဘူး။ မိဘရဲ႕စီးပြားေရးေၾကာင့္ေနမွာေပါ့။ ေက်ာင္းမေနႏိုင္ေတာ့ အလုပ္လုပ္ေနတာေပါ့။ ေဆးသုပ္ေနတယ္ေျပာတယ္။ မေန႔က ဇြန္လ (၁၈) ရက္မွာမိတာ။ မေန႔က (၆) ေယာက္မိတာ။ အဲဒါေတာင္ပဲ ကေလးေတြက လမ္းမွားေနလို႔သာလွ်င္မေရာက္သြားတ။ အဲဒီမွာ (၂) ပတ္ေလာက္ျဖစ္ေနေတာ့ ကင္းပုန္းဝပ္ေနတဲ့ဘက္ကိုေရာက္လာတာ။ အဲဒီမွာ အဖြဲ႕က မသကၤာလို႔ေမးၾကည့္ေတာ့မွ သူတို႔ ဟိုဘက္ကိုသြားမယ္ဆိုေတာ့မိတာ”ဟု ၎ကေျပာသည္။
လက္ရွိတြင္ PDFအဖြဲ႕၏ ၿခိမ္းေျခာက္စည္း႐ုံးခံရေသာ ကေလးငယ္မ်ားကို ျမင္းၿခံျပည္သူ႔စစ္က ဆက္လက္ထိန္းသိမ္းထားၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ား၊ မိဘမ်ားႏွင့္ခ်ိတ္ဆက္ကာ ကေလးငယ္မ်ား၏ အနာဂတ္အတြက္ ျပန္လည္ေက်ာင္းတက္ႏိုင္ေရး ဆက္လက္ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“အခုကလည္း ကြၽန္မကလည္း နည္းနည္းေလးအလုပ္ရႈပ္ေနတဲ့အတြက္ ၿပီးမွပဲမိဘေတြေခၚမယ္။ သက္ဆိုင္ရာေခၚမယ္ ၿပီးရင္ေက်ာင္းျပန္ေနေအာင္ေျပာေပးမယ္။ ဒီနားမွာေနလို႔ နည္းနည္းလည္းေျပာျပရမယ့္အခါက်ေတာ့ အေၾကာက္တရားေလးလည္းေျပာျပေတာ့ မေန႔ကေတာ့ ေက်ာင္းလုံးဝမေနဘူးေျပာတယ္။ ဒီမွာပဲေနမယ္တဲ့။ ဒီေန႔က်ေတာ့ နည္းနည္းေလးစိတ္ေျပာင္းတယ္။ ျပန္ေမးေတာ့ ေက်ာင္းျပန္ေနမလားဆိုေတာ့ ေက်ာင္းျပန္ေနမယ္တဲ့”ဟု ေဒၚသီတာယုမြန္က ေျပာသည္။

Related news

© 2021. All rights reserved.