Thai Festival 2025 in Yangonပွဲတော်တွင် Thiland Privilege၏ Elite Visaလည်းဝင်ရောက် မိတ်ဆက်

 195

(NP News)-ဇွန် ၂၂
သီးချင်းဆိုပြိုင်ပွဲနှင့် ဆိုင်ခန်းပေါင်း (၆၀) ဝန်းကျင်ပါဝင်သော Thai Festival 2025 in Yangonပွဲတော်တွင် Thiland Privilege၏ Elite Visaလည်းဝင်ရောက် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ယမန်နေ့(ဇွန်လ ၂၁ရက်)ကစတင်ကျင်းပခဲ့ပြီး ယနေ့(ဇွန်လ ၂၂ရက်) အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပွဲတော်ကြီးအတွင်ထိုင်းနိုင်ငံ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနအောက်ရှိ Thailand Privilege Co.,Ltdကုမ္ပဏီကလည်း Elite Visaကို လာရောက်မိတ်ဆက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“White Culture ကုမ္ပဏီကပေါ့နော်။ ဒီနေ့က Novotel Hotelမှာ Thiland Privilegeပေါ့နော်။ ထိုင်းနိုင်ငံရဲ့ Elite Visaကို ခရီးသွား ဝန်ကြီးဌာန အောက်မှာရှိတဲ့ Elite Visaကို လာရောက်မိတ်ဆက်ပေးတာပါ။ သူ့ကတော့ Long Term Visaတွေပေါ့နော်။ Long Term Visaတွေဖြစ်တဲ့ အတွက်ကြောင့်မို့ (၅)နှစ် (၁၀)နှစ်၊ (၁၅)နှစ်နဲ့ နှစ်(၂၀)ဆိုပြီးရှိပါတယ်။ အဲဒီထဲမှာက အနည်းဆုံး(၅)နှစ်ကနေ ပြီးတော့မှ အများဆုံး (၁၅)နှစ်၊ နှစ်(၂၀)အထိရှိတယ်ပေါ့နော်။ ပြီးသွားတော့ သူ့ရဲ့အားသာချက်တွေကတော့ သူများနဲ့မတူဘဲ ရိုးရိုး Visaမျိုး မဟုတ်ဘူး။ luxury Visaမျိုးဖြစ်တယ်။လေဆိပ်ကနေထွက်တာနဲ့ လမ်းတောင်လျှောက်စရာမလိုပဲနဲ့ ဘက်ကီကားနဲ့သွားရတာမျိုး။ ပြီးရင် Private အပြည့်ရတာမျိုး။ Immigrationမှာဆိုရင်လည်း တန်းစီစရာမလိုပဲနဲ့ Priority passနဲ့သွားတာပေါ့နော်။ အဲဒီလိုမျိုးတွေနဲ့ နေရာအလိုက် ကူညီဆောင်ရွက်ပေးတာမျိုးတွေအများကြီးပေါ့နော်။ ပြီးတော့ ဒီVisaကိုင်ဆောင်ထားတဲ့လူဆိုရင် သူနဲ့ Collectလုပ် ထားတဲ့ စားသောက်ဆိုင်တွေ။ ပြီးသွားရင် ဂေါက်ကွင်းတွေဆိုရင်လည်း ဈေးတွေအများကြီးလျှော့ပေးထားတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ ပွဲတော်ကြီးတွင် ထိုင်းအစားအစာများနှင့် အဖျော်ရည်များ၊ အလှကုန်ပစ္စည်းများနှင့် ဖက်ရှင်များ၊ ခရီးသွားဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးဆိုင်ရာ ရရှိနိုင်မည့် Package များနှင့် ထိုင်းအနုပညာ ဆိုင်ရာပစ္စည်းများကိုလည်း ဆိုင်ခန်း ပေါင်း (၆၀) ဝန်းကျင်ဖြင့် ခင်းကျင်းပြသထားကြောင်း သိရသည်။

Zawgyi Version:
Thai Festival 2025 in Yangonပြဲေတာ္တြင္ Thiland Privilege၏ Elite Visaလည္းဝင္ေရာက္ မိတ္ဆက္
(NP News)-ဇြန္ ၂၂
သီးခ်င္းဆိုၿပိဳင္ပြဲႏွင့္ ဆိုင္ခန္းေပါင္း (၆၀) ဝန္းက်င္ပါဝင္ေသာ Thai Festival 2025 in Yangonပြဲေတာ္တြင္ Thiland Privilege၏ Elite Visaလည္းဝင္ေရာက္ မိတ္ဆက္ျပသခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕ရွိ Novotel Yangon Max Hotel တြင္ ယမန္ေန႔(ဇြန္လ ၂၁ရက္)ကစတင္က်င္းပခဲ့ၿပီး ယေန႔(ဇြန္လ ၂၂ရက္) အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ယင္းပြဲေတာ္ႀကီးအတြင္ထိုင္းႏိုင္ငံ ဟိုတယ္ႏွင့္ခရီးသြားဝန္ႀကီးဌာနေအာက္ရွိ Thailand Privilege Co.,Ltdကုမၸဏီကလည္း Elite Visaကို လာေရာက္မိတ္ဆက္ျခင္းျဖစ္ေၾကာင္း တာဝန္ရွိသူတစ္ဦးက ဆိုသည္။
“White Culture ကုမၸဏီကေပါ့ေနာ္။ ဒီေန႔က Novotel Hotelမွာ Thiland Privilegeေပါ့ေနာ္။ ထိုင္းႏိုင္ငံရဲ႕ Elite Visaကို ခရီးသြား ဝန္ႀကီးဌာန ေအာက္မွာရွိတဲ့ Elite Visaကို လာေရာက္မိတ္ဆက္ေပးတာပါ။ သူ႔ကေတာ့ Long Term Visaေတြေပါ့ေနာ္။ Long Term Visaေတြျဖစ္တဲ့ အတြက္ေၾကာင့္မို႔ (၅)ႏွစ္ (၁၀)ႏွစ္၊ (၁၅)ႏွစ္နဲ႔ ႏွစ္(၂၀)ဆိုၿပီးရွိပါတယ္။ အဲဒီထဲမွာက အနည္းဆုံး(၅)ႏွစ္ကေန ၿပီးေတာ့မွ အမ်ားဆုံး (၁၅)ႏွစ္၊ ႏွစ္(၂၀)အထိရွိတယ္ေပါ့ေနာ္။ ၿပီးသြားေတာ့ သူ႔ရဲ႕အားသာခ်က္ေတြကေတာ့ သူမ်ားနဲ႔မတူဘဲ ႐ိုး႐ိုး Visaမ်ိဳး မဟုတ္ဘူး။ luxury Visaမ်ိဳးျဖစ္တယ္။ေလဆိပ္ကေနထြက္တာနဲ႔ လမ္းေတာင္ေလွ်ာက္စရာမလိုပဲနဲ႔ ဘက္ကီကားနဲ႔သြားရတာမ်ိဳး။ ၿပီးရင္ Private အျပည့္ရတာမ်ိဳး။ Immigrationမွာဆိုရင္လည္း တန္းစီစရာမလိုပဲနဲ႔ Priority passနဲ႔သြားတာေပါ့ေနာ္။ အဲဒီလိုမ်ိဳးေတြနဲ႔ ေနရာအလိုက္ ကူညီေဆာင္႐ြက္ေပးတာမ်ိဳးေတြအမ်ားႀကီးေပါ့ေနာ္။ ၿပီးေတာ့ ဒီVisaကိုင္ေဆာင္ထားတဲ့လူဆိုရင္ သူနဲ႔ Collectလုပ္ ထားတဲ့ စားေသာက္ဆိုင္ေတြ။ ၿပီးသြားရင္ ေဂါက္ကြင္းေတြဆိုရင္လည္း ေဈးေတြအမ်ားႀကီးေလွ်ာ့ေပးထားတယ္”ဟု ၎ကေျပာသည္။
အဆိုပါ ပြဲေတာ္ႀကီးတြင္ ထိုင္းအစားအစာမ်ားႏွင့္ အေဖ်ာ္ရည္မ်ား၊ အလွကုန္ပစၥည္းမ်ားႏွင့္ ဖက္ရွင္မ်ား၊ ခရီးသြားဝန္ေဆာင္မႈမ်ား၊ ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ား၊ က်န္းမာေရးဆိုင္ရာ ရရွိႏိုင္မည့္ Package မ်ားႏွင့္ ထိုင္းအႏုပညာ ဆိုင္ရာပစၥည္းမ်ားကိုလည္း ဆိုင္ခန္း ေပါင္း (၆၀) ဝန္းက်င္ျဖင့္ ခင္းက်င္းျပသထားေၾကာင္း သိရသည္။

© 2021. All rights reserved.