ဇန်နဝါရီမကုန်မီ ငလျင်ဒဏ်ရာအမာရွတ်တွေပျောက်ဖို့ ရှိနေတဲ့ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး

236

သုတကျော် (NP News) - ဒီဇင်ဘာလ ၁၁
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သည့် (၂ဝ၂၅)ခုနှစ် မတ်လ (၂၈)ရက်ကို မြန်မာနိုင်ငံသား များ မည်သည့်အခါတွင်မျှမေ့နိုင်တော့မည်မဟုတ်ပေ။ ယင်းငလျင်ကြီးလှုပ်ခတ်အပြီးတွင် ငလျင်လှုပ် ခတ်နေသောမြင်ကွင်းများ၊ ထိခိုက်ပျက်စီးခဲ့ရသော မြင်ကွင်းများမှာ အင်တာနက်လူမှုကွန်ရက်များထက် တွင် ပျံ့နှံ့လာခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မှ ငလျင်ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရသောမြင် ကွင်းများလည်းပါဝင်ခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောလမ်းမကြီးဖြစ်ပြီး (၃၃၆)မိုင် (၃)ဖာလုံအရှည်ရှိကာ မြို့နယ်ပေါင်း (၂၂)မြို့နယ်ကို ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ် သည်။ လမ်းမကြီးတွင် ရန်ကုန်-နေပြည်တော် လမ်း ပိုင်းကို (၂ဝဝ၉)ခုနှစ် မတ်လ(၂၅)ရက်ကလည်း ကောင်း၊ နေပြည်တော်-စကားအင်းလမ်းပိုင်းကို (၂ဝ၁၀)ပြည့်နှစ် ဒီဇင်ဘာ(၂၉)ရက်ကလည်း ကောင်း၊ စကားအင်း-တံခွန်တိုင်(မန္တလေး)လမ်း ပိုင်းကို (၂ဝ၁၁)ခုနှစ် ဒီဇင်ဘာ (၂၃) ရက်တွင်လည်း ကောင်း ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်-နေပြည်တော်-မန္တလေးကို ဆက်သွယ်ထားသော အဆိုပါ လမ်းမကြီးသည် ကန့် လန့်ဖြတ်လမ်းမရှိသော အမြန်လမ်းမကြီးဖြစ်ပြီး ပြည်ထောင်စုလမ်းဖြင့် (၁၆)နာရီခန့် ၊ ရထားလမ်းဖြင့် (၁၃)နာရီခန့်ကြာမည့်ခရီးကို အချိန်တိုအတွင်း လိုရာ သို့ လျင်မြန်စွာသွားလာနိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့ သည်။
ယင်းသို့အကျိုးပြုသောလမ်းမကြီးသည် မန္တလေးငလျင်ကြီးကြောင့် အစိတ်အပိုင်းများတွင် ပျက်စီးမှုများရှိခဲ့သည်။ ငလျင်ဗဟိုချက်မှာ မန္တလေး မြို့နှင့် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့ခြင်း ဖြစ်ရာ ကူညီ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် ယင်းအချိန်ကထိခိုက်ခဲ့သော အမြန်လမ်းမကြီး သည်ပင် အရေးပါသောလမ်းတစ်ခု ဖြစ်လာခဲ့၏။
" ကျွန်တော်တို့က အခု ငလျင်လှုပ်သွားတဲ့နောက်ပိုင်းပေါ့။ အဓိက ငလျင်ဒဏ်ကို အဓိက ထိသွားတာက မိုင်(၈၀)နဲ့ မိုင်(၂၀ဝ)ကြားပေါ့။ အဲဒီ နေရာကြားထိသွားတယ်။ ဆိုးဆိုးရွားရွားထိသွားတာ ပေါ့။ အဲဒီကြားထဲက အပိုင်းနောက်တစ်ခု မန္တလေး ဘက်ပိုင်းမှာဆိုရင် မိုင်(၃၃၀)ကနေ(၃၅၂)အထိ တစ်ပိုင်း၊ အဲဒီကနေပြီးတော့မှ တစ်ခါ(၃၅၂)ဆိုရင် လေဆိပ်စကားအင်းအဝိုင်းလေ။ စကားအင်းဝိုင်းက နေ ဒီဘက် မန္တလေးတံခွန်တိုင်အဝိုင်းပေါ့။ အဝိုင်းအ ထိ အဲဒီအပိုင်းထဲမှာလည်း ထိသွားတယ်ပေါ့။ ဒါပေမဲ့ အဲဒီအပိုင်း မန္တလေးစကားဝိုင်းနဲ့တံခွန်တိုင်အဝိုင်း ကြားကတော့ ဒုဋ္ဌဝတီတံတားပါကျိုးသွားတဲ့အတွက် ကြောင့် တောက်လျှောက်အဆက်အသွယ်သွားလို့မရတော့ဘူးပေါ့"ဟု ငလျင်အပြီးအခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
တာဝန်ရှိသူများက အမြန်ဆုံး သွားလာနိုင် ရေးဆောင်ရွက်ခဲ့ရာ အမြန်လမ်းမကြီးသည် ထင်ထား သည်ထက် ပိုမိုမြန်ဆန်စွာအသုံးပြုနိုင်ခဲ့ပြီး ယခင်ကဲ့ သို့မဟုတ်သည့်တိုင် ငလျင်ကူညီ၊ ကယ်ဆယ်ရေးသ မားများအသုံးပြုနိုင်ခဲ့ကြသည်။ သို့သော် ယင်းသို့ အမြန်လမ်းမကြီးတွင် ယာဉ်သွားလာမှုများအဆင်ပြေ စေရန်ဆောင်ရွက်ရာတွင် တာဝန်ရှိသူများအတွက် မလွယ်ကူလှပါ။ ပြတ်တောက်နေသောလမ်းပိုင်းကို ချိတ်ဆက်နိုင်ရန် အားကုန်သုံးပြီး ပြင်ဆင်ခဲ့ကြခြင်း ဖြစ်သည်။
" အဲဒီမှာ ကျွန်တော်တို့က ကျိုးသွားတဲ့ လမ်းတွေ Connection တွေ တချို့အပိုင်းတွေ ပြတ်တောက်သွားတယ်။ ပဲခူးပိုင်း၊ မန္တလေးပိုင်းတွေ ပြတ်တောက်သွားတဲ့အချိန်မှာ ဒါတွေကို အမြန်ဆုံး Connection ရဖို့ကြိုးစားတာပေါ့။ အချက်တွေ ကောက်လိုက်တော့ ဘယ်အပိုင်းတွေဖွင့်နိုင်မလဲ။ စက်တွေနဲ့ ယာယီပြင်ဆင်ခြင်းနည်းလမ်းနဲ့ရှိတဲ့ စက် ယန္တရားအကုန်ထုတ်ပြီးတော့၊ နေပြည်တော်ရုံးချုပ် က စက်ယန္တရားရှိသမျှဟာ အကုန်ထုတ်ပြီးတော့ ယာ ယီနည်းလမ်းနဲ့တော့ ကျွန်တော်တို့ကလုပ်ခဲ့တာပေါ့" ဟု အမြန်လမ်းကို လျင်မြန်စွာအသုံးပြုနိုင်ရန် ကြိုး စားခဲ့ကြပုံအကြောင်းကို အထက်ပါတာဝန်ရှိသူက ပြန်ပြောင်းပြောပြသည်။
ငလျင်ကြောင့်ထိခိုက်ခဲ့ရသောလမ်းပိုင်း များအတွက် ကျောက်သားမြေဖြည့်ရန်လိုသည်များ ကို ဖြည့်၊ ငလျင်ကြောင့် လမ်းသားကျိုးသွားသည့်နေရာ များကိုချိုး စသည်ဖြင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြ ရသည်။
" မြန်မြန်ဆန်ဆန်နဲ့ချောမွေ့သွားတယ်။ ဒါပေမဲ့ သူကကျတော့ ရေရှည်ကTraffic များတဲ့ အတွက် မကြာခဏပြန်ပွင့်တာ၊ ပြန်ပေါက်တာ ကျောက်တွေပွတာ အဲဒါတွေက တောက်လျှောက် လိုက်ပြီးထိန်းသိမ်းရတာမလွယ်ဘူးပေါ့"ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။
ယာယီသွားလာနိုင်အောင်ဆောင်ရွက်ထား ပြီးသည့်တစ်ဖက်တွင်လည်း အမြန်လမ်းမကြီးကို ယခင်ကဲ့သို့မဟုတ်သည့်တိုင် ယခင်အတိုင်းနီးပါးသွား လာနိုင်ရန်အတွက် ပြင်ဆင်သည့်လုပ်ငန်းများကို လည်းဆောင်ရွက်ကြရသည်။ အချို့နေရာများတွင် လမ်းပိုင်းက ဆိုးဆိုးရွားရွားပျက်စီးသည်ဖြစ်ရာ ကွန် ကရစ်သားကို မြေသားအထိဖောက်ထုတ်ပြင်ဆင်ရ ခြင်းများလည်းရှိသည်။
" လမ်းကလည်း အလုပ် Sequent က မြေကြီးကနေစလုပ်ရတာဆိုတော့ အရင်သွားလာမှုအ နေနဲ့ကတော့ နည်းနည်း အဆင်မပြေဖြစ်တာလေး တော့ရှိတယ်ပေါ့။ ခရီးသွားပြည်သူအနေနဲ့ လုပ်ငန်း ဆောင်ရွက်တဲ့ကာလမှာတော့ နည်းနည်းသည်းခံပြီး တော့သွားပေးဖို့ပေါ့။ အဲဒါအပြင်ကို လမ်းတွေက လည်း ငလျင်လှုပ်သွားတဲ့အရှိန်နဲ့ တချို့လမ်းတွေက လောလောဆယ်မှာကောင်းနေပေမယ့် နိမ့်ကျသွား တာမျိုးတွေရှိ တယ်။ ထိသွားတော့ အောက်မှာတစ်ခု လှုပ်လိုက်တဲ့အခါကျတော့ အောက်မှာနည်းနည်းဟာ သွားတာပေါ့။ ဟာသွားတဲ့အချိန်က ချက်ချင်းလေး တော့မကျဘူး။ တင်းခံနေတယ်။ ခဏနေမှ နိမ့်ကျ သွားတာမျိုးပေါ့။ အဲဒါမျိုးတွေလည်း မငြိမ်သေးဘဲနဲ့ မကြာခဏကျတဲ့ဟာလည်းရှိတဲ့အတွက်ကြောင့် ကျွန်တော်ခုနကပြောတဲ့ ငလျင်ဒဏ်ထိရှိတဲ့အပိုင်း လေးတွေမှာ သွားတဲ့လမ်းအသုံးပြုတဲ့လူတွေအနေနဲ့ အဲဒီလိုအပိုင်းတွေမှာ နည်းနည်းဂရုပြုပြီးတော့ သွား စေချင်ပါတယ်"ဟု ၎င်းကအကြံပြုသည်။
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကိုတွေ့နိုင်ပါလိမ့် မည်။ အမြန်လမ်းမကြီးသည် အသွား၊ အလာများသော လမ်းမကြီးဖြစ်သောကြောင့် ရသည့်အချိန်တွင် လမ်းပိုင်းကို တစ်ခြမ်းပိတ်ကာပြင်ဆင်နေကြသည် ဖြစ်သောကြောင့်လည်း ခရီးသွားယာဉ်များ သည်းခံပြီး မောင်းနှင်ပေးကြရန်လည်း ၎င်းက တစ်ဆက်တည်း ဆိုသည်။
" ကျွန်တော်တို့က လမ်းဘေးမှာ လမ်းလွှဲ ပေးလိုက်ရင်လည်း အမြန်လမ်းအနေနဲ့ Traffic က အရမ်းများတော့ လမ်းလွှဲကလည်းအဆင်မပြေဘူး။ ဖုန်တထောင်းထောင်းနဲ့ဆိုတော့ ကျွန်တော်တို့က တစ်ခြမ်းစီပေါ့။ တစ် Lane ကနေ တစ် Lane ပိတ် ပိတ်ပြီးတော့ပြင်နေကြတာပေါ့။ အဲဒီတော့ လုပ်ငန်း ခွင်ဧရိယာထဲမှာကော ခုနက ငလျင်ဒဏ်ထိထားတဲ့ အပိုင်းတွေမှာလည်း နည်းနည်းဂရုစိုက်ပြီးသည်းခံပြီး မောင်းပေးကြဖို့ပြောချင်တာပါ။ အဲဒါကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်ကျတော့ အ ရမ်းကြီးကျိုးသွားတဲ့ဟာတွေဖြစ်သွားတဲ့နေရာတွေကို ဖောက်ပြင်ရင်တော့ ကွန်ကရစ်တွေပြီးသွားပြီ။ ဇန်န ဝါရီလလယ်လောက်ကိုအပြီး ဒါတွေတော့ပြင်လိုက် မှာပေါ့" ဟု ၎င်းကဆိုသည်။
ငလျင်ကြောင့်ထိခိုက်ခဲ့သောလမ်းပိုင်းများ ရှိသကဲ့သို့ တံတားများလည်းရှိခဲ့သည်။ ဆွာချောင်းတံ တားမှာ အသွားတံတားတစ်စင်း၊ အပြန်တံတားတစ် စင်းရှိသည့်အနက် တံတားတစ်စင်းပျက်စီးသွားသည် ဖြစ်ရာ အသွားနှင့်အလာ နှစ်လမ်းစလုံးအတွက် တံတားတစ်စင်းတည်းကိုသာသုံးနေရပြီး ကျန်တစ်စင်း ကိုဆောက်လုပ်နေသည်။ ဒုဋ္ဌဝတီတံတားမှာလည်း ပြန်လည်တည်ဆောက်ရမည့်အခြေအနေဖြစ်သည်။
" ဆွာချောင်းတံတားကတော့ ဒီနှစ် ဘက် ဂျက်နဲ့ ပြီးအောင်လုပ်နေပါတယ်။ အခုလက်ရှိက တံတားနှစ်စင်းမှာ တစ်စင်းကကျိုးသွားတယ်ပေါ့နော်။ (ရန်ကုန်ဘက်) အပြန်လမ်းကဟာက သုံးလို့မရတော့ လို့ အပြန်လမ်းကို အသစ်ဆောက်နေရတာပေါ့နော်။ အပြန်လမ်းအသစ်ဆောက်နေရတဲ့ဟာကို ဒီနှစ် ဘက်ဂျက်အပြီး ရန်ပုံငွေလျာထားပြီးတော့ အပြီး ဆောင်ရွက်နေကြပါတယ်။ ဒါပေမဲ့ ဒီအသွားလမ်းက တံတားကလည်း နှစ် Lane ရှိတာကို တစ် Lane ထဲပေးဖြတ်ပြီးတော့ထိန်းထားတဲ့အတွက် အောက်က လည်းဒေါက်တွေထောက်ထိန်းပေးထားတဲ့ဆိုပေမယ့် အဲဒီတံတားကလည်း ပြန်ဆောက်ရမယ့်အနေအထား ပါ။ အဲဒီတော့ ကျွန်တော်တို့က ဒီဘက်တစ်ခြမ်း အ ပြန်လမ်းကို ဒီနှစ်ပြီးအောင်ဆောက်ပြီးတော့ အပြန် လမ်းကိုဖွင့်ပေးမှာပေါ့။ ဖွင့်ပေးပြီးရင်လည်း အသွား လမ်းလည်း ပြန်ပြီးတော့လုပ်ရမှာဖြစ်နေတယ်။ ဒါပေ မဲ့ အပြန်လမ်းဖွင့်လိုက်ရင်တော့ နှစ် Lane ဖွင့်မယ် ဆိုရင်တော့ အရင်ကထက်စာရင်တော့ Traffic မဖြစ်တော့ဘူး။ နည်းနည်း နည်းသွားမှာပေါ့"ဟု ၎င်းက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယခု ဘဏ္ဍာနှစ်ကုန်ခန့်တွင် ငလျင်မတိုင်မီကအခြေ အနေအထိရောက်ရှိနိုင်စေရန် ရည်မှန်းဆောင်ရွက် နေခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင်လည်း ရန် ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ငလျင်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့သောနေရာများကို ပြုပြင်ထား ပြီးဖြစ်သည်။
" ကျွန်တော်တို့မှန်းထားတာတော့ ဒီနှစ် ဘတ်ဂျက်ကုန်လောက်မှာ ငလျင်မလှုပ်ခင်က အနေ အထားလေးဖြစ်အောင်လုပ်နေပါတယ်။ ကျွန်တော် တို့တော့ သဘာဝဘေးရန်ပုံငွေနဲ့ သုံးပိုင်း ပထမဦး စားပေး၊ ဒုတိယဦးစားပေး၊ တတိယဦးစားပေးဆိုပြီး သုံးပိုင်းလုပ်ထားပေးပါတယ်။ ပြီးတော့ ပထမဦးစား ပေးမှာ မဖြစ်မနေလုပ်ရမယ့်ဟာတွေ ဆိုးဆိုးရွားရွားဖြစ်မယ့်ဟာတွေကတော့အကုန်ပါသွားပါပြီ။ ကျွန် တော်တို့လုပ်နေပါပြီ။ အဲဒီလုပ်ငန်းတွေလည်း ကျွန် တော်တို့က ဇန်နဝါရီလလယ်လောက်ကို အပြီးလုပ်ဖို့ Target ထားပြီးလုပ်ထားပါတယ်"ဟု ၎င်းကဆို သည်။
ငလျင်အပြီး အမြန်လမ်းမကြီးနှင့်ပတ် သက်၍ ကားသမားများ အပြောအများဆုံးအချက်မှာ တံတားအတက်နှင့်အဆင်းများတွင် နိမ့်ကျခြင်းများ ရှိခဲ့ခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်၍လည်း ဝန်ကြီး ဌာနဘက်က လက်ရှိတွင် ပြေပြစ်စေရန်ဆောင်ရွက် နေပြီး ထပ်မံလည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အမြန်လမ်းတွင် လှိုင်းများရှိနေခြင်း အတွက်လည်း ပြင်ဆင်ရန်အစီအစဉ်များရှိနေသည်။
တစ်ဖက်တွင်လည်း အမြန်လမ်းမကြီးကို လေးလမ်းသွား AC ကတ္တရာလမ်းမကြီးအဖြစ်အဆင့် မြှင့်တင်မည့်စီမံကိန်းရှိနေ၏။ အမြန်လမ်းမကြီးကို အဆင့်မြှင့်တင်ရန် လုပ်ငန်းများဆောင်ရွက်နေသည် ဖြစ်ရာ ယင်းသည်လည်း လိုအပ်သောလုပ်ငန်းတစ်ခု ဖြစ်သည်။
" လေးလမ်းသွား AC ဖြစ်အောင် ဆက် လုပ်နေတာ။ လေးလမ်းသွား AC ကို ငါးနှစ်စီမံချက် လုပ်နေတာ။ ငါးနှစ်စီမံချက်က ဘယ်နှစ်နောက်ဆုံးလဲ ဆိုတော့ (၂ဝ၃ဝ-၃၁)ဘဏ္ဍာနှစ်မှာ အပြီးလုပ်ဖို့တော့ ကျွန်တော်တို့ ရည်မှန်းချက်ထားပြီးလုပ်နေပါတယ်။ အဲဒီမှာ ကျွန်တော်တို့က လက်ရှိအခြေအနေအရဆို ရင် အမြန်လမ်း(၃၆၅)မိုင် (၃)ဖာလုံ လမ်းဦးစီးတာ ဝန်ယူတာ တကယ်ရှိတာကတော့ (၃၆၆)မိုင် (၃)ဖာ လုံပေါ့။ ဟိုဘက်ကတစ်မိုင်ကျတော့ မန္တလေးမြို့တော် စည်ပင်ကတာဝန်ယူတာပေါ့။ ကျွန်တော်တို့က (၃၆၅)မိုင် (၃)ဖာလုံတာဝန်ယူတယ်။ (၃၆၅)မိုင် (၃)ဖာလုံမှာ ဒီနှစ် ဘတ်ဂျက်ကုန်တဲ့အထိဆိုရင် ကျွန် တော်တို့က (၄၉၆ )မိုင်လောက်ကျန်ဦးမှာ။ ကျန်ဦးမှာ ဆိုတာ ဒီလိုရှုပ်သွားမှာစိုးလို့ ကျွန်တော်တို့ရှိတာက (၃၆၅)မိုင်(၃)ဖာလုံ။ အဲဒါက လမ်းအနေနဲ့ကျတော့ အသွားလမ်း၊ အပြန်လမ်း နှစ်ဖက်ရှိတဲ့ဟာကျတော့ လေ။ စုစုပေါင်း မိုင် (၇၃၀)နဲ့ (၆)ဖာလုံဖြစ်သွား တာပေါ့။ (၇၃ဝ) (၆)ဖာလုံမှာ ဒီနှစ်ဘတ်ဂျက်အကုန် ထိခင်းပေးမှာက ခင်းပြီးရင် ဒီနှစ်ဘတ်ဂျက်ပြီးရင် ဘယ်လောက်ထပ်ကျန်မလဲဆိုတော့ (၄၉၆)မိုင်၊ မိုင် (၅၀ဝ)လောက်ကျန်မယ်။ အဲဒီမိုင် (၅ဝဝ)ကို ငါးနှစ် စီမံကိန်းနဲ့ တစ်နှစ်ကို ပျမ်းမျှ မိုင်(၁၀ဝ)လောက် တည့်ပြီးခင်းဖို့တော့အစီအစဉ်ချနေပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။
အမြန်လမ်းမကြီးနှင့်ပတ်သက်၍ လမ်း ဘေးဝဲယာနှင့် လမ်းလယ်ကျွန်းတို့တွင် သစ်ပင်များ ထပ်မံတိုးမြှင့်စိုက်ပျိုးရန်လည်း အစီအစဉ်ရှိနေသည်။ ယခင်က အမြန်လမ်းမကြီးမှသွားလျှင် ကြည့်စရာမရှိ ဆိုသောအနေအထားမှ စိမ်းစိုသောမြင်ကွင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲလာပြီဖြစ်ကြောင်းကိုကား အားလုံး မျက်မြင်ပင်ဖြစ်သည်။ ထို့ထက် ပိုမိုစိမ်းလန်း ရန်ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းသို့ အမြန်လမ်းနှင့်ပတ်သက်၍ ဝန် ကြီးဌာနဘက်ကဆောင်ရွက်နေသော်လည်း တစ်ဖက် တွင် ပြည်သူများဘက်က မိမိတို့ပိုင်သောအမြန်လမ်း မကြီးအတွက် လိုက်နာစရာများရှိနေပါသေးသည်။ ယင်းတို့အနက် အဓိကအရေးကြီးမှာ အမှိုက်ပြဿနာ ဖြစ်သည်။ ငလျင်မတိုင်မီကလည်း အမြန်လမ်းမကြီး ဝဲ၊ ယာတွင် အမှိုက်များရှိနေပြီး ငလျင်အပြီး ပြန်လည် ပြင်ဆင်နေသော အမြန်လမ်းမကြီး ဝဲ၊ ယာ တွင် အမှိုက်များက နေရာယူထားဆဲဖြစ်သည်။ "ကျွန် တော်တို့မှာ ဘာပြဿာနာတွေ့လဲဆိုတော့ အမှိုက်တ အားပစ်ကြတယ်။ အမှိုက်က ဒီနေ့ကောက် နောက်နေ့ ဆိုဖွေးနေတာပဲ တော်တော်ဆိုးပါတယ်။ များသော အားဖြင့် ပိတ်ရက်ဆိုရင်ပိုဆိုးတယ်။ လမ်းအသုံးပြုသူ အနေနဲ့လည်း ဒါလေးတွေ စည်းကမ်းရှိရှိလေးလုပ် ပေးကြဖို့ပြောချင်ပါတယ်"ဟု ၎င်းက အကြံပြုသည်။
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးသည် မြန်မာနိုင်ငံအတွက် အရေးကြီးသောလမ်းမကြီး တစ် လမ်းဖြစ်ပါသည်။ တစ်ဖက်တွင်လည်း မလိုလားသူ သူပုန်များက ယင်းလမ်းပိုင်းကိုသွားလာရာတွင် စိုးရိမ် စိတ်ဖြစ်စေရန်ဆောင်ရွက်နေကြသော်လည်း ယင်း သည်လည်း ယာယီမျှသာဆောင်ရွက်နိုင်ခြင်းဖြစ် ကြောင်း မြေပြင်အခြေအနေကသက်သေပြထား နိုင်ပြီဖြစ်သည်။
တစ်ဖန် ယင်းလမ်းမကြီးသည် ပြည်သူပိုင် ဖြစ်ရာ ပြည်သူများကလည်း အမြန်လမ်းမကြီးအ တွက် ထိန်းသိမ်းစောင့်ရှောက်ပေးရန်လိုအပ်ပါသည်။ အကယ်၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမရှိခဲ့ လျှင် လမ်းပန်းဆက်သွယ်ရေးတို့မှာလည်း လိုအပ် သည်ထက် ပိုမိုကြန့်ကြာသောအခြေအနေကို ကြုံရ မည်ဆိုခြင်းမှာ မြေကြီးလက်ခတ်မလွဲပါပေ။

Zawgyi Version:
ဇန္နဝါရီမကုန္မီ ငလ်င္ဒဏ္ရာအမာ႐ြတ္ေတြေပ်ာက္ဖို႔ ရွိေနတဲ့ ရန္ကုန္ - မႏၲေလး အျမန္လမ္းမႀကီး
သုတေက်ာ္ (NP News) - ဒီဇင္ဘာလ ၁၁
မႏၲေလးငလ်င္ႀကီးလႈပ္ခတ္ခဲ့သည့္ (၂ဝ၂၅)ခုႏွစ္ မတ္လ (၂၈)ရက္ကို ျမန္မာႏိုင္ငံသား မ်ား မည္သည့္အခါတြင္မွ်ေမ့ႏိုင္ေတာ့မည္မဟုတ္ေပ။ ယင္းငလ်င္ႀကီးလႈပ္ခတ္အၿပီးတြင္ ငလ်င္လႈပ္ ခတ္ေနေသာျမင္ကြင္းမ်ား၊ ထိခိုက္ပ်က္စီးခဲ့ရေသာ ျမင္ကြင္းမ်ားမွာ အင္တာနက္လူမႈကြန္ရက္မ်ားထက္ တြင္ ပ်ံ႕ႏွံ႔လာခဲ့ရာ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး မွ ငလ်င္ေၾကာင့္ ဆိုးဆိုး႐ြား႐ြားထိခိုက္ခဲ့ရေသာျမင္ ကြင္းမ်ားလည္းပါဝင္ခဲ့သည္။
ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးသည္ ျမန္မာႏိုင္ငံ၏ အသက္ေသြးေၾကာလမ္းမႀကီးျဖစ္ၿပီး (၃၃၆)မိုင္ (၃)ဖာလုံအရွည္ရွိကာ ၿမိဳ႕နယ္ေပါင္း (၂၂)ၿမိဳ႕နယ္ကို ျဖတ္သန္းေဖာက္လုပ္ထားျခင္းျဖစ္ သည္။ လမ္းမႀကီးတြင္ ရန္ကုန္-ေနျပည္ေတာ္ လမ္း ပိုင္းကို (၂ဝဝ၉)ခုႏွစ္ မတ္လ(၂၅)ရက္ကလည္း ေကာင္း၊ ေနျပည္ေတာ္-စကားအင္းလမ္းပိုင္းကို (၂ဝ၁၀)ျပည့္ႏွစ္ ဒီဇင္ဘာ(၂၉)ရက္ကလည္း ေကာင္း၊ စကားအင္း-တံခြန္တိုင္(မႏၲေလး)လမ္း ပိုင္းကို (၂ဝ၁၁)ခုႏွစ္ ဒီဇင္ဘာ (၂၃) ရက္တြင္လည္း ေကာင္း ဖြင့္လွစ္ခဲ့သည္။
ရန္ကုန္-ေနျပည္ေတာ္-မႏၲေလးကို ဆက္သြယ္ထားေသာ အဆိုပါ လမ္းမႀကီးသည္ ကန႔္ လန႔္ျဖတ္လမ္းမရွိေသာ အျမန္လမ္းမႀကီးျဖစ္ၿပီး ျပည္ေထာင္စုလမ္းျဖင့္ (၁၆)နာရီခန႔္ ၊ ရထားလမ္းျဖင့္ (၁၃)နာရီခန႔္ၾကာမည့္ခရီးကို အခ်ိန္တိုအတြင္း လိုရာ သို႔ လ်င္ျမန္စြာသြားလာႏိုင္ရန္ စြမ္းေဆာင္ေပးႏိုင္ခဲ့ သည္။
ယင္းသို႔အက်ိဳးျပဳေသာလမ္းမႀကီးသည္ မႏၲေလးငလ်င္ႀကီးေၾကာင့္ အစိတ္အပိုင္းမ်ားတြင္ ပ်က္စီးမႈမ်ားရွိခဲ့သည္။ ငလ်င္ဗဟိုခ်က္မွာ မႏၲေလး ၿမိဳ႕ႏွင့္ စစ္ကိုင္းၿမိဳ႕အနီးကို ဗဟိုျပဳၿပီးလႈပ္ခတ္ခဲ့ျခင္း ျဖစ္ရာ ကူညီ၊ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ရန္ ယင္းအခ်ိန္ကထိခိုက္ခဲ့ေသာ အျမန္လမ္းမႀကီး သည္ပင္ အေရးပါေသာလမ္းတစ္ခု ျဖစ္လာခဲ့၏။
" ကြၽန္ေတာ္တို႔က အခု ငလ်င္လႈပ္သြားတဲ့ေနာက္ပိုင္းေပါ့။ အဓိက ငလ်င္ဒဏ္ကို အဓိက ထိသြားတာက မိုင္(၈၀)နဲ႔ မိုင္(၂၀ဝ)ၾကားေပါ့။ အဲဒီ ေနရာၾကားထိသြားတယ္။ ဆိုးဆိုး႐ြား႐ြားထိသြားတာ ေပါ့။ အဲဒီၾကားထဲက အပိုင္းေနာက္တစ္ခု မႏၲေလး ဘက္ပိုင္းမွာဆိုရင္ မိုင္(၃၃၀)ကေန(၃၅၂)အထိ တစ္ပိုင္း၊ အဲဒီကေနၿပီးေတာ့မွ တစ္ခါ(၃၅၂)ဆိုရင္ ေလဆိပ္စကားအင္းအဝိုင္းေလ။ စကားအင္းဝိုင္းက ေန ဒီဘက္ မႏၲေလးတံခြန္တိုင္အဝိုင္းေပါ့။ အဝိုင္းအ ထိ အဲဒီအပိုင္းထဲမွာလည္း ထိသြားတယ္ေပါ့။ ဒါေပမဲ့ အဲဒီအပိုင္း မႏၲေလးစကားဝိုင္းနဲ႔တံခြန္တိုင္အဝိုင္း ၾကားကေတာ့ ဒု႒ဝတီတံတားပါက်ိဳးသြားတဲ့အတြက္ ေၾကာင့္ ေတာက္ေလွ်ာက္အဆက္အသြယ္သြားလို႔မရေတာ့ဘူးေပါ့"ဟု ငလ်င္အၿပီးအေျခအေနကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ရွင္းျပသည္။
တာဝန္ရွိသူမ်ားက အျမန္ဆုံး သြားလာႏိုင္ ေရးေဆာင္႐ြက္ခဲ့ရာ အျမန္လမ္းမႀကီးသည္ ထင္ထား သည္ထက္ ပိုမိုျမန္ဆန္စြာအသုံးျပဳႏိုင္ခဲ့ၿပီး ယခင္ကဲ့ သို႔မဟုတ္သည့္တိုင္ ငလ်င္ကူညီ၊ ကယ္ဆယ္ေရးသ မားမ်ားအသုံးျပဳႏိုင္ခဲ့ၾကသည္။ သို႔ေသာ္ ယင္းသို႔ အျမန္လမ္းမႀကီးတြင္ ယာဥ္သြားလာမႈမ်ားအဆင္ေျပ ေစရန္ေဆာင္႐ြက္ရာတြင္ တာဝန္ရွိသူမ်ားအတြက္ မလြယ္ကူလွပါ။ ျပတ္ေတာက္ေနေသာလမ္းပိုင္းကို ခ်ိတ္ဆက္ႏိုင္ရန္ အားကုန္သုံးၿပီး ျပင္ဆင္ခဲ့ၾကျခင္း ျဖစ္သည္။
" အဲဒီမွာ ကြၽန္ေတာ္တို႔က က်ိဳးသြားတဲ့ လမ္းေတြ Connection ေတြ တခ်ိဳ႕အပိုင္းေတြ ျပတ္ေတာက္သြားတယ္။ ပဲခူးပိုင္း၊ မႏၲေလးပိုင္းေတြ ျပတ္ေတာက္သြားတဲ့အခ်ိန္မွာ ဒါေတြကို အျမန္ဆုံး Connection ရဖို႔ႀကိဳးစားတာေပါ့။ အခ်က္ေတြ ေကာက္လိုက္ေတာ့ ဘယ္အပိုင္းေတြဖြင့္ႏိုင္မလဲ။ စက္ေတြနဲ႔ ယာယီျပင္ဆင္ျခင္းနည္းလမ္းနဲ႔ရွိတဲ့ စက္ ယႏၲရားအကုန္ထုတ္ၿပီးေတာ့၊ ေနျပည္ေတာ္႐ုံးခ်ဳပ္ က စက္ယႏၲရားရွိသမွ်ဟာ အကုန္ထုတ္ၿပီးေတာ့ ယာ ယီနည္းလမ္းနဲ႔ေတာ့ ကြၽန္ေတာ္တို႔ကလုပ္ခဲ့တာေပါ့" ဟု အျမန္လမ္းကို လ်င္ျမန္စြာအသုံးျပဳႏိုင္ရန္ ႀကိဳး စားခဲ့ၾကပုံအေၾကာင္းကို အထက္ပါတာဝန္ရွိသူက ျပန္ေျပာင္းေျပာျပသည္။
ငလ်င္ေၾကာင့္ထိခိုက္ခဲ့ရေသာလမ္းပိုင္း မ်ားအတြက္ ေက်ာက္သားေျမျဖည့္ရန္လိုသည္မ်ား ကို ျဖည့္၊ ငလ်င္ေၾကာင့္ လမ္းသားက်ိဳးသြားသည့္ေနရာ မ်ားကိုခ်ိဳး စသည္ျဖင့္ ျမန္ျမန္ဆန္ဆန္ေဆာင္႐ြက္ၾက ရသည္။
" ျမန္ျမန္ဆန္ဆန္နဲ႔ေခ်ာေမြ႕သြားတယ္။ ဒါေပမဲ့ သူကက်ေတာ့ ေရရွည္ကTraffic မ်ားတဲ့ အတြက္ မၾကာခဏျပန္ပြင့္တာ၊ ျပန္ေပါက္တာ ေက်ာက္ေတြပြတာ အဲဒါေတြက ေတာက္ေလွ်ာက္ လိုက္ၿပီးထိန္းသိမ္းရတာမလြယ္ဘူးေပါ့"ဟု အဆိုပါ တာဝန္ရွိသူကဆိုသည္။
ယာယီသြားလာႏိုင္ေအာင္ေဆာင္႐ြက္ထား ၿပီးသည့္တစ္ဖက္တြင္လည္း အျမန္လမ္းမႀကီးကို ယခင္ကဲ့သို႔မဟုတ္သည့္တိုင္ ယခင္အတိုင္းနီးပါးသြား လာႏိုင္ရန္အတြက္ ျပင္ဆင္သည့္လုပ္ငန္းမ်ားကို လည္းေဆာင္႐ြက္ၾကရသည္။ အခ်ိဳ႕ေနရာမ်ားတြင္ လမ္းပိုင္းက ဆိုးဆိုး႐ြား႐ြားပ်က္စီးသည္ျဖစ္ရာ ကြန္ ကရစ္သားကို ေျမသားအထိေဖာက္ထုတ္ျပင္ဆင္ရ ျခင္းမ်ားလည္းရွိသည္။
" လမ္းကလည္း အလုပ္ Sequent က ေျမႀကီးကေနစလုပ္ရတာဆိုေတာ့ အရင္သြားလာမႈအ ေနနဲ႔ကေတာ့ နည္းနည္း အဆင္မေျပျဖစ္တာေလး ေတာ့ရွိတယ္ေပါ့။ ခရီးသြားျပည္သူအေနနဲ႔ လုပ္ငန္း ေဆာင္႐ြက္တဲ့ကာလမွာေတာ့ နည္းနည္းသည္းခံၿပီး ေတာ့သြားေပးဖို႔ေပါ့။ အဲဒါအျပင္ကို လမ္းေတြက လည္း ငလ်င္လႈပ္သြားတဲ့အရွိန္နဲ႔ တခ်ိဳ႕လမ္းေတြက ေလာေလာဆယ္မွာေကာင္းေနေပမယ့္ နိမ့္က်သြား တာမ်ိဳးေတြရွိ တယ္။ ထိသြားေတာ့ ေအာက္မွာတစ္ခု လႈပ္လိုက္တဲ့အခါက်ေတာ့ ေအာက္မွာနည္းနည္းဟာ သြားတာေပါ့။ ဟာသြားတဲ့အခ်ိန္က ခ်က္ခ်င္းေလး ေတာ့မက်ဘူး။ တင္းခံေနတယ္။ ခဏေနမွ နိမ့္က် သြားတာမ်ိဳးေပါ့။ အဲဒါမ်ိဳးေတြလည္း မၿငိမ္ေသးဘဲနဲ႔ မၾကာခဏက်တဲ့ဟာလည္းရွိတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္ခုနကေျပာတဲ့ ငလ်င္ဒဏ္ထိရွိတဲ့အပိုင္း ေလးေတြမွာ သြားတဲ့လမ္းအသုံးျပဳတဲ့လူေတြအေနနဲ႔ အဲဒီလိုအပိုင္းေတြမွာ နည္းနည္းဂ႐ုျပဳၿပီးေတာ့ သြား ေစခ်င္ပါတယ္"ဟု ၎ကအႀကံျပဳသည္။
ရန္ကုန္ - မႏၲေလး အျမန္လမ္းမႀကီးတြင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ားကိုေတြ႕ႏိုင္ပါလိမ့္ မည္။ အျမန္လမ္းမႀကီးသည္ အသြား၊ အလာမ်ားေသာ လမ္းမႀကီးျဖစ္ေသာေၾကာင့္ ရသည့္အခ်ိန္တြင္ လမ္းပိုင္းကို တစ္ျခမ္းပိတ္ကာျပင္ဆင္ေနၾကသည္ ျဖစ္ေသာေၾကာင့္လည္း ခရီးသြားယာဥ္မ်ား သည္းခံၿပီး ေမာင္းႏွင္ေပးၾကရန္လည္း ၎က တစ္ဆက္တည္း ဆိုသည္။
" ကြၽန္ေတာ္တို႔က လမ္းေဘးမွာ လမ္းလႊဲ ေပးလိုက္ရင္လည္း အျမန္လမ္းအေနနဲ႔ Traffic က အရမ္းမ်ားေတာ့ လမ္းလႊဲကလည္းအဆင္မေျပဘူး။ ဖုန္တေထာင္းေထာင္းနဲ႔ဆိုေတာ့ ကြၽန္ေတာ္တို႔က တစ္ျခမ္းစီေပါ့။ တစ္ Lane ကေန တစ္ Lane ပိတ္ ပိတ္ၿပီးေတာ့ျပင္ေနၾကတာေပါ့။ အဲဒီေတာ့ လုပ္ငန္း ခြင္ဧရိယာထဲမွာေကာ ခုနက ငလ်င္ဒဏ္ထိထားတဲ့ အပိုင္းေတြမွာလည္း နည္းနည္းဂ႐ုစိုက္ၿပီးသည္းခံၿပီး ေမာင္းေပးၾကဖို႔ေျပာခ်င္တာပါ။ အဲဒါကို ကြၽန္ေတာ္တို႔ ဆက္လက္ေဆာင္႐ြက္မယ့္အစီအစဥ္က်ေတာ့ အ ရမ္းႀကီးက်ိဳးသြားတဲ့ဟာေတြျဖစ္သြားတဲ့ေနရာေတြကို ေဖာက္ျပင္ရင္ေတာ့ ကြန္ကရစ္ေတြၿပီးသြားၿပီ။ ဇန္န ဝါရီလလယ္ေလာက္ကိုအၿပီး ဒါေတြေတာ့ျပင္လိုက္ မွာေပါ့" ဟု ၎ကဆိုသည္။
ငလ်င္ေၾကာင့္ထိခိုက္ခဲ့ေသာလမ္းပိုင္းမ်ား ရွိသကဲ့သို႔ တံတားမ်ားလည္းရွိခဲ့သည္။ ဆြာေခ်ာင္းတံ တားမွာ အသြားတံတားတစ္စင္း၊ အျပန္တံတားတစ္ စင္းရွိသည့္အနက္ တံတားတစ္စင္းပ်က္စီးသြားသည္ ျဖစ္ရာ အသြားႏွင့္အလာ ႏွစ္လမ္းစလုံးအတြက္ တံတားတစ္စင္းတည္းကိုသာသုံးေနရၿပီး က်န္တစ္စင္း ကိုေဆာက္လုပ္ေနသည္။ ဒု႒ဝတီတံတားမွာလည္း ျပန္လည္တည္ေဆာက္ရမည့္အေျခအေနျဖစ္သည္။
" ဆြာေခ်ာင္းတံတားကေတာ့ ဒီႏွစ္ ဘက္ ဂ်က္နဲ႔ ၿပီးေအာင္လုပ္ေနပါတယ္။ အခုလက္ရွိက တံတားႏွစ္စင္းမွာ တစ္စင္းကက်ိဳးသြားတယ္ေပါ့ေနာ္။ (ရန္ကုန္ဘက္) အျပန္လမ္းကဟာက သုံးလို႔မရေတာ့ လို႔ အျပန္လမ္းကို အသစ္ေဆာက္ေနရတာေပါ့ေနာ္။ အျပန္လမ္းအသစ္ေဆာက္ေနရတဲ့ဟာကို ဒီႏွစ္ ဘက္ဂ်က္အၿပီး ရန္ပုံေငြလ်ာထားၿပီးေတာ့ အၿပီး ေဆာင္႐ြက္ေနၾကပါတယ္။ ဒါေပမဲ့ ဒီအသြားလမ္းက တံတားကလည္း ႏွစ္ Lane ရွိတာကို တစ္ Lane ထဲေပးျဖတ္ၿပီးေတာ့ထိန္းထားတဲ့အတြက္ ေအာက္က လည္းေဒါက္ေတြေထာက္ထိန္းေပးထားတဲ့ဆိုေပမယ့္ အဲဒီတံတားကလည္း ျပန္ေဆာက္ရမယ့္အေနအထား ပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ဒီဘက္တစ္ျခမ္း အ ျပန္လမ္းကို ဒီႏွစ္ၿပီးေအာင္ေဆာက္ၿပီးေတာ့ အျပန္ လမ္းကိုဖြင့္ေပးမွာေပါ့။ ဖြင့္ေပးၿပီးရင္လည္း အသြား လမ္းလည္း ျပန္ၿပီးေတာ့လုပ္ရမွာျဖစ္ေနတယ္။ ဒါေပ မဲ့ အျပန္လမ္းဖြင့္လိုက္ရင္ေတာ့ ႏွစ္ Lane ဖြင့္မယ္ ဆိုရင္ေတာ့ အရင္ကထက္စာရင္ေတာ့ Traffic မျဖစ္ေတာ့ဘူး။ နည္းနည္း နည္းသြားမွာေပါ့"ဟု ၎က ေျပာသည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာနအေနျဖင့္ ယခု ဘ႑ာႏွစ္ကုန္ခန႔္တြင္ ငလ်င္မတိုင္မီကအေျခ အေနအထိေရာက္ရွိႏိုင္ေစရန္ ရည္မွန္းေဆာင္႐ြက္ ေနျခင္းျဖစ္ေၾကာင္းသိရသည္။ လက္ရွိတြင္လည္း ရန္ ကုန္-မႏၲေလးအျမန္လမ္းမႀကီးမွာ ငလ်င္ေၾကာင့္ ဆိုးဆိုး႐ြား႐ြားပ်က္စီးခဲ့ေသာေနရာမ်ားကို ျပဳျပင္ထား ၿပီးျဖစ္သည္။
" ကြၽန္ေတာ္တို႔မွန္းထားတာေတာ့ ဒီႏွစ္ ဘတ္ဂ်က္ကုန္ေလာက္မွာ ငလ်င္မလႈပ္ခင္က အေန အထားေလးျဖစ္ေအာင္လုပ္ေနပါတယ္။ ကြၽန္ေတာ္ တို႔ေတာ့ သဘာဝေဘးရန္ပုံေငြနဲ႔ သုံးပိုင္း ပထမဦး စားေပး၊ ဒုတိယဦးစားေပး၊ တတိယဦးစားေပးဆိုၿပီး သုံးပိုင္းလုပ္ထားေပးပါတယ္။ ၿပီးေတာ့ ပထမဦးစား ေပးမွာ မျဖစ္မေနလုပ္ရမယ့္ဟာေတြ ဆိုးဆိုး႐ြား႐ြားျဖစ္မယ့္ဟာေတြကေတာ့အကုန္ပါသြားပါၿပီ။ ကြၽန္ ေတာ္တို႔လုပ္ေနပါၿပီ။ အဲဒီလုပ္ငန္းေတြလည္း ကြၽန္ ေတာ္တို႔က ဇန္နဝါရီလလယ္ေလာက္ကို အၿပီးလုပ္ဖို႔ Target ထားၿပီးလုပ္ထားပါတယ္"ဟု ၎ကဆို သည္။
ငလ်င္အၿပီး အျမန္လမ္းမႀကီးႏွင့္ပတ္ သက္၍ ကားသမားမ်ား အေျပာအမ်ားဆုံးအခ်က္မွာ တံတားအတက္ႏွင့္အဆင္းမ်ားတြင္ နိမ့္က်ျခင္းမ်ား ရွိခဲ့ျခင္းျဖစ္သည္။ ယင္းႏွင့္ပတ္သက္၍လည္း ဝန္ႀကီး ဌာနဘက္က လက္ရွိတြင္ ေျပျပစ္ေစရန္ေဆာင္႐ြက္ ေနၿပီး ထပ္မံလည္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ အျမန္လမ္းတြင္ လႈိင္းမ်ားရွိေနျခင္း အတြက္လည္း ျပင္ဆင္ရန္အစီအစဥ္မ်ားရွိေနသည္။
တစ္ဖက္တြင္လည္း အျမန္လမ္းမႀကီးကို ေလးလမ္းသြား AC ကတၱရာလမ္းမႀကီးအျဖစ္အဆင့္ ျမႇင့္တင္မည့္စီမံကိန္းရွိေန၏။ အျမန္လမ္းမႀကီးကို အဆင့္ျမႇင့္တင္ရန္ လုပ္ငန္းမ်ားေဆာင္႐ြက္ေနသည္ ျဖစ္ရာ ယင္းသည္လည္း လိုအပ္ေသာလုပ္ငန္းတစ္ခု ျဖစ္သည္။
" ေလးလမ္းသြား AC ျဖစ္ေအာင္ ဆက္ လုပ္ေနတာ။ ေလးလမ္းသြား AC ကို ငါးႏွစ္စီမံခ်က္ လုပ္ေနတာ။ ငါးႏွစ္စီမံခ်က္က ဘယ္ႏွစ္ေနာက္ဆုံးလဲ ဆိုေတာ့ (၂ဝ၃ဝ-၃၁)ဘ႑ာႏွစ္မွာ အၿပီးလုပ္ဖို႔ေတာ့ ကြၽန္ေတာ္တို႔ ရည္မွန္းခ်က္ထားၿပီးလုပ္ေနပါတယ္။ အဲဒီမွာ ကြၽန္ေတာ္တို႔က လက္ရွိအေျခအေနအရဆို ရင္ အျမန္လမ္း(၃၆၅)မိုင္ (၃)ဖာလုံ လမ္းဦးစီးတာ ဝန္ယူတာ တကယ္ရွိတာကေတာ့ (၃၆၆)မိုင္ (၃)ဖာ လုံေပါ့။ ဟိုဘက္ကတစ္မိုင္က်ေတာ့ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္ကတာဝန္ယူတာေပါ့။ ကြၽန္ေတာ္တို႔က (၃၆၅)မိုင္ (၃)ဖာလုံတာဝန္ယူတယ္။ (၃၆၅)မိုင္ (၃)ဖာလုံမွာ ဒီႏွစ္ ဘတ္ဂ်က္ကုန္တဲ့အထိဆိုရင္ ကြၽန္ ေတာ္တို႔က (၄၉၆ )မိုင္ေလာက္က်န္ဦးမွာ။ က်န္ဦးမွာ ဆိုတာ ဒီလိုရႈပ္သြားမွာစိုးလို႔ ကြၽန္ေတာ္တို႔ရွိတာက (၃၆၅)မိုင္(၃)ဖာလုံ။ အဲဒါက လမ္းအေနနဲ႔က်ေတာ့ အသြားလမ္း၊ အျပန္လမ္း ႏွစ္ဖက္ရွိတဲ့ဟာက်ေတာ့ ေလ။ စုစုေပါင္း မိုင္ (၇၃၀)နဲ႔ (၆)ဖာလုံျဖစ္သြား တာေပါ့။ (၇၃ဝ) (၆)ဖာလုံမွာ ဒီႏွစ္ဘတ္ဂ်က္အကုန္ ထိခင္းေပးမွာက ခင္းၿပီးရင္ ဒီႏွစ္ဘတ္ဂ်က္ၿပီးရင္ ဘယ္ေလာက္ထပ္က်န္မလဲဆိုေတာ့ (၄၉၆)မိုင္၊ မိုင္ (၅၀ဝ)ေလာက္က်န္မယ္။ အဲဒီမိုင္ (၅ဝဝ)ကို ငါးႏွစ္ စီမံကိန္းနဲ႔ တစ္ႏွစ္ကို ပ်မ္းမွ် မိုင္(၁၀ဝ)ေလာက္ တည့္ၿပီးခင္းဖို႔ေတာ့အစီအစဥ္ခ်ေနပါတယ္"ဟု အဆိုပါတာဝန္ရွိသူက ရွင္းျပသည္။
အျမန္လမ္းမႀကီးႏွင့္ပတ္သက္၍ လမ္း ေဘးဝဲယာႏွင့္ လမ္းလယ္ကြၽန္းတို႔တြင္ သစ္ပင္မ်ား ထပ္မံတိုးျမႇင့္စိုက္ပ်ိဳးရန္လည္း အစီအစဥ္ရွိေနသည္။ ယခင္က အျမန္လမ္းမႀကီးမွသြားလွ်င္ ၾကည့္စရာမရွိ ဆိုေသာအေနအထားမွ စိမ္းစိုေသာျမင္ကြင္းအျဖစ္ တျဖည္းျဖည္းေျပာင္းလဲလာၿပီျဖစ္ေၾကာင္းကိုကား အားလုံး မ်က္ျမင္ပင္ျဖစ္သည္။ ထို႔ထက္ ပိုမိုစိမ္းလန္း ရန္ေဆာင္႐ြက္ေနျခင္းျဖစ္သည္။
ယင္းသို႔ အျမန္လမ္းႏွင့္ပတ္သက္၍ ဝန္ ႀကီးဌာနဘက္ကေဆာင္႐ြက္ေနေသာ္လည္း တစ္ဖက္ တြင္ ျပည္သူမ်ားဘက္က မိမိတို႔ပိုင္ေသာအျမန္လမ္း မႀကီးအတြက္ လိုက္နာစရာမ်ားရွိေနပါေသးသည္။ ယင္းတို႔အနက္ အဓိကအေရးႀကီးမွာ အမႈိက္ျပႆနာ ျဖစ္သည္။ ငလ်င္မတိုင္မီကလည္း အျမန္လမ္းမႀကီး ဝဲ၊ ယာတြင္ အမႈိက္မ်ားရွိေနၿပီး ငလ်င္အၿပီး ျပန္လည္ ျပင္ဆင္ေနေသာ အျမန္လမ္းမႀကီး ဝဲ၊ ယာ တြင္ အမႈိက္မ်ားက ေနရာယူထားဆဲျဖစ္သည္။ "ကြၽန္ ေတာ္တို႔မွာ ဘာျပႆာနာေတြ႕လဲဆိုေတာ့ အမႈိက္တ အားပစ္ၾကတယ္။ အမႈိက္က ဒီေန႔ေကာက္ ေနာက္ေန႔ ဆိုေဖြးေနတာပဲ ေတာ္ေတာ္ဆိုးပါတယ္။ မ်ားေသာ အားျဖင့္ ပိတ္ရက္ဆိုရင္ပိုဆိုးတယ္။ လမ္းအသုံးျပဳသူ အေနနဲ႔လည္း ဒါေလးေတြ စည္းကမ္းရွိရွိေလးလုပ္ ေပးၾကဖို႔ေျပာခ်င္ပါတယ္"ဟု ၎က အႀကံျပဳသည္။
ရန္ကုန္ - မႏၲေလး အျမန္လမ္းမႀကီးသည္ ျမန္မာႏိုင္ငံအတြက္ အေရးႀကီးေသာလမ္းမႀကီး တစ္ လမ္းျဖစ္ပါသည္။ တစ္ဖက္တြင္လည္း မလိုလားသူ သူပုန္မ်ားက ယင္းလမ္းပိုင္းကိုသြားလာရာတြင္ စိုးရိမ္ စိတ္ျဖစ္ေစရန္ေဆာင္႐ြက္ေနၾကေသာ္လည္း ယင္း သည္လည္း ယာယီမွ်သာေဆာင္႐ြက္ႏိုင္ျခင္းျဖစ္ ေၾကာင္း ေျမျပင္အေျခအေနကသက္ေသျပထား ႏိုင္ၿပီျဖစ္သည္။
တစ္ဖန္ ယင္းလမ္းမႀကီးသည္ ျပည္သူပိုင္ ျဖစ္ရာ ျပည္သူမ်ားကလည္း အျမန္လမ္းမႀကီးအ တြက္ ထိန္းသိမ္းေစာင့္ေရွာက္ေပးရန္လိုအပ္ပါသည္။ အကယ္၍ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးမရွိခဲ့ လွ်င္ လမ္းပန္းဆက္သြယ္ေရးတို႔မွာလည္း လိုအပ္ သည္ထက္ ပိုမိုၾကန႔္ၾကာေသာအေျခအေနကို ႀကဳံရ မည္ဆိုျခင္းမွာ ေျမႀကီးလက္ခတ္မလြဲပါေပ။