အထက်တန်းတက်ရောက်ခဲ့သူများနှင့် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သော အချိန်ပိုင်းအနုပညာ ဒီပလိုမာ သင်တန်းကို NUAC ကြေညာ

 279

ခတ္တာဦး (NP News) - ဇွန်၂၉
အထက်တန်းတက်ရောက်ခဲ့သူများနှင့် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်သော အချိန်ပိုင်းအနုပညာ ဒီပလိုမာ သင်တန်းကို အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) (NUAC) က ကြေညာထားသည်။
NUAC ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် အချိန်ပိုင်း ဒီပလိုမာသင်တန်းခေါ်ယူရာတွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ယဉ်ကျေးမှုအမွေအနှစ် စသည့်အတန်းများ ပါဝင်ပြီး အခြေခံပညာ အထက်တန်း (Grade 12) သို့မဟုတ် ဒသမတန်းတက်ရောက်ခဲ့သူများနှင့် အောင်မြင်ပြီးသူများ မည်သူမဆိုလျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါအချိန်ပိုင်းဒီပလိုမာသင်တန်းတွင် Level (၁)ခုလျှင် (၃)လကြာမြင့်မည်ဖြစ်သည့်အပြင် Level တစ်ခုပြီး မြောက်ပါက သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Level သုံးခုလုံး ပြီးမြောက်ပြီး အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူဖြစ်ပါက ဒီပလိုမာလက်မှတ် အပ်နှင်းမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် လျှောက်လွှာနှင့်အတူ အခြေခံပညာအထက်တန်း Grade -12 (သို့မဟုတ်) ဒသမတန်း တက်ရောက်ခဲ့ကြောင်း (သို့မဟုတ်)အောင်မြင်ကြောင်း ထောက်ခံချက်မိတ္တူ နှင့် လိုအပ်သည့်စာတမ်းများကို ပူးတွဲ ကာ (ဇွန်လ ၃၀ ရက်) မှစတင်၍ (ဇူလိုင်လ ၁၀ ရက်)အထိနောက်ဆုံးထားလျှောက်ထားနိုင်ပြီး လူတွေ့စစ်ဆေးမှုကို (ဇူလိုင်လ ၁၁ ရက်)နံနက် (၁၀)နာရီ အချိန်ခန့်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအချိန်ပိုင်း အနုပညာဒီပလိုမာသင်တန်းဝင်ခွင့်ရရှိသူများကို (ဇူလိုင် ၁၃ ရက်) တွင် ကြေညာသွားမည်ဖြစ် ကြောင်း လည်း ထုတ်ပြန်ထားသည်။

Zawgyi Version:
အထက္တန္းတက္ေရာက္ခဲ့သူမ်ားႏွင့္ ေအာင္ျမင္ၿပီးသူမ်ား ေလွ်ာက္ထားႏိုင္ေသာ အခ်ိန္ပိုင္းအႏုပညာ ဒီပလိုမာ သင္တန္းကို NUAC ေၾကညာ
ခတၱာဦး (NP News) - ဇြန္၂၉
အထက္တန္းတက္ေရာက္ခဲ့သူမ်ားႏွင့္ ေအာင္ျမင္ၿပီးသူမ်ား ေလွ်ာက္ထားႏိုင္ေသာ အခ်ိန္ပိုင္းအႏုပညာ ဒီပလိုမာ သင္တန္းကို အမ်ိဳးသားယဥ္ေက်းမႈ ႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္) (NUAC) က ေၾကညာထားသည္။
NUAC ၏ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးမႈအစီအစဥ္ျဖင့္ အခ်ိန္ပိုင္း ဒီပလိုမာသင္တန္းေခၚယူရာတြင္ ဂီတ၊ သဘင္၊ ပန္းခ်ီ၊ ပန္းပု၊ ယဥ္ေက်းမႈအေမြအႏွစ္ စသည့္အတန္းမ်ား ပါဝင္ၿပီး အေျခခံပညာ အထက္တန္း (Grade 12) သို႔မဟုတ္ ဒသမတန္းတက္ေရာက္ခဲ့သူမ်ားႏွင့္ ေအာင္ျမင္ၿပီးသူမ်ား မည္သူမဆိုေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
အဆိုပါအခ်ိန္ပိုင္းဒီပလိုမာသင္တန္းတြင္ Level (၁)ခုလွ်င္ (၃)လၾကာျမင့္မည္ျဖစ္သည့္အျပင္ Level တစ္ခုၿပီး ေျမာက္ပါက သင္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ Level သုံးခုလုံး ၿပီးေျမာက္ၿပီး အေျခခံပညာအထက္တန္း ေအာင္ျမင္ၿပီးသူျဖစ္ပါက ဒီပလိုမာလက္မွတ္ အပ္ႏွင္းမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ ေလွ်ာက္လႊာႏွင့္အတူ အေျခခံပညာအထက္တန္း Grade -12 (သို႔မဟုတ္) ဒသမတန္း တက္ေရာက္ခဲ့ေၾကာင္း (သို႔မဟုတ္)ေအာင္ျမင္ေၾကာင္း ေထာက္ခံခ်က္မိတၱဴ ႏွင့္ လိုအပ္သည့္စာတမ္းမ်ားကို ပူးတြဲ ကာ (ဇြန္လ ၃၀ ရက္) မွစတင္၍ (ဇူလိုင္လ ၁၀ ရက္)အထိေနာက္ဆုံးထားေလွ်ာက္ထားႏိုင္ၿပီး လူေတြ႕စစ္ေဆးမႈကို (ဇူလိုင္လ ၁၁ ရက္)နံနက္ (၁၀)နာရီ အခ်ိန္ခန႔္တြင္ အမ်ိဳးသားယဥ္ေက်းမႈႏွင့္အႏုပညာတကၠသိုလ္(ရန္ကုန္)၊ စြယ္ေတာ္ေဆာင္တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါအခ်ိန္ပိုင္း အႏုပညာဒီပလိုမာသင္တန္းဝင္ခြင့္ရရွိသူမ်ားကို (ဇူလိုင္ ၁၃ ရက္) တြင္ ေၾကညာသြားမည္ျဖစ္ ေၾကာင္း လည္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.