ရုရှားနဲ့အီရန်ကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုတွေ ပြန်လည်စတင်

168

Pika (NP News) - ဇွန် ၂၉
ရုရှားနဲ့အီရန်ကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုတွေ ပြန်လည်စတင်နေပြီလို့ တာဝန်ရှိသူတွေရဲ့ပြောကြားချက် အရ သိရပါတယ်။ အစ္စရေး နဲ့ အီရန်ကြားဖြစ်ပွားခဲ့တဲ့စစ်ပွဲကြောင့် အီရန်နိုင်ငံကို လေကြောင်းပျံသန်းမှုကို ရုရှား အစိုးရက ယာယီပိတ်ပင်ခဲ့ပြီးနောက် ယခုလိုပြန်လည်စတင်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
Lufthansa၊ Emirates နဲ့ Air France-KLM အပါအဝင် ကမ္ဘာလုံးဆိုင်ရာအဓိကလေကြောင်းလိုင်းတွေဟာ အစ္စရေး၊ အီရန်၊ ဂျော်ဒန်နဲ့ အီရတ်တို့ရဲ့လေပိုင်နက်တွေကို ရှောင်ရှားဖို့အတွက် လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းတာ မျိုး ဒါမှမဟုတ် လမ်းကြောင်းပြောင်းတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
အစ္စရေးနဲ့အီရန်ကြား စစ်ပွဲဖြစ်ပွားနေချိန်အတွင်း လေကြောင်းခရီးစဉ်ပေါင်း(၆၅၀)လောက်ကို ဖျက်သိမ်းခဲ့ရတယ် လို့ ဥရောပလေကြောင်းသွားလာရေးအဖွဲ့အစည်း Eurocontrol က ပြောကြားခဲ့ပါတယ်။ ဒေသအတွင်း လေကြောင်းပျံသန်းမှုဆိုင်ရာ အန္တရာယ်တွေကို အဆက်မပြတ်လေ့လာသုံးသပ်ပြီးနောက် အီရန်၊ အီရတ်နဲ့ ဂျော်ဒန် တို့အပေါ် လေကြောင်းပျံသန်းမှု ပိတ်ပင်ထားမှုကို ရုတ်သိမ်းလိုက်ပြီလို့ ရုရှားရဲ့ အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ Rosaviatsia က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Rosaviatsia က “Rosaviatsia ဟာ အရှေ့အလယ်ပိုင်းဒေသက အခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေပါတယ်။ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေရှိရင် လေကြောင်းလိုင်းတွေကို ချက်ချင်းအကြောင်းကြားသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားနဲ႔အီရန္ၾကား တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းမႈေတြ ျပန္လည္စတင္
Pika (NP News) - ဇြန္ ၂၉
႐ုရွားနဲ႔အီရန္ၾကား တိုက္႐ိုက္ေလေၾကာင္းပ်ံသန္းမႈေတြ ျပန္လည္စတင္ေနၿပီလို႔ တာဝန္ရွိသူေတြရဲ႕ေျပာၾကားခ်က္ အရ သိရပါတယ္။ အစၥေရး နဲ႔ အီရန္ၾကားျဖစ္ပြားခဲ့တဲ့စစ္ပြဲေၾကာင့္ အီရန္ႏိုင္ငံကို ေလေၾကာင္းပ်ံသန္းမႈကို ႐ုရွား အစိုးရက ယာယီပိတ္ပင္ခဲ့ၿပီးေနာက္ ယခုလိုျပန္လည္စတင္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
Lufthansa၊ Emirates နဲ႔ Air France-KLM အပါအဝင္ ကမာၻလုံးဆိုင္ရာအဓိကေလေၾကာင္းလိုင္းေတြဟာ အစၥေရး၊ အီရန္၊ ေဂ်ာ္ဒန္နဲ႔ အီရတ္တို႔ရဲ႕ေလပိုင္နက္ေတြကို ေရွာင္ရွားဖို႔အတြက္ ေလေၾကာင္းခရီးစဥ္ေတြကို ဖ်က္သိမ္းတာ မ်ိဳး ဒါမွမဟုတ္ လမ္းေၾကာင္းေျပာင္းတာေတြ လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
အစၥေရးနဲ႔အီရန္ၾကား စစ္ပြဲျဖစ္ပြားေနခ်ိန္အတြင္း ေလေၾကာင္းခရီးစဥ္ေပါင္း(၆၅၀)ေလာက္ကို ဖ်က္သိမ္းခဲ့ရတယ္ လို႔ ဥေရာပေလေၾကာင္းသြားလာေရးအဖြဲ႕အစည္း Eurocontrol က ေျပာၾကားခဲ့ပါတယ္။ ေဒသအတြင္း ေလေၾကာင္းပ်ံသန္းမႈဆိုင္ရာ အႏၲရာယ္ေတြကို အဆက္မျပတ္ေလ့လာသုံးသပ္ၿပီးေနာက္ အီရန္၊ အီရတ္နဲ႔ ေဂ်ာ္ဒန္ တို႔အေပၚ ေလေၾကာင္းပ်ံသန္းမႈ ပိတ္ပင္ထားမႈကို ႐ုတ္သိမ္းလိုက္ၿပီလို႔ ႐ုရွားရဲ႕ အရပ္ဘက္ေလေၾကာင္း အာဏာပိုင္အဖြဲ႕ Rosaviatsia က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
Rosaviatsia က “Rosaviatsia ဟာ အေရွ႕အလယ္ပိုင္းေဒသက အေျခအေနေတြကို ဆက္လက္ေစာင့္ၾကည့္ေနပါတယ္။ သိသာထင္ရွားတဲ့ အေျပာင္းအလဲေတြရွိရင္ ေလေၾကာင္းလိုင္းေတြကို ခ်က္ခ်င္းအေၾကာင္းၾကားသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။