ရန်ကုန်မှ ထားဝယ်သို့ သယ်‌ဆောင်‌ရောင်းဝယ်မည့် ငွေကျပ် ၁ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

 391

Pearl (NP News) - ဇွန် ၃ဝ
ရန်ကုန်မှ ထားဝယ်သို့ သယ်‌ဆောင်‌ရောင်းဝယ်မည့် ငွေကျပ် ၁ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် နံနက် ၅ နာရီခန့်က ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ရန်ကုန်မှ ထားဝယ်သို့ ဟိန်းလတ်မောင်းနှင်ပြီး နေလင်းထိုက်(ခ)မဲကြီး နှင့် ကောင်းစုညီ(ခ)စည်သူတို့ လိုက်ပါလာသော NISSAN ၆ ဘီးမော်တော်ယာဉ်အား သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း(တစ်ပြားလျှင် ငွေ ၁၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁.၃၅ ဘီလျံ) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မှတစ်ဆင့်ထားဝယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ၎င်းတို့ ၃ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ရန္ကုန္မွ ထားဝယ္သို႔ သယ္‌ေဆာင္‌ေရာင္းဝယ္မည့္ ေငြက်ပ္ ၁ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းမိ
Pearl (NP News) - ဇြန္ ၃ဝ
ရန္ကုန္မွ ထားဝယ္သို႔ သယ္‌ေဆာင္‌ေရာင္းဝယ္မည့္ ေငြက်ပ္ ၁ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ ဇြန္လ ၂၄ ရက္ နံနက္ ၅ နာရီခန႔္က ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ေက်း႐ြာအနီးတြင္ ရန္ကုန္မွ ထားဝယ္သို႔ ဟိန္းလတ္ေမာင္းႏွင္ၿပီး ေနလင္းထိုက္(ခ)မဲႀကီး ႏွင့္ ေကာင္းစုညီ(ခ)စည္သူတို႔ လိုက္ပါလာေသာ NISSAN ၆ ဘီးေမာ္ေတာ္ယာဥ္အား သတင္းအရ ရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြရာ ယာဥ္ေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၉ သိန္း(တစ္ျပားလွ်င္ ေငြ ၁၅၀၀ က်ပ္ႏႈန္းျဖင့္ ၎ေဒသတန္ဖိုး ေငြက်ပ္ ၁.၃၅ ဘီလ်ံ) ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား ရန္ကုန္မွတစ္ဆင့္ထားဝယ္သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရၿပီး လက္ရွိတြင္ ၎တို႔ ၃ ဦးအား ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.