G.B.S က စာရင်းဝင်အကြိုစတော့ဈေးကွက်တွင် ငွေကျပ်(၁၀)သန်းဖိုး စတင်ရောင်းချ

 1013

NP News - ဒီဇင်ဘာ ၁၇

လယ်ယာဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် G.B.S အများပိုင်သည် ကုမ္ပဏီ၏ အစုရှယ်ယာအရောင်းအဝယ် စတင်ပြုလုပ်သည့် ဒီဇင်ဘာ(၁၇)ရက်တွင် ငွေကျပ် ၁၀ သန်းဖိုး တန်ကြေးရှိသည့် အစုရှယ်ယာ ၈၀၀ စု အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။
G.B.S လယ်ယာဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး (၂၀၂၅) ခုနှစ် ဇွန်လအတွင်း ရှယ်ယာရှင် (၂၃၂) ဦးက ရှယ်ယာအရေအတွက် (၃.၅) သန်းကျော်ဖြင့် မတည်ရင်းနှီးငွေ ကျပ် (၃၅) ဘီလီယံကျော် ထည့်ဝင်ထားသည်။
G.B.S ကုမ္ပဏီသည် အကျိုးတူ စိုက်ပျိုးလုပ်ကိုင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား စနစ်တကျ တိုးချဲ့လုပ်ကိုင်ခြင်း၊ ဆန်နှင့် ပဲအမျိုးမျိုးတို့ကို ဝယ်ယူရောင်းချခြင်း၊ Kubota နှင့် လယ်ယာသုံး စက်ယန္တရားများ ဖြန့်ဖြူးရောင်းချ ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ကုမ္ပဏီရ၏ ဈေးကွက်တန်ဖိုးကို ဒီဇင်ဘာလ (၁၈) ရက်မှစပြီး PLB အညွှန်းကိန်း တွက်ချက်မှုဖော်မြူလာတွင် ထည့်သွင်းပါဝင်ရာ အခြေခံဈေးကွက်တန်ဖိုးအဖြစ် ကျပ် (၅၈.၀၆၂ ဘီလီယံ) အသုံးပြုမည်ဟု သိရသည်။

G.B.S လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများပိုင်ကုမ္ပဏီသည် စာရင်းဝင်အကြိုဈေးကွက် (PLB) တွင် ရှယ်ယာတစ်စုလျှင် (၁၂,၅၀၀ )ကျပ်နှုန်းဖြင့် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ရှယ်ယာတစ်စု၏ အမြင့်ဆုံးဈေးနှုန်းအဖြစ် (၁၂,၅၀၀) ကျပ်နှင့် အနိမ့်ဆုံးဈေးနှုန်းအဖြစ် (၇,၅၀၀) ကျပ် သတ်မှတ်ထားပြီး တစ်ချက်ခုန်ဈေးနှုန်း (၅၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမြင့်ဆုံးနှင့်အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက်အတွင်းရှိသည့် မည်သည့်ဈေးနှုန်းကိုမဆို “ဈေးနှုန်းသတ်မှတ်အမှာစာ” တင်နိုင်သည့်အပြင် စတော့အရောင်းဖြစ်စေ၊ အဝယ်ဖြစ်စေ ဦးစားပေးခြင်းခံရသော ဈေးနှုန်းသတ်မှတ်စရာမလိုသည့် “ဈေးကွက်ပေါက်ဈေးအမှာစာ” ကိုလည်း ပေးပို့နိုင်ကြောင်း သိရသည်။

Zawgyi Version:
G.B.S က စာရင္းဝင္အႀကိဳစေတာ့ေဈးကြက္တြင္ ေငြက်ပ္(၁၀)သန္းဖိုး စတင္ေရာင္းခ်
NP News - ဒီဇင္ဘာ ၁၇
လယ္ယာဝန္ေဆာင္မႈလုပ္ငန္းျဖစ္သည့္ G.B.S အမ်ားပိုင္သည္ ကုမၸဏီ၏ အစုရွယ္ယာအေရာင္းအဝယ္ စတင္ျပဳလုပ္သည့္ ဒီဇင္ဘာ(၁၇)ရက္တြင္ ေငြက်ပ္ ၁၀ သန္းဖိုး တန္ေၾကးရွိသည့္ အစုရွယ္ယာ ၈၀၀ စု အေရာင္းအဝယ္ျဖစ္ခဲ့ေၾကာင္း ရန္ကုန္စေတာ့အိတ္ခ်ိန္းမွ သိရသည္။
G.B.S လယ္ယာဝန္ေဆာင္မႈလုပ္ငန္းကို ၂၀၁၅ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ၿပီး (၂၀၂၅) ခုႏွစ္ ဇြန္လအတြင္း ရွယ္ယာရွင္ (၂၃၂) ဦးက ရွယ္ယာအေရအတြက္ (၃.၅) သန္းေက်ာ္ျဖင့္ မတည္ရင္းႏွီးေငြ က်ပ္ (၃၅) ဘီလီယံေက်ာ္ ထည့္ဝင္ထားသည္။
G.B.S ကုမၸဏီသည္ အက်ိဳးတူ စိုက္ပ်ိဳးလုပ္ကိုင္စနစ္ျဖင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအား စနစ္တက် တိုးခ်ဲ႕လုပ္ကိုင္ျခင္း၊ ဆန္ႏွင့္ ပဲအမ်ိဳးမ်ိဳးတို႔ကို ဝယ္ယူေရာင္းခ်ျခင္း၊ Kubota ႏွင့္ လယ္ယာသုံး စက္ယႏၲရားမ်ား ျဖန႔္ျဖဴးေရာင္းခ် ဝန္ေဆာင္မႈေပးျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိသည္။

ကုမၸဏီရ၏ ေဈးကြက္တန္ဖိုးကို ဒီဇင္ဘာလ (၁၈) ရက္မွစၿပီး PLB အၫႊန္းကိန္း တြက္ခ်က္မႈေဖာ္ျမဴလာတြင္ ထည့္သြင္းပါဝင္ရာ အေျခခံေဈးကြက္တန္ဖိုးအျဖစ္ က်ပ္ (၅၈.၀၆၂ ဘီလီယံ) အသုံးျပဳမည္ဟု သိရသည္။

G.B.S လယ္ယာဝန္ေဆာင္မႈလုပ္ငန္း အမ်ားပိုင္ကုမၸဏီသည္ စာရင္းဝင္အႀကိဳေဈးကြက္ (PLB) တြင္ ရွယ္ယာတစ္စုလွ်င္ (၁၂,၅၀၀ )က်ပ္ႏႈန္းျဖင့္ စတင္ေရာင္းခ်ခဲ့ျခင္းျဖစ္ၿပီး ရွယ္ယာတစ္စု၏ အျမင့္ဆုံးေဈးႏႈန္းအျဖစ္ (၁၂,၅၀၀) က်ပ္ႏွင့္ အနိမ့္ဆုံးေဈးႏႈန္းအျဖစ္ (၇,၅၀၀) က်ပ္ သတ္မွတ္ထားၿပီး တစ္ခ်က္ခုန္ေဈးႏႈန္း (၅၀၀) က်ပ္ျဖစ္ေၾကာင္း သိရသည္။
ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနျဖင့္ အျမင့္ဆုံးႏွင့္အနိမ့္ဆုံးေဈးႏႈန္း သတ္မွတ္ခ်က္အတြင္းရွိသည့္ မည္သည့္ေဈးႏႈန္းကိုမဆို “ေဈးႏႈန္းသတ္မွတ္အမွာစာ” တင္ႏိုင္သည့္အျပင္ စေတာ့အေရာင္းျဖစ္ေစ၊ အဝယ္ျဖစ္ေစ ဦးစားေပးျခင္းခံရေသာ ေဈးႏႈန္းသတ္မွတ္စရာမလိုသည့္ “ေဈးကြက္ေပါက္ေဈးအမွာစာ” ကိုလည္း ေပးပို႔ႏိုင္ေၾကာင္း သိရသည္။။

Related news

© 2021. All rights reserved.