ပါကစ္စတန်နိုင်ငံမှာ အသေခံဗုံးခွဲမှုတစ်ခုကြောင့် စစ်သား(၁၆)ဦး သေဆုံး

 229

Pika (NP News) - ဇွန် ၃ဝ
ပါကစ္စတန်တာလီဘန်အဖွဲ့ရဲ့အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် စစ်သား(၁၆)ဦးသေဆုံးခဲ့ပြီး အခြားလူ (၂)ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်အစိုးရတာဝန်ရှိသူတစ်ဦးက”အသေခံဗုံးခွဲသမားတစ်ဦးဟာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာ တဲ့ ကားတစ်စီးနဲ့ စစ်တပ်ယာဉ်တန်းကို ဝင်တိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်သား(၁၆)ဦး သေဆုံးခဲ့ပြီး အခြားလူ(၂)ဒါဇင်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ပေါက်ကွဲမှုအရှိန်ကြောင့် နေအိမ်နှစ်လုံးရဲ့ခေါင်မိုးတွေ ပြိုကျခဲ့ပြီး ကလေးငယ်(၆)ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အဲဒီအသေခံဗုံးခွဲတိုက်ခိုက်မှုကို ပါကစ္စတန်တာလီဘန် အဖွဲ့ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ the Hafiz Gul Bahadur လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
(၂၀၂၁)ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေက အာဏာပြန်လည်ရရှိလာမှုနဲ့အတူ အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်နဲ့ထိစပ်နေတဲ့ဒေသတွေမှာ အကြမ်းဖက်မှုတွေ သိသိသာသာမြင့်တက်လာခဲ့တယ်လို့ ပါကစ္စတန်အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ပါကစၥတန္ႏိုင္ငံမွာ အေသခံဗုံးခြဲမႈတစ္ခုေၾကာင့္ စစ္သား(၁၆)ဦး ေသဆုံး
Pika (NP News) - ဇြန္ ၃ဝ
ပါကစၥတန္တာလီဘန္အဖြဲ႕ရဲ႕အေသခံဗုံးခြဲတိုက္ခိုက္မႈတစ္ခုေၾကာင့္ စစ္သား(၁၆)ဦးေသဆုံးခဲ့ၿပီး အျခားလူ (၂)ဒါဇင္ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ပါကစၥတန္အစိုးရတာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
ပါကစၥတန္အစိုးရတာဝန္ရွိသူတစ္ဦးက”အေသခံဗုံးခြဲသမားတစ္ဦးဟာ ေဖာက္ခြဲေရးပစၥည္းေတြ တင္ေဆာင္လာ တဲ့ ကားတစ္စီးနဲ႔ စစ္တပ္ယာဥ္တန္းကို ဝင္တိုက္ခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈေၾကာင့္ စစ္သား(၁၆)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၂)ဒါဇင္ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ေပါက္ကြဲမႈအရွိန္ေၾကာင့္ ေနအိမ္ႏွစ္လုံးရဲ႕ေခါင္မိုးေတြ ၿပိဳက်ခဲ့ၿပီး ကေလးငယ္(၆)ဦးလည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ရဲအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ အဲဒီအေသခံဗုံးခြဲတိုက္ခိုက္မႈကို ပါကစၥတန္တာလီဘန္ အဖြဲ႕ရဲ႕ အဖြဲ႕ခြဲတစ္ခုျဖစ္တဲ့ the Hafiz Gul Bahadur လက္နက္ကိုင္အဖြဲ႕က လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
(၂၀၂၁)ခုႏွစ္မွာ အာဖဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္ေတြက အာဏာျပန္လည္ရရွိလာမႈနဲ႔အတူ အာဖဂန္နစၥတန္ႏိုင္ငံ နယ္စပ္နဲ႔ထိစပ္ေနတဲ့ေဒသေတြမွာ အၾကမ္းဖက္မႈေတြ သိသိသာသာျမင့္တက္လာခဲ့တယ္လို႔ ပါကစၥတန္အစိုးရ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.