ပြင်သစ်နိုင်ငံမှာ အပူချိန် စံချိန်တင်မြင့်မားနေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရ

385

ရောင်နီ (NP News) - ဇူလိုင် ၂
ပြင်သစ်မှာ အင်္ဂါနေ့ (ဇူလိုင် ၁ ရက်) က အပူချိန် စံချိန်တင်မြင့်တက်လာတဲ့အတွက် ကျောင်းပေါင်း တစ်ထောင်ကျော် ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
ပြင်သစ်၊ အီဖယ်မျှော်စင် အပေါ်ဆုံးထပ်ဟာ ဥရောပရဲ့ပြင်းထန်အပူလှိုင်း ဆက်လက်လွှမ်းမိုးနေတာ ကြောင့် ခရီးသွားတွေ ဝင်ရောက်ခွင့်ပိတ်ထားရကာ ဒေသအနှံ့ ကျန်းမာရေးသတိပေးချက်တွေ ထွက်ပေါ်လာခဲ့ပါ တယ်။ မြေထဲပင်လယ်ပြင်ဟာ ယခုနှစ်အတွင်း ပုံမှန်ထက် ၆ ဒီဂရီစင်တီဂရိတ် ပူနွေးနေပြီး စပိန်နိုင်ငံ ဘာလရစ် ပင်လယ်မှာ အထက် လေပူတွေ ပိတ်မိနေတာကြောင့် ပုံမှန်ထက် စံချိန်တင် ၃၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ တယ်လို့ နိုင်ငံရဲ့ Aemet မိုးလေဝသခန့်မှန်းသူက ပြောကြားပါတယ်။
ဥရောပသမဂ္ဂဟာ ကမ္ဘာ့အမြန်ဆုံးပူနွေးလာတဲ့ တိုက်ကြီးဖြစ်လာပြီး ပြင်သစ်မှာ အင်္ဂါနေ့က အပူချိန်ဟာ အချို့နေရာတွေမှာ ၄၀ မှ ၄၁ ဒီဂရီစင်တီဂရိတ်၊ အခြားနေရာ အများစုမှာ ၃၆ မှ ၃၉ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာတယ်လို့ မိုးလေဝသခန့်မှန်းသူ မက်တိုဖရန့် က ပြောကြားပါတယ်။
တနင်္လာနေ့(ဇွန် ၃၀ ရက်) က အပူရှိန်ကြောင့် ပြင်သစ်နိုင်ငံရှိ စာသင်ကျောင်းပေါင်း ၁,၃၅၀ ခန့် တစ်နေ့လုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ပိတ်ထားရမယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
အီးယူရဲ့ စပါးအများဆုံးထုတ်လုပ်တဲ့ နိုင်ငံလည်းဖြစ်တဲ့ ပြင်သစ်နိုင်ငံဟာ ယခုနှစ် သီးနှံ ရိတ်သိမ်းချိန်မှာ အပူလွန်ကဲမှုကြောင့် လယ်ကွင်းမီးလောင်မှု အရေအတွက်တွေလည်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။

Zawgyi Version:
ျပင္သစ္ႏိုင္ငံမွာ အပူခ်ိန္ စံခ်ိန္တင္ျမင့္မားေနတာေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားရ
ေရာင္နီ (NP News) - ဇူလိုင္ ၂
ျပင္သစ္မွာ အဂၤါေန႔ (ဇူလိုင္ ၁ ရက္) က အပူခ်ိန္ စံခ်ိန္တင္ျမင့္တက္လာတဲ့အတြက္ ေက်ာင္းေပါင္း တစ္ေထာင္ေက်ာ္ ပိတ္ထားခဲ့ရတယ္လို႔ သိရပါတယ္။
ျပင္သစ္၊ အီဖယ္ေမွ်ာ္စင္ အေပၚဆုံးထပ္ဟာ ဥေရာပရဲ႕ျပင္းထန္အပူလႈိင္း ဆက္လက္လႊမ္းမိုးေနတာ ေၾကာင့္ ခရီးသြားေတြ ဝင္ေရာက္ခြင့္ပိတ္ထားရကာ ေဒသအႏွံ႔ က်န္းမာေရးသတိေပးခ်က္ေတြ ထြက္ေပၚလာခဲ့ပါ တယ္။ ေျမထဲပင္လယ္ျပင္ဟာ ယခုႏွစ္အတြင္း ပုံမွန္ထက္ ၆ ဒီဂရီစင္တီဂရိတ္ ပူေႏြးေနၿပီး စပိန္ႏိုင္ငံ ဘာလရစ္ ပင္လယ္မွာ အထက္ ေလပူေတြ ပိတ္မိေနတာေၾကာင့္ ပုံမွန္ထက္ စံခ်ိန္တင္ ၃၀ ဒီဂရီစင္တီဂရိတ္အထိ ျမင့္တက္ခဲ့ တယ္လို႔ ႏိုင္ငံရဲ႕ Aemet မိုးေလဝသခန႔္မွန္းသူက ေျပာၾကားပါတယ္။
ဥေရာပသမဂၢဟာ ကမာၻ႔အျမန္ဆုံးပူေႏြးလာတဲ့ တိုက္ႀကီးျဖစ္လာၿပီး ျပင္သစ္မွာ အဂၤါေန႔က အပူခ်ိန္ဟာ အခ်ိဳ႕ေနရာေတြမွာ ၄၀ မွ ၄၁ ဒီဂရီစင္တီဂရိတ္၊ အျခားေနရာ အမ်ားစုမွာ ၃၆ မွ ၃၉ ဒီဂရီစင္တီဂရိတ္အထိ ျမင့္တက္လာတယ္လို႔ မိုးေလဝသခန႔္မွန္းသူ မက္တိုဖရန႔္ က ေျပာၾကားပါတယ္။
တနလၤာေန႔(ဇြန္ ၃၀ ရက္) က အပူရွိန္ေၾကာင့္ ျပင္သစ္ႏိုင္ငံရွိ စာသင္ေက်ာင္းေပါင္း ၁,၃၅၀ ခန႔္ တစ္ေန႔လုံး (သို႔မဟုတ္) တစ္စိတ္တစ္ပိုင္း ပိတ္ထားရမယ္လို႔ ပညာေရးဝန္ႀကီးဌာနက ေျပာပါတယ္။
အီးယူရဲ႕ စပါးအမ်ားဆုံးထုတ္လုပ္တဲ့ ႏိုင္ငံလည္းျဖစ္တဲ့ ျပင္သစ္ႏိုင္ငံဟာ ယခုႏွစ္ သီးႏွံ ရိတ္သိမ္းခ်ိန္မွာ အပူလြန္ကဲမႈေၾကာင့္ လယ္ကြင္းမီးေလာင္မႈ အေရအတြက္ေတြလည္း ျမင့္တက္လာေနတယ္လို႔ သိရပါတယ္။