ယခုလအတွင်း သစ်လွင်ဆရာဝန်နှင့် သွားနှင့်ခံတွင်း ဆရာဝန် (၁၂၀၀) ကျော်ခန့်အပ်သွားမည်

262

သက်ပိုင်( NP News) - ဇူလိုင် ၃
ယခုလ(ဇူလိုင်လ)အတွင်း သစ်လွင်ဆရာဝန်နှင့်သွားနှင့်ခံတွင်း ဆရာဝန် စုစုပေါင်း (၁၂၀၀) ကျော်ကို ခန့်အပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားကြောင်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) တွင်ပြုလုပ်သည့် မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“၂၀၂၅ ခုနှစ် ဇူလိုင်လတွင် သစ်လွင်ဆရာဝန်များ၊ သွားနှင့်ခံတွင်း ဆရာဝန် စုစုပေါင်း (၁၂၀၀) ကျော်ကို ခန့်အပ်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါဆရာဝန်များ၏ ဆေးကုသခွင့်လိုင်စင်များနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဆေးကုသခွင့်လိုင်စင်များ အသစ်ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ယာယီပိတ်သိမ်းထားရာမှ ပြန်လည်ခွင့်ပြုခြင်းများကိုလည်း စနစ်တကျ စိစစ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ထိုသို့ခွင့်ပြုရာတွင်လည်း ၎င်းတို့၏ အရည်အချင်းများပြည့်မီအောင် သက်ဆိုင်ရာကောင်စီများက စနစ်တကျစစ်ဆေးကာ ခွင့်ပြုပေးသွားရန်ဖြစ်ကြောင်း” ပြည်ထောင်စု ဝန်ကြီးက ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မိမိတို့မှာ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနေကြသူများ ဖြစ်၍ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို အမြဲလိုက်နာ စောင့်ထိန်းကြရန်နှင့် လူနာများနှင့် ပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးချိုသာစွာ ပြောဆိုဆက်ဆံရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီများမှလည်း နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆေးကုသခွင့်လိုင်စင်၊ အထူးဆေးကုသခွင့်လိုင်စင်၊ သူနာပြု/သားဖွားလိုင်စင်များ ထုတ်ပေးရာတွင် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်နှင့် အချိန်နှောင့်နှေးကြန့်ကြာမှုမဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ရက်အတွင်း သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) ၃၃၀၊ ဆရာဝန်(သစ်လွင်) (၁၃၀၁) ဦး၊ သူနာပြု (၄၆၅၇) ဦး၊ သားဖွား ဆရာမ (၈၄၃) ဦးနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၃၁၉၉) ဦးတို့ကို ခန့်အပ်တာဝန်ပေးခဲ့ပြီးဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ချက်များအရ သိရသည်။

Zawgyi Version:
ယခုလအတြင္း သစ္လြင္ဆရာဝန္ႏွင့္ သြားႏွင့္ခံတြင္း ဆရာဝန္ ၁၂၀၀ေက်ာ္ခန႔္အပ္သြားမည္
သက္ပိုင္( NP News) - ဇူလိုင္ ၃
ယခုလ(ဇူလိုင္လ)အတြင္း သြားႏွင့္ခံတြင္း ဆရာဝန္ စုစုေပါင္း (၁၂၀၀) ေက်ာ္ကို ခန႔္အပ္သြားမည္ ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာ သက္ခိုင္ဝင္းက ေျပာၾကားေၾကာင္း ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ဇူလိုင္လ ၂ ရက္က ေနျပည္ေတာ္ရွိ က်န္းမာေရးဝန္ႀကီးဌာန ႐ုံးအမွတ္(၄) တြင္ျပဳလုပ္သည့္ ျမန္မာႏိုင္ငံေဆးေကာင္စီ၊ ျမန္မာႏိုင္ငံသြားႏွင့္ခံတြင္းဆိုင္ရာေဆးေကာင္စီ၊ ျမန္မာႏိုင္ငံသူနာျပဳႏွင့္ သားဖြားေကာင္စီမ်ားႏွင့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“၂၀၂၅ ခုႏွစ္ ဇူလိုင္လတြင္ သစ္လြင္ဆရာဝန္မ်ား၊ သြားႏွင့္ခံတြင္း ဆရာဝန္ စုစုေပါင္း (၁၂၀၀) ေက်ာ္ကို ခန႔္အပ္သြားမည္ျဖစ္ပါေၾကာင္း၊ အဆိုပါဆရာဝန္မ်ား၏ ေဆးကုသခြင့္လိုင္စင္မ်ားႏွင့္ပတ္သက္၍ စနစ္တက်ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း၊ ေဆးကုသခြင့္လိုင္စင္မ်ား အသစ္ထုတ္ေပးျခင္း၊ လိုင္စင္သက္တမ္းတိုးျခင္း၊ ယာယီပိတ္သိမ္းထားရာမွ ျပန္လည္ခြင့္ျပဳျခင္းမ်ားကိုလည္း စနစ္တက် စိစစ္ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္းႏွင့္ ထိုသို႔ခြင့္ျပဳရာတြင္လည္း ၎တို႔၏ အရည္အခ်င္းမ်ားျပည့္မီေအာင္ သက္ဆိုင္ရာေကာင္စီမ်ားက စနစ္တက်စစ္ေဆးကာ ခြင့္ျပဳေပးသြားရန္ျဖစ္ေၾကာင္း” ျပည္ေထာင္စု ဝန္ႀကီးက ေျပာဆိုခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ မိမိတို႔မွာ ျပည္သူလူထု၏ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို ေဆာင္႐ြက္ေပးေနၾကသူမ်ား ျဖစ္၍ ေစာင့္ထိန္းလိုက္နာရမည့္ က်င့္ဝတ္မ်ားကို အၿမဲလိုက္နာ ေစာင့္ထိန္းၾကရန္ႏွင့္ လူနာမ်ားႏွင့္ ေျပာဆိုဆက္ဆံရာတြင္ ယဥ္ေက်းခ်ိဳသာစြာ ေျပာဆိုဆက္ဆံရန္လိုအပ္ေၾကာင္း၊ ျမန္မာႏိုင္ငံ ေဆးေကာင္စီ၊ ျမန္မာႏိုင္ငံ သြားႏွင့္ခံတြင္းဆိုင္ရာေဆးေကာင္စီ၊ ျမန္မာႏိုင္ငံ သူနာျပဳႏွင့္ သားဖြားေကာင္စီမ်ားမွလည္း ႏိုင္ငံေတာ္ႏွင့္ က်န္းမာေရးဝန္ႀကီးဌာနမွ ခ်မွတ္ထားေသာ မူဝါဒမ်ား၊ လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ ေဆးကုသခြင့္လိုင္စင္၊ အထူးေဆးကုသခြင့္လိုင္စင္၊ သူနာျပဳ/သားဖြားလိုင္စင္မ်ား ထုတ္ေပးရာတြင္ စနစ္တက် စိစစ္ေဆာင္႐ြက္သြားရန္ႏွင့္ အခ်ိန္ေႏွာင့္ေႏွးၾကန႔္ၾကာမႈမျဖစ္ေစေရး အေလးထားေဆာင္႐ြက္သြားရန္ ျပည္ေထာင္စုဝန္ႀကီးက ၫႊန္ၾကားခဲ့ေၾကာင္း သိရသည္။
၂၀၂၁ ခုႏွစ္မွ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ ၃၁ရက္အတြင္း သြားႏွင့္ခံတြင္းဆရာဝန္ (သစ္လြင္) ၃၃၀၊ ဆရာဝန္(သစ္လြင္) ၁၃၀၁ ဦး၊ သူနာျပဳ ၄၆၅၇ ဦး၊ သားဖြား ဆရာမ ၈၄၃ ဦးႏွင့္ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္ ၃၁၉၉ ဦးတို႔ကို ခန႔္အပ္တာဝန္ေပးခဲ့ၿပီးျဖစ္ေၾကာင္း နစကသတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။