ကျောင်းပြင်ပမိန်းကလေများကို လာမည့် ဒီဇင်ဘာလဆန်းမှစ၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးဆောင်ရွက်သွားမည်

72

စော (NP News) - နိုဝင်ဘာ ၁၁
အသက် (၉)နှစ်မှ (၁၁)နှစ်အတွင်းရှိ ကျောင်းပြင်ပ မိန်းကလေများကို လာမည့် ဒီဇင်ဘာလဆန်းမှစ၍ သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် Horizon Lake View ဟိုတယ် ၌ ယမန်နေ့ (နိုဝင်ဘာ ၁ဝ ရက်) က ပြုလုပ်သော ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး(HPV) ထိုးနှံခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သော အမျိုးသမီးများတွင် တတိယမြောက်အဖြစ် အများဆုံးကင်ဆာဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါအားလုံးအနက် ၇ဝ ရာခိုင်နှုန်းသည် HPV ပိုးအမျိုးအစား (၁၆)နှင့် (၁၈) ကူးစက်ခံရခြင်းကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံလျက်ရှိသည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးတွင် HPV ပိုး အမျိုးအစားလေးမျိုးဖြစ်သည့် (၆)၊ (၁၁)၊ (၁၆)၊ (၁၈)တို့ကို ကာကွယ်နိုင်သော ကာကွယ်ဆေး ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု အများဆုံးဖြစ်စေသည့် ပိုးအမျိုး အစား(၁၆)နှင့်(၁၈) ကူးစက် ခံရခြင်းမှ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည့်အပြင် ပိုးအမျိုးအစား(၆)နှင့်(၁၁)ကိုပါ ကာကွယ်ပေးနိုင်မည် ဖြစ်၍ ကြွက်နို့ဖြစ်ပွားခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲအနေဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အနေဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု (၉၀) ရာခိုင်နှုန်းရရှိသည်အထိ အောင်မြင်ခဲ့ပြီး ကျောင်းပြင်ပမိန်းကလေးငယ် များကို ဆက်လက်ထိုးနှံရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကဆိုသည်။
ထို့ကြောင့် ယခုကျင်းပသော အစည်းအဝေးကို ဆောင်ရွက်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလဆန်းမှစတင်၍ ပြည်သူ လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အသက်ကိုးနှစ်မှ ၁၁ နှစ်အတွင်း ရှိ ကျောင်းပြင်ပမိန်းကလေးငယ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းမှရရှိသည့် အတွေ့အကြုံ၊ အခွင့်အလမ်းများကိုအသုံးချပြီး လာမည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် အသက်ကိုးနှစ်မှ ၁၈ နှစ်အရွယ်အထိ မိန်းကလေးငယ်များကို အသက်အပိုင်းအခြားတိုးမြှင့်၍ သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားပါက အသက် ၁၃ နှစ်မှ ၁၉ နှစ်အတွင်း ရှိသည့် မိန်းကလေး များတွင် ကင်ဆာဖြစ်စေသည့် သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်း ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည် ဖြစ်ပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် မိန်းကလေးများတွင် အဖြစ်များသည့် ကနဦးကင်ဆာဖြစ်ပွားမှုနှုန်းကို ၃၁ ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိထိုးနှံ ပေးလျက်ရှိသည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများကို ကမ္ဘာ့ ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာမိတ်ဖက်အဖွဲ့အစည်း (GAVI Alliance for Vaccines and Immunization-GAVI)မှ ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံတော်မှလည်း GAVI အဖွဲ့နှင့် အချိုးကျထည့်ဝင်၍ (Co-financing) အစီအစဉ်ဖြင့် ဝယ်ယူကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Zawgyi Version:
ေက်ာင္းျပင္ပမိန္းကေလမ်ားကို လာမည့္ ဒီဇင္ဘာလဆန္းမွစ၍ သားအိမ္ေခါင္းကင္ဆာေရာဂါကာကြယ္ေဆးထိုးႏွံႏိုင္ေရးေဆာင္႐ြက္သြားမည္
ေစာ (NP News) - ႏိုဝင္ဘာ ၁၁
အသက္ (၉)ႏွစ္မွ (၁၁)ႏွစ္အတြင္းရွိ ေက်ာင္းျပင္ပ မိန္းကေလမ်ားကို လာမည့္ ဒီဇင္ဘာလဆန္းမွစ၍ သားအိမ္ ေခါင္းကင္ဆာေရာဂါ ကာကြယ္ေဆးထိုးႏွံႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ Horizon Lake View ဟိုတယ္ ၌ ယမန္ေန႔ (ႏိုဝင္ဘာ ၁ဝ ရက္) က ျပဳလုပ္ေသာ ျပည္သူလူထုအေျချပဳသားအိမ္ေခါင္းကင္ဆာေရာဂါ ကာကြယ္ ေဆး(HPV) ထိုးႏွံျခင္းဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
သားအိမ္ေခါင္းကင္ဆာေရာဂါသည္ ကမာၻတစ္ဝန္းလုံးရွိ အမ်ိဳးသမီးမ်ားတြင္ စတုတၳေျမာက္အျဖစ္အမ်ားဆုံး ကင္ဆာျဖစ္ၿပီး အထူးသျဖင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ ေနထိုင္ေသာ အမ်ိဳးသမီးမ်ားတြင္ တတိယေျမာက္အျဖစ္ အမ်ားဆုံးကင္ဆာျဖစ္ေၾကာင္း ဝန္ႀကီးက ေျပာသည္။
အဆိုပါသားအိမ္ေခါင္းကင္ဆာေရာဂါအားလုံးအနက္ ၇ဝ ရာခိုင္ႏႈန္းသည္ HPV ပိုးအမ်ိဳးအစား (၁၆)ႏွင့္ (၁၈) ကူးစက္ခံရျခင္းေၾကာင့္ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ လက္ရွိထိုးႏွံလ်က္ရွိသည့္ သားအိမ္ေခါင္းကင္ဆာေရာဂါ ကာကြယ္ ေဆးတြင္ HPV ပိုး အမ်ိဳးအစားေလးမ်ိဳးျဖစ္သည့္ (၆)၊ (၁၁)၊ (၁၆)၊ (၁၈)တို႔ကို ကာကြယ္ႏိုင္ေသာ ကာကြယ္ေဆး ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ သားအိမ္ေခါင္းကင္ဆာေရာဂါျဖစ္ပြားမႈ အမ်ားဆုံးျဖစ္ေစသည့္ ပိုးအမ်ိဳး အစား(၁၆)ႏွင့္(၁၈) ကူးစက္ ခံရျခင္းမွ ၉၅ ရာခိုင္ႏႈန္းအထိ ကာကြယ္ေပးႏိုင္မည့္အျပင္ ပိုးအမ်ိဳးအစား(၆)ႏွင့္(၁၁)ကိုပါ ကာကြယ္ေပးႏိုင္မည္ ျဖစ္၍ ႂကြက္ႏို႔ျဖစ္ပြားျခင္းကို ကာကြယ္ႏိုင္မည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းဌာနခြဲအေနျဖင့္ သားအိမ္ေခါင္းကင္ဆာ ေရာဂါကာကြယ္ေဆး ထိုးႏွံျခင္းလုပ္ငန္းေဆာင္႐ြက္ရာတြင္ ေက်ာင္းအေျချပဳကာကြယ္ေဆးထိုးႏွံျခင္းလုပ္ငန္း အေနျဖင့္ ကာကြယ္ေဆးလႊမ္းၿခဳံမႈ (၉၀) ရာခိုင္ႏႈန္းရရွိသည္အထိ ေအာင္ျမင္ခဲ့ၿပီး ေက်ာင္းျပင္ပမိန္းကေလးငယ္ မ်ားကို ဆက္လက္ထိုးႏွံေရး ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းကဆိုသည္။
ထို႔ေၾကာင့္ ယခုက်င္းပေသာ အစည္းအေဝးကို ေဆာင္႐ြက္ၿပီး ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလဆန္းမွစတင္၍ ျပည္သူ လူထုအေျချပဳ သားအိမ္ေခါင္းကင္ဆာေရာဂါ ကာကြယ္ေဆးထိုးႏွံျခင္းလုပ္ငန္းကို အသက္ကိုးႏွစ္မွ ၁၁ ႏွစ္အတြင္း ရွိ ေက်ာင္းျပင္ပမိန္းကေလးငယ္မ်ားကို အရွိန္အဟုန္ျမႇင့္ ဆက္လက္ထိုးႏွံႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ ျပည္သူလူထုအေျချပဳ သားအိမ္ေခါင္းကင္ဆာေရာဂါကာကြယ္ေဆးထိုးႏွံျခင္းလုပ္ငန္းမွရရွိသည့္ အေတြ႕အႀကဳံ၊ အခြင့္အလမ္းမ်ားကိုအသုံးခ်ၿပီး လာမည့္ ၂၀၂၆ ခုႏွစ္၊ ဩဂုတ္လႏွင့္ စက္တင္ဘာလမ်ားတြင္ အသက္ကိုးႏွစ္မွ ၁၈ ႏွစ္အ႐ြယ္အထိ မိန္းကေလးငယ္မ်ားကို အသက္အပိုင္းအျခားတိုးျမႇင့္၍ သားအိမ္ေခါင္း ကင္ဆာေရာဂါ ကာကြယ္ေဆးထိုးႏွံျခင္းကို ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သားအိမ္ေခါင္းကင္ဆာေရာဂါ ကာကြယ္ေဆးထိုးႏွံထားပါက အသက္ ၁၃ ႏွစ္မွ ၁၉ ႏွစ္အတြင္း ရွိသည့္ မိန္းကေလး မ်ားတြင္ ကင္ဆာျဖစ္ေစသည့္ သားအိမ္ေခါင္းကင္ဆာဗိုင္းရပ္စ္ပိုး ကူးစက္မႈႏႈန္း ၈၃ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္မည္ ျဖစ္ၿပီး အသက္ ၁၅ ႏွစ္မွ ၁၉ ႏွစ္အ႐ြယ္ မိန္းကေလးမ်ားတြင္ အျဖစ္မ်ားသည့္ ကနဦးကင္ဆာျဖစ္ပြားမႈႏႈန္းကို ၃၁ ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ လက္ရွိထိုးႏွံ ေပးလ်က္ရွိသည့္ သားအိမ္ေခါင္းကင္ဆာေရာဂါကာကြယ္ေဆးမ်ားကို ကမာၻ႔ ကာကြယ္ေဆးထိုး လုပ္ငန္းဆိုင္ရာမိတ္ဖက္အဖြဲ႕အစည္း (GAVI Alliance for Vaccines and Immunization-GAVI)မွ ပံ့ပိုးေပးလ်က္ရွိၿပီး ႏိုင္ငံေတာ္မွလည္း GAVI အဖြဲ႕ႏွင့္ အခ်ိဳးက်ထည့္ဝင္၍ (Co-financing) အစီအစဥ္ျဖင့္ ဝယ္ယူကာ ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။