ရန်ကုန်၊မန္တလေး၊တောင်ကြီး စသည့်မြို့များသို့ ပြည်တွင်းခရီးသွား အများဆုံးလည်ပတ်ခဲ့

 186

စော (NP News) - ဇူလိုင် ၉

ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်အတွင်း ပြည်တွင်းခရီးသွားများက ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံ၊ နေပြည်တော်၊ ကျိုက်ထို၊ ပဲခူး၊ ပုသိမ်၊ ကလော၊ မော်လမြိုင်၊ ချောင်းသာ၊ ကျိုင်းတုံ၊ ပြင်ဦးလွင်စသည့် တည်ငြိမ်အေးချမ်းသည့်ဒေသများကို အများဆုံးလည်ပတ်ခဲ့ကြောင်း မြန်မာနိုင်ငံပြည်တွင်းခရီးသွား စစ်တမ်း(၂၀၂၄)ခုနှစ်၏ အချက်အလက်များအရ သိရသည်။

အဆိုပါ ခရီးသွားစစ်တမ်းကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် လက်ရှိအခက်အခဲကြောင့် ကောက်ယူနိုင်ခြင်းမရှိ၍ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၂)ခုရှိ မြို့ပေါင်း (၃၀) ရှိ ထွက်ပေါက် (၂၃) ခု၊ ခရီးသွားဆွဲဆောင်ရာ နေရာ (၁၃၆) ခုတို့တွင်သာ နမူနာစစ်တမ်းကောက်ယူခဲ့ရာ စုစုပေါင်း (၇၁၇၉)စောင် ကောက်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထိုသို့ကောက်ယူရာတွင် ပြည်တွင်းခရီး သွားများ အများဆုံးသွားလာခဲ့သော ခရီးစဉ်ဒေသများ သည် ရန်ကုန် (၃၀)ရာခိုင်နှုန်း၊ မန္တလေး (၁၆) ရာခိုင်နှုန်း၊ တောင်ကြီး (၅)ရာခိုင်နှုန်းနှင့် ပုဂံ၊ နေပြည် တော်၊ ကျိုက်ထိုတို့သည် (၄)ရာခိုင်နှုန်းခန့်ရှိပြီး ပဲခူး၊ ပုသိမ်၊ ကလောတို့သည် (၃)ရာခိုင်နှုန်းခန့် ရှိခဲ့ ကြောင်း ထုတ်ပြန်ထားသည်။ထို့ပြင် မော်လမြိုင်၊ ချောင်းသာ ၊ ကျိုင်းတုံ၊ ပြင်ဦးလွင်၊ မကွေး၊ ငွေဆောင်၊ ပြည်၊ ကျောက်ဆည်၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ ညောင်ရွှေ၊ ကော့သောင်း၊ တာချီလိတ်စသည့်ဒေသများကို သွားရောက်လည်ပတ် ခဲ့သူများလည်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့လည်ပတ်ရာတွင် ဟိုတယ် သို့မဟုတ် အလားတူ‌တည်းခိုနေရာများတွင် တည်းခိုသူ (၄၀) ရာခိုင်နှုန်း၊ သူငယ်ချင်း၊ မိတ်ဆွေများထံ တည်းခိုသူ (၃၀)ရာခိုင်နှုန်း၊ မိုတယ်တွင် တည်းခိုသူ (၁၉) ရာခိုင်နှုန်း၊ အဆောင်နှင့် အခြားနေရာများတွင် တည်း ခိုသူ (၃)ရာခိုင်နှုန်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။(၂၀၂၄) ခုနှစ်အတွင်း တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးသို့ သွားရောက်လည်ပတ်ခဲ့သည့် ပြည်တွင်းခရီးသွားဧည့်သည်ပေါင်း (၁၀ ဒသ မ ၅၁၇) သန်းရှိခဲ့ပြီး (၂၀၂၃)ခုနှစ်တွင် (၁၀ ဒသမ ၆၂၄) သန်းရှိခဲ့ရာ ရာခိုင်နှုန်းအားဖြင့် (၁)ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။ သို့သော် (၂၀၂၄)ခုနှစ်တွင် ပြည်တွင်းခရီးသွား ဦးရေသည် ကိုဗစ်ကာလမတိုင်မီ (၂၀၁၉) ခုနှစ် ခရီးသွားလည်ပတ်မှုနှင့် နှိုင်းယှဉ်ပါက (၁၀ဝ) ရာခိုင် နှုန်း တိုးတက်များပြားလာကြောင်း မြန်မာနိုင်ငံပြည်တွင်းခရီးသွားစစ်တမ်းအရ သိရသည်။

zawgyi version
ရန္ကုန္၊မႏၲေလး၊ေတာင္ႀကီး စသည့္ၿမိဳ႕မ်ားသို႔ ျပည္တြင္းခရီးသြား အမ်ားဆုံးလည္ပတ္ခဲ့
ေစာ (NP News) - ဇူလိုင္ ၉

ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္အတြင္း ျပည္တြင္းခရီးသြားမ်ားက ရန္ကုန္၊ မႏၲေလး၊ ေတာင္ႀကီး၊ ပုဂံ၊ ေနျပည္ေတာ္၊ က်ိဳက္ထို၊ ပဲခူး၊ ပုသိမ္၊ ကေလာ၊ ေမာ္လၿမိဳင္၊ ေခ်ာင္းသာ၊ က်ိဳင္းတုံ၊ ျပင္ဦးလြင္စသည့္ တည္ၿငိမ္ေအးခ်မ္းသည့္ေဒသမ်ားကို အမ်ားဆုံးလည္ပတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံျပည္တြင္းခရီးသြား စစ္တမ္း(၂၀၂၄)ခုႏွစ္၏ အခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါ ခရီးသြားစစ္တမ္းကို ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ လက္ရွိအခက္အခဲေၾကာင့္ ေကာက္ယူႏိုင္ျခင္းမရွိ၍ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး (၁၂)ခုရွိ ၿမိဳ႕ေပါင္း (၃၀) ရွိ ထြက္ေပါက္ (၂၃) ခု၊ ခရီးသြားဆြဲေဆာင္ရာ ေနရာ (၁၃၆) ခုတို႔တြင္သာ နမူနာစစ္တမ္းေကာက္ယူခဲ့ရာ စုစုေပါင္း (၇၁၇၉)ေစာင္ ေကာက္ယူႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ထိုသို႔ေကာက္ယူရာတြင္ ျပည္တြင္းခရီး သြားမ်ား အမ်ားဆုံးသြားလာခဲ့ေသာ ခရီးစဥ္ေဒသမ်ား သည္ ရန္ကုန္ (၃၀)ရာခိုင္ႏႈန္း၊ မႏၲေလး (၁၆) ရာခိုင္ႏႈန္း၊ ေတာင္ႀကီး (၅)ရာခိုင္ႏႈန္းႏွင့္ ပုဂံ၊ ေနျပည္ ေတာ္၊ က်ိဳက္ထိုတို႔သည္ (၄)ရာခိုင္ႏႈန္းခန႔္ရွိၿပီး ပဲခူး၊ ပုသိမ္၊ ကေလာတို႔သည္ (၃)ရာခိုင္ႏႈန္းခန႔္ ရွိခဲ့ ေၾကာင္း ထုတ္ျပန္ထားသည္။ထို႔ျပင္ ေမာ္လၿမိဳင္၊ ေခ်ာင္းသာ ၊ က်ိဳင္းတုံ၊ ျပင္ဦးလြင္၊ မေကြး၊ ေငြေဆာင္၊ ျပည္၊ ေက်ာက္ဆည္၊ စစ္ကိုင္း၊ ျမစ္ႀကီးနား၊ ေညာင္ေ႐ႊ၊ ေကာ့ေသာင္း၊ တာခ်ီလိတ္စသည့္ေဒသမ်ားကို သြားေရာက္လည္ပတ္ ခဲ့သူမ်ားလည္းရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထိုသို႔လည္ပတ္ရာတြင္ ဟိုတယ္ သို႔မဟုတ္ အလားတူ‌တည္းခိုေနရာမ်ားတြင္ တည္းခိုသူ (၄၀) ရာခိုင္ႏႈန္း၊ သူငယ္ခ်င္း၊ မိတ္ေဆြမ်ားထံ တည္းခိုသူ (၃၀)ရာခိုင္ႏႈန္း၊ မိုတယ္တြင္ တည္းခိုသူ (၁၉) ရာခိုင္ႏႈန္း၊ အေဆာင္ႏွင့္ အျခားေနရာမ်ားတြင္ တည္း ခိုသူ (၃)ရာခိုင္ႏႈန္းရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။(၂၀၂၄) ခုႏွစ္အတြင္း တိုင္းေဒသႀကီး ႏွင့္ျပည္နယ္အသီးသီးသို႔ သြားေရာက္လည္ပတ္ခဲ့သည့္ ျပည္တြင္းခရီးသြားဧည့္သည္ေပါင္း (၁၀ ဒသ မ ၅၁၇) သန္းရွိခဲ့ၿပီး (၂၀၂၃)ခုႏွစ္တြင္ (၁၀ ဒသမ ၆၂၄) သန္းရွိခဲ့ရာ ရာခိုင္ႏႈန္းအားျဖင့္ (၁)ရာခိုင္ႏႈန္း ေလ်ာ့နည္းခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။ သို႔ေသာ္ (၂၀၂၄)ခုႏွစ္တြင္ ျပည္တြင္းခရီးသြား ဦးေရသည္ ကိုဗစ္ကာလမတိုင္မီ (၂၀၁၉) ခုႏွစ္ ခရီးသြားလည္ပတ္မႈႏွင့္ ႏႈိင္းယွဥ္ပါက (၁၀ဝ) ရာခိုင္ ႏႈန္း တိုးတက္မ်ားျပားလာေၾကာင္း ျမန္မာႏိုင္ငံျပည္တြင္းခရီးသြားစစ္တမ္းအရ သိရသည္။

Related news

© 2021. All rights reserved.