Qantas လေကြောင်းလိုင်းက လေယာဉ်စီးနင်းသူ တစ်သန်းကျော်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်များပေါက်ကြားခဲ့ကြောင်း အတည်ပြု

 318

ရောင်နီ (NP News) - ဇူလိုင် ၁ဝ

သြစတြေးလျနိုင်ငံရဲ့ Qantas Airways က နိုင်ငံအတွင်း နှစ်များစွာအတွင်း အကြီးမားဆုံးဖြစ်တဲ့ ဆိုက်ဘာတိုက်ခိုက်ခံရပြီး လေကြောင်းလိုင်း အသုံးပြုစီးနင်းသူ တစ်သန်းကျော်ရဲ့ဖုန်းနံပါတ်၊ မွေးရက် (သို့မဟုတ်) နေရပ်လိပ်စာတွေ ပေါက်ကြားခဲ့တယ်လို့ ဇူလိုင် ၉ ရက်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
ဒါအပြင် အမည်နဲ့ အီးမေးလိပ်စာ ပေါက်ကြားခဲ့တဲ့ အခြားလေကြောင်းလိုင်း အသုံးပြုသူ လေးသန်းရှိတယ်လို့ လေကြောင်းလိုင်း အော်ပရေတာက ပြောကြားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် ဇူလိုင် ၂ ရက်က ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အသုံးပြုသူ ၆ သန်းထိ ထိခိုက်ခဲ့ရကာ လက်ရှိ ထိခိုက်ခံထားရတဲ့ အသုံးပြုသူ ၅.၇ သန်းရဲ့ မိတ္တူပွားမှတ်တမ်းတွေကို လေကြောင်းလိုင်းက ဖယ်ရှားထားပြီဖြစ်တယ်လို့ ဆိုပါတယ်။
အသုံးပြုသူတွေရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ထွက်ပေါ်လာတဲ့အထောက်အထားတော့ မရှိသလို ဒီအခြေအနေကို ကုမ္ပဏီက သေချာစောင့်ကြည့်နေတယ်လို့ ကွမ်တက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"အခင်းဖြစ်ပွားပြီးကတည်းက၊ ကျွန်ုပ်တို့ ဖောက်သည်တွေရဲ့အချက်အလက်တွေကို ပိုမိုကာကွယ်နိုင်ဖို့ ဆိုက်ဘာလုံခြုံရေး အစီအမံများစွာ ထားရှိပြီး ဆက်လက်သုံးသပ်နေပါတယ်" လို့ Qantas Group အမှုဆောင်အရာရှိချုပ် ဗက်နက်ဆာဟက်ဆန်က ပြောကြားပ့တယ်။
ဒီ ဆာဗာတိုက်ခိုက် ခံရမှုဟာ ၂၀၂၂ ခုနှစ်က ဆက်သွယ်ရေးကုမ္ပဏီကြီး Optus နဲ့ ကျန်းမာရေးအာမခံ Medibank မှာ တိုက်ခိုက်ခံရပြီးနောက်ပိုင်းဖြစ်တဲ့နိုင်ငံမှာ အထင်ရှားဆုံးသော ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပါတယ်။

Zawgyi Version:
Qantas ေလေၾကာင္းလိုင္းက ေလယာဥ္စီးနင္းသူ တစ္သန္းေက်ာ္ရဲ႕ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားေပါက္ၾကားခဲ့ေၾကာင္း အတည္ျပဳ
ေရာင္နီ (NP News)

ၾသစေၾတးလ်ႏိုင္ငံရဲ႕ Qantas Airways က ႏိုင္ငံအတြင္း ႏွစ္မ်ားစြာအတြင္း အႀကီးမားဆုံးျဖစ္တဲ့ ဆိုက္ဘာတိုက္ခိုက္ခံရၿပီး ေလေၾကာင္းလိုင္း အသုံးျပဳစီးနင္းသူ တစ္သန္းေက်ာ္ရဲ႕ဖုန္းနံပါတ္၊ ေမြးရက္ (သို႔မဟုတ္) ေနရပ္လိပ္စာေတြ ေပါက္ၾကားခဲ့တယ္လို႔ ဇူလိုင္ ၉ ရက္မွာ အတည္ျပဳေျပာၾကားခဲ့ပါတယ္။
ဒါအျပင္ အမည္နဲ႔ အီးေမးလိပ္စာ ေပါက္ၾကားခဲ့တဲ့ အျခားေလေၾကာင္းလိုင္း အသုံးျပဳသူ ေလးသန္းရွိတယ္လို႔ ေလေၾကာင္းလိုင္း ေအာ္ပေရတာက ေျပာၾကားပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ ဇူလိုင္ ၂ ရက္က ဆိုက္ဘာတိုက္ခိုက္ခံခဲ့ရတာျဖစ္ၿပီး အသုံးျပဳသူ ၆ သန္းထိ ထိခိုက္ခဲ့ရကာ လက္ရွိ ထိခိုက္ခံထားရတဲ့ အသုံးျပဳသူ ၅.၇ သန္းရဲ႕ မိတၱဴပြားမွတ္တမ္းေတြကို ေလေၾကာင္းလိုင္းက ဖယ္ရွားထားၿပီျဖစ္တယ္လို႔ ဆိုပါတယ္။
အသုံးျပဳသူေတြရဲ႕ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ ထြက္ေပၚလာတဲ့အေထာက္အထားေတာ့ မရွိသလို ဒီအေျခအေနကို ကုမၸဏီက ေသခ်ာေစာင့္ၾကည့္ေနတယ္လို႔ ကြမ္တက္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
"အခင္းျဖစ္ပြားၿပီးကတည္းက၊ ကြၽႏ္ုပ္တို႔ ေဖာက္သည္ေတြရဲ႕အခ်က္အလက္ေတြကို ပိုမိုကာကြယ္ႏိုင္ဖို႔ ဆိုက္ဘာလုံၿခဳံေရး အစီအမံမ်ားစြာ ထားရွိၿပီး ဆက္လက္သုံးသပ္ေနပါတယ္" လို႔ Qantas Group အမႈေဆာင္အရာရွိခ်ဳပ္ ဗက္နက္ဆာဟက္ဆန္က ေျပာၾကားပ့တယ္။
ဒီ ဆာဗာတိုက္ခိုက္ ခံရမႈဟာ ၂၀၂၂ ခုႏွစ္က ဆက္သြယ္ေရးကုမၸဏီႀကီး Optus နဲ႔ က်န္းမာေရးအာမခံ Medibank မွာ တိုက္ခိုက္ခံရၿပီးေနာက္ပိုင္းျဖစ္တဲ့ႏိုင္ငံမွာ အထင္ရွားဆုံးေသာ ဆိုက္ဘာတိုက္ခိုက္မႈ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.