အိန္ဒိယမှာ ရထားလမ်းပေါ် မီးဖွားနေတဲ့ဆင်တစ်ကောင်ကြောင့် ရထားတစ်စီး အချိန် ၂ နာရီ ခန့် ရပ်နား စောင့်ဆိုင်းပေးရ

543

ရောင်နီ (NP News) - ဇူလိုင် ၁၃
အိန္ဒိယနိုင်ငံမှာ ရထားလမ်းပေါ် မီးဖွားနေတဲ့ဆင်တစ်ကောင်ကြောင့် ရထားခရီးစဉ် ခဏရပ်နားလိုက်ရပါတယ်။
သဘာဝပတ်ဝန်းကျင်၊ သစ်တောနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီး မစ္စတာဘူပန်ဒါရာဒေ့ဗ် ရဲ့ ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှာ ဇူလိုင် ၉ ရက်က တင်ထားတဲ့ ဗီဒီယိုတစ်ခုအရ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန် ပြည်နယ်ရှိ မီးရထားလမ်းဘေးကို ဆင်တစ်ကောင် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဒီအကြောင်းကို ဖြစ်ရပ် ဖြစ်ပွားရာနေရာအနီး ဘူတာနှစ်ခုကြားရှိ ရထားလမ်းတစ်လျှောက်ဖြတ်သန်းသွားလာနေတဲ့ ရထားအားလုံးကို သစ်တောအရာရှိက သတိပေးချက်ထုတ်ပြန်ခဲ့ရပြီး ကျောက်မီးသွေး သယ်ဆောင်လာတဲ့ ရထားတစ်စီးဟာ ဆင်ကြီးမီးဖွားပြီးတဲ့အထိ အချိန် နှစ်နာရီခန့် ရထားလမ်းပေါ် ရပ်နားပေးလိုက်ရတယ်လို့ သိရပါတယ်။
နောက်ဆုံးမှာတော့ ဆင်မကြီးဟာ ကျန်းမာတဲ့ ဆင်ပေါက်လေးကို မွေးဖွားနိုင်ခဲ့ပြီး မိခင်ရော ကလေးပါ မီးရထားလမ်းမှ ဘေးကင်းလုံခြုံစွာ တောထဲပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီး မစ္စတာ ဘူပန်ဒါရာဒေ့ဗ် တင်ထားတဲ့ ဗီဒီယိုဟာ ကြည့်ရှုသူ ၅၀,၀၀၀ ကျော် ရှိခဲ့ပြီး "ရထားကို အချိန်မီရပ်ပြီး မိခင်ရော ကလေးကိုပါ ကယ်တင်ခဲ့တဲ့ ရထားမောင်းသူကို အလေးပြုပါတယ်” ဆိုတဲ့ မှတ်ချက်တွေလည်း မြင်တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံတစ်ဝှမ်း မီးရထားသံလမ်းတလျှောက်မှာ တောရိုင်းတိရစ္ဆာန်တွေ ရထားလမ်းကို ဖြတ်လျှာက်လို့ ရထား ခရီးစဉ်နှောင့်နှေးရတဲ့ ဖြစ်ရပ် ၁၁၀ ကျော်ထိ ရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
အိႏၵိယမွာ ရထားလမ္းေပၚ မီးဖြားေနတဲ့ဆင္တစ္ေကာင္ေၾကာင့္ ရထားတစ္စီး အခ်ိန္ ၂ နာရီ ခန႔္ ရပ္နား ေစာင့္ဆိုင္း ေပးရ
ေရာင္နီ (NP News) - ဇူလိုင္ ၁၃
အိႏၵိယႏိုင္ငံမွာ ရထားလမ္းေပၚ မီးဖြားေနတဲ့ဆင္တစ္ေကာင္ေၾကာင့္ ရထားခရီးစဥ္ ခဏရပ္နားလိုက္ရပါတယ္။
သဘာဝပတ္ဝန္းက်င္၊ သစ္ေတာနဲ႔ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာဝန္ႀကီး မစၥတာဘူပန္ဒါရာေဒ့ဗ္ ရဲ႕ ဆိုရွယ္မီဒီယာပလပ္ေဖာင္း X မွာ ဇူလိုင္ ၉ ရက္က တင္ထားတဲ့ ဗီဒီယိုတစ္ခုအရ အိႏၵိယႏိုင္ငံ အေရွ႕ပိုင္း ဂ်ာခန္ ျပည္နယ္ရွိ မီးရထားလမ္းေဘးကို ဆင္တစ္ေကာင္ ဝင္ေရာက္လာတာေတြ႕ရပါတယ္။ ဒီအေၾကာင္းကို ျဖစ္ရပ္ ျဖစ္ပြားရာေနရာအနီး ဘူတာႏွစ္ခုၾကားရွိ ရထားလမ္းတစ္ေလွ်ာက္ျဖတ္သန္းသြားလာေနတဲ့ ရထားအားလုံးကို သစ္ေတာအရာရွိက သတိေပးခ်က္ထုတ္ျပန္ခဲ့ရၿပီး ေက်ာက္မီးေသြး သယ္ေဆာင္လာတဲ့ ရထားတစ္စီးဟာ ဆင္ႀကီးမီးဖြားၿပီးတဲ့အထိ အခ်ိန္ ႏွစ္နာရီခန႔္ ရထားလမ္းေပၚ ရပ္နားေပးလိုက္ရတယ္လို႔ သိရပါတယ္။
ေနာက္ဆုံးမွာေတာ့ ဆင္မႀကီးဟာ က်န္းမာတဲ့ ဆင္ေပါက္ေလးကို ေမြးဖြားႏိုင္ခဲ့ၿပီး မိခင္ေရာ ကေလးပါ မီးရထားလမ္းမွ ေဘးကင္းလုံၿခဳံစြာ ေတာထဲျပန္လည္ထြက္ခြာသြားခဲ့တယ္လို႔ သိရပါတယ္။ ဝန္ႀကီး မစၥတာ ဘူပန္ဒါရာေဒ့ဗ္ တင္ထားတဲ့ ဗီဒီယိုဟာ ၾကည့္ရႈသူ ၅၀,၀၀၀ ေက်ာ္ ရွိခဲ့ၿပီး "ရထားကို အခ်ိန္မီရပ္ၿပီး မိခင္ေရာ ကေလးကိုပါ ကယ္တင္ခဲ့တဲ့ ရထားေမာင္းသူကို အေလးျပဳပါတယ္” ဆိုတဲ့ မွတ္ခ်က္ေတြလည္း ျမင္ေတြ႕ရပါတယ္။
အိႏၵိယႏိုင္ငံတစ္ဝွမ္း မီးရထားသံလမ္းတေလွ်ာက္မွာ ေတာ႐ိုင္းတိရစာၦန္ေတြ ရထားလမ္းကို ျဖတ္လွ်ာက္လို႔ ရထား ခရီးစဥ္ေႏွာင့္ေႏွးရတဲ့ ျဖစ္ရပ္ ၁၁၀ ေက်ာ္ထိ ရွိတယ္လို႔ သိရပါတယ္။