မြန်မာနိုင်ငံသည် SCO အဖွဲ့ဝင်အားလုံးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လက်တွဲဆောင်ရွက်မည်ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးဆို

322

သန့်ဇင်(NP News)-ဇူလိုင် ၁၄
မြန်မာနိုင်ငံအနေဖြင့် Shanghai Cooperation Organization(SCO)အဖွဲ့ဝင်အားလုံးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ကြောင်း သိရသည်။
နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ဒုတိယအကြိမ်မြောက် ဒစ်ဂျစ်တယ်စီးပွားရေးဖိုရမ် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ဇူလိုင် ၉ ရက်မှ ၁၂ ရက်အထိ သွားရောက်ခဲ့ကြောင်း သိရသည်။
ဖိုရမ်ဖွင့်ပွဲကို ဇူလိုင် ၁၁ ရက်၊ နံနက် ၁၀ နာရီတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့၊ Renaissance Tianjin Lakeview ဟိုတယ်၌ကျင်းခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ဒစ်ဂျစ်တယ်စီးပွားရေးသည် လူ့အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် နေထိုင်မှုပုံစံများကို များစွာပြောင်းလဲပေးနေသည့် စွမ်းအားတစ်ခုဖြစ်လာကြောင်းနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အသက်သွေးကြောဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့ပြင် ဒစ်ဂျစ်တယ်စီးပွားရေးသည် မြန်မာနိုင်ငံအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကြံ့ခိုင်မှုရှိစေနိုင်သည့် ဗျူဟာမြောက်အင် အားအဖြစ် ရှုမြင်ပါကြောင်းလည်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်နှင့် ပြည်သူ/ ပြည်သားများအတွက် အကျိုးရှိစေမည့် ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်သည့် ဒစ်ဂျစ်တယ်စီးပွားရေးကို တည်ဆောက်မြှင့်တင်သွားရန် ဆုံးဖြတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒစ်ဂျစ်တယ်နည်းပညာများသည် နိုင်ငံနယ်နိမိတ်များကို လိုက်နာခြင်း မရှိသည့်အတွက် ဒစ်ဂျစ်တယ်စီးပွားရေး၏ စိန်ခေါ်မှုများကို ဖြေရှင်းသည့်အခါ နိုင်ငံတကာပူးပေါင်းမှု လိုအပ်ပါ ကြောင်းလည်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့ကြောင်း သိရသည်။
SCO အဖွဲ့ဝင် နိုင်ငံ များအတွင်း အလေ့အကျင့်ကောင်းများနှင့် အရင်းအမြစ်များကို မျှဝေပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းတွင် သာမက ကမ္ဘာ တစ်ဝန်း ဒီဂျစ်တယ်စီးပွားရေး၏ အကျိုးကျေးဇူးများကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့ဝင်အားလုံးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်သည့် ကြံ့ခိုင်မှုပြည့်ဝသော ဒစ်ဂျစ်တယ်အနာဂတ်ကို တည်ဆော က်ရာတွင် လက်တွဲပူးပေါင်းကြရန် လည်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဖိုရမ်ကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်အတွင်း ဝန်ကြီးအဆင့် တံခါးပိတ်အစည်းအဝေး၊ open forum နှင့် ခေါင်းစဉ် အလိုက် သီးခြားဆွေးနွေးမှုများအပြင် ထျန်းကျင်းတက္ကသိုလ်များမှ ကျွမ်းကျင်ပညာရှင်များ၏ ဟောပြောပို့ချဆွေးနွေးမှုများပါ ပါဝင် ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံသည္ SCO အဖြဲ႕ဝင္အားလုံးႏွင့္ ဒစ္ဂ်စ္တယ္စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရး လက္တြဲေဆာင္႐ြက္မည္ဟု ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးဆို
သန႔္ဇင္(NP News)-ဇူလိုင္ ၁၄
ျမန္မာႏိုင္ငံအေနျဖင့္ Shanghai Cooperation Organization(SCO)အဖြဲ႕ဝင္အားလုံးႏွင့္ ဒစ္ဂ်စ္တယ္စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရး လက္တြဲေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
နစကအဖြဲ႕ဝင္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ တ႐ုတ္ႏိုင္ငံ ထ်န္းက်င္းၿမိဳ႕၌ က်င္းပေသာ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) ၏ ဒုတိယအႀကိမ္ေျမာက္ ဒစ္ဂ်စ္တယ္စီးပြားေရးဖိုရမ္ တက္ေရာက္ရန္ တ႐ုတ္ႏိုင္ငံသို႔ ဇူလိုင္ (၉) ရက္မွ (၁၂) ရက္အထိ သြားေရာက္ခဲ့ေၾကာင္း သိရသည္။
ဖိုရမ္ဖြင့္ပြဲကို ဇူလိုင္ ၁၁ ရက္၊ နံနက္ ၁၀ နာရီတြင္ တ႐ုတ္ႏိုင္ငံ ထ်န္းက်င္းၿမိဳ႕၊ Renaissance Tianjin Lakeview ဟိုတယ္၌က်င္းခဲ့ရာ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္ေထာင္စုဝန္ႀကီးက ႏႈတ္ခြန္းဆက္စကား ေျပာၾကားရာတြင္ ထည့္သြင္း ေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ယေန႔ဒစ္ဂ်စ္တယ္စီးပြားေရးသည္ လူ႔အဖြဲ႕အစည္းမ်ား၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ေနထိုင္မႈပုံစံမ်ားကို မ်ားစြာေျပာင္းလဲေပးေနသည့္ စြမ္းအားတစ္ခုျဖစ္လာေၾကာင္းႏွင့္ အနာဂတ္ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားအတြက္ အသက္ေသြးေၾကာျဖစ္ေၾကာင္း ဒုတိယ ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။
ထို႔ျပင္ ဒစ္ဂ်စ္တယ္စီးပြားေရးသည္ ျမန္မာႏိုင္ငံအတြက္ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေစရန္ႏွင့္ ႀကံ့ခိုင္မႈရွိေစႏိုင္သည့္ ဗ်ဴဟာေျမာက္အင္ အားအျဖစ္ ရႈျမင္ပါေၾကာင္းလည္း ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္ႏွင့္ ျပည္သူ/ ျပည္သားမ်ားအတြက္ အက်ိဳးရွိေစမည့္ ယုံၾကည္စိတ္ခ်ရၿပီး အားလုံးပါဝင္ႏိုင္သည့္ ဒစ္ဂ်စ္တယ္စီးပြားေရးကို တည္ေဆာက္ျမႇင့္တင္သြားရန္ ဆုံးျဖတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ဒစ္ဂ်စ္တယ္နည္းပညာမ်ားသည္ ႏိုင္ငံနယ္နိမိတ္မ်ားကို လိုက္နာျခင္း မရွိသည့္အတြက္ ဒစ္ဂ်စ္တယ္စီးပြားေရး၏ စိန္ေခၚမႈမ်ားကို ေျဖရွင္းသည့္အခါ ႏိုင္ငံတကာပူးေပါင္းမႈ လိုအပ္ပါ ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
SCO အဖြဲ႕ဝင္ႏိုင္ငံမ်ားအတြင္း အေလ့အက်င့္ေကာင္းမ်ားႏွင့္ အရင္းအျမစ္မ်ားကို မွ်ေဝပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ေဒသတြင္းတြင္ သာမက ကမာၻတစ္ဝန္း ဒီဂ်စ္တယ္စီးပြားေရး၏ အက်ိဳးေက်းဇူးမ်ားကို အျပည့္အဝခံစားႏိုင္မည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ SCO အဖြဲ႕ဝင္အားလုံးႏွင့္ ဒစ္ဂ်စ္တယ္စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေစေရး လက္တြဲေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ယုံၾကည္စိတ္ခ်ရၿပီး အားလုံးပါဝင္ႏိုင္သည့္ ႀကံ့ခိုင္မႈျပည့္ဝေသာ ဒစ္ဂ်စ္တယ္အနာဂတ္ကို တည္ေဆာ က္ရာတြင္ လက္တြဲပူးေပါင္းၾကရန္ လည္း ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါဖိုရမ္ကို ဒုတိယအႀကိမ္ က်င္းပျခင္းျဖစ္ၿပီး ဖိုရမ္အတြင္း ဝန္ႀကီးအဆင့္ တံခါးပိတ္အစည္းအေဝး၊ open forum ႏွင့္ ေခါင္းစဥ္ အလိုက္ သီးျခားေဆြးေႏြးမႈမ်ားအျပင္ ထ်န္းက်င္းတကၠသိုလ္မ်ားမွ ကြၽမ္းက်င္ပညာရွင္မ်ား၏ ေဟာေျပာပို႔ခ်ေဆြးေႏြးမႈမ်ားပါ ပါဝင္ ေၾကာင္း သိရသည္။