ဂျာမနီနိုင်ငံရှိ ဘာဗာရီယာ ဒဏ္ဍာရီဘုံနန်းတော် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်

171
ရောင်နီ (NP News) - ဇူလိုင် ၁၄
ဘာဗာရီယာဒဏ္ဍာရီပုံပြင် တော်ဝင်ရဲတိုက် နို့ချ်ဗန်စတိုင်း ဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ဝင်ရောက်ခဲ့ပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၁၂ ရက်မှာ ပြောကြားပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီက ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ ပြုလုပ်တဲ့ ၄၇ ကြိမ်မြောက်အစည်းအဝေး အတွင်း King Ludwig II ရဲ့ ၁၉ ရာစု နန်းတော် နို့ချ်ဗန်စတိုင်းရဲ့ဗိသုကာနဲ့ ယဉ်ကျေးမှုဆိုင်ရာအရေးပါမှုကို အသိအမှတ်ပြုခဲ့ပါတယ်။ နို့ချ်ဗန်စတိုင်း နန်းတော်ကို ၁၈၆၉ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပေမယ့် ပရောဂျက် မပြီးမြောက်ခဲ့ပါဘူး။ ၁၈၈၆ ခုနှစ်၊ ဘာဗာရီယန်ဘုရင် ကွယ်လွန်တဲ့အချိန်မှာ တည်ဆောက်မှု ရပ်တန့်ခဲ့ပါတယ်။
ရဲတိုက်ဟာ ယခုအချိန်မှာတော့ ဂျာမနီရဲ့ အကျော်ကြားဆုံး ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်နေပြီး တစ်နှစ်ကို ဧည့်သည် ၁.၄ သန်းခန့် လာရောက်လည်ပတ်လေ့ ရှိပါတယ်။ ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဘာဗာရီယန်ပြည်နယ် ၀န်ကြီးချုပ် မက်ခ်က်ဆိုဒါက ဘာဗာရီယာရဲ့အထင်ကရနေရာကို ကမ္ဘာတစ်ဝှမ်း အမှတ်အသားပြုခြင်းအဖြစ် ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ာမနီႏိုင္ငံရွိ ဘာဗာရီယာ ဒ႑ာရီဘုံနန္းေတာ္ ကမာၻ႔အေမြအႏွစ္စာရင္း ဝင္ေရာက္
ေရာင္နီ (NP News) - ဇူလိုင္ ၁၄
ဘာဗာရီယာဒ႑ာရီပုံျပင္ ေတာ္ဝင္ရဲတိုက္ ႏို႔ခ်္ဗန္စတိုင္း ဟာ ယူနက္စကို ကမာၻ႔အေမြအႏွစ္စာရင္းမွာ ဝင္ေရာက္ခဲ့ၿပီျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ဇူလိုင္ ၁၂ ရက္မွာ ေျပာၾကားပါတယ္။
ယူနက္စကို ကမာၻ႔အေမြအႏွစ္ေကာ္မတီက ျပင္သစ္ႏိုင္ငံ၊ ပဲရစ္မွာ ျပဳလုပ္တဲ့ ၄၇ ႀကိမ္ေျမာက္အစည္းအေဝး အတြင္း King Ludwig II ရဲ႕ ၁၉ ရာစု နန္းေတာ္ ႏို႔ခ်္ဗန္စတိုင္းရဲ႕ဗိသုကာနဲ႔ ယဥ္ေက်းမႈဆိုင္ရာအေရးပါမႈကို အသိအမွတ္ျပဳခဲ့ပါတယ္။ ႏို႔ခ်္ဗန္စတိုင္း နန္းေတာ္ကို ၁၈၆၉ ခုႏွစ္မွာ စတင္ေဆာက္လုပ္ခဲ့ေပမယ့္ ပေရာဂ်က္ မၿပီးေျမာက္ခဲ့ပါဘူး။ ၁၈၈၆ ခုႏွစ္၊ ဘာဗာရီယန္ဘုရင္ ကြယ္လြန္တဲ့အခ်ိန္မွာ တည္ေဆာက္မႈ ရပ္တန႔္ခဲ့ပါတယ္။
ရဲတိုက္ဟာ ယခုအခ်ိန္မွာေတာ့ ဂ်ာမနီရဲ႕ အေက်ာ္ၾကားဆုံး ခရီးသြားေနရာေတြထဲက တစ္ခုျဖစ္ေနၿပီး တစ္ႏွစ္ကို ဧည့္သည္ ၁.၄ သန္းခန႔္ လာေရာက္လည္ပတ္ေလ့ ရွိပါတယ္။ ကမာၻ႔အေမြအႏွစ္ မွတ္တမ္းဝင္ခဲ့ျခင္းနဲ႔ ပတ္သက္ၿပီး ဘာဗာရီယန္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ မက္ခ္က္ဆိုဒါက ဘာဗာရီယာရဲ႕အထင္ကရေနရာကို ကမာၻတစ္ဝွမ္း အမွတ္အသားျပဳျခင္းအျဖစ္ ခ်ီးက်ဴးဂုဏ္ျပဳခဲ့တယ္လို႔ သိရပါတယ္။