ရန်ကုန်တွင် AA ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ခွင့်ပြုချက်မရဖြစ်နေဟုဆို

1526

သက်ပိုင်( NP News) - ဇူလိုင် ၁၄
ရခိုင်ပြည်နယ်တောင်ပိုင်း မှ ရန်ကုန်တိုင်းဒေသကြီးသို့ လာရောက်ရွေ့ပြောင်းနေထိုင်သူများက AA အဖွဲ့အား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ခွင့်ပြုချက်မရ ဖြစ်နေကြောင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန် ဦးဆောင်သူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဇွန်လ ဒုတိယအပတ်မှ စတင်၍ ယခုအချိန်ထိတိုင် သုံးကြိမ် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရပဲ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့က ရခိုင်ဆိုပေမယ့် AA ကိုမထောက်ခံတဲ့အကြောင်း၊ သူတို့ကို ကန့်ကွက်ကြောင်းကို လူငါးရာလောက်နဲ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ချင်တာပါ။ဒါပေမယ့် ကိုဗစ်ကြောင့်ဆိုပြီး လုပ်ခွင့်မရခဲ့ဘူး။နောက်ပြီးတာမွေမြို့နယ်ထဲမှာရှိတဲ့ အရင်က ဟစ်တိုင်ကွင်းမှာ လုပ်ဖို့အတွက် ခွင့်ပြုချက်ထပ်တောင်းတယ်။ ဒါပေမယ့် ခွင့်ပြုချက်မရခဲ့ပါဘူး ”ဟု ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန် ဦးဆောင်သူကပြောသည်။
ရခိုင်လူမျိုးတိုင်းသည် AA ကိုမထောက်ခံကြောင်းကို အများပြည်သူ သိရှိစေရေးအတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံအတွင်းရှိ မြို့အချို့တွင်လည်း ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။
ဆန္ဒထုတ်ဖော်ပါက တိုင်းရင်းသား အမည်ခံ ULA/AA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းမှ ချက်ချင်းထွက်သွားရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ က ULA/AA ဘိန်းရာဇာအဖွဲ့အား အမြစ်ပြတ် ချေမှုန်းပေးရန် နှင့် အကြမ်းဖက်များကို အကြမ်းဖျက်နှင့် တူသည့်အတိုင်း တိုက်ခိုက်ပေးရန် တို့ကို တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္တြင္ AA ကို ကန႔္ကြက္ေၾကာင္း ဆႏၵထုတ္ေဖာ္ပြဲ ျပဳလုပ္ရန္ စီစဥ္ထားေသာ္လည္း ခြင့္ျပဳခ်က္မရျဖစ္ေန ဟုဆို
သက္ပိုင္( NP News) - ဇူလိုင္ ၁၄
ရခိုင္ျပည္နယ္ေတာင္ပိုင္း မွ ရန္ကုန္တိုင္းေဒသႀကီးသို႔ လာေရာက္ေ႐ြ႕ေျပာင္းေနထိုင္သူမ်ားက AA အဖြဲ႕အား ကန႔္ကြက္ေၾကာင္း ဆႏၵထုတ္ေဖာ္ပြဲ ျပဳလုပ္ရန္ စီစဥ္ထားေသာ္လည္း ခြင့္ျပဳခ်က္မရ ျဖစ္ေနေၾကာင္း ဆႏၵထုတ္ေဖာ္ပြဲျပဳလုပ္ရန္ ဦးေဆာင္သူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါ ဆႏၵထုတ္ေဖာ္ပြဲႏွင့္ပတ္သက္၍ သက္ဆိုင္ရာသို႔ ဇြန္လ ဒုတိယအပတ္မွ စတင္၍ ယခုအခ်ိန္ထိတိုင္ သုံးႀကိမ္ ခြင့္ျပဳခ်က္ ေတာင္းခံခဲ့ေသာ္လည္း ခြင့္ျပဳခ်က္မရပဲ ျဖစ္ေနေၾကာင္း ၎က ဆိုသည္။
“ကြၽန္ေတာ္တို႔က ရခိုင္ဆိုေပမယ့္ AA ကိုမေထာက္ခံတဲ့အေၾကာင္း၊ သူတို႔ကို ကန႔္ကြက္ေၾကာင္းကို လူငါးရာေလာက္နဲ႔ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ဆႏၵထုတ္ေဖာ္ခ်င္တာပါ။ဒါေပမယ့္ ကိုဗစ္ေၾကာင့္ဆိုၿပီး လုပ္ခြင့္မရခဲ့ဘူး။ေနာက္ၿပီးတာေမြၿမိဳ႕နယ္ထဲမွာရွိတဲ့ အရင္က ဟစ္တိုင္ကြင္းမွာ လုပ္ဖို႔အတြက္ ခြင့္ျပဳခ်က္ထပ္ေတာင္းတယ္။ ဒါေပမယ့္ ခြင့္ျပဳခ်က္မရခဲ့ပါဘူး ”ဟု ဆႏၵထုတ္ေဖာ္ပြဲျပဳလုပ္ရန္ ဦးေဆာင္သူကေျပာသည္။
ရခိုင္လူမ်ိဳးတိုင္းသည္ AA ကိုမေထာက္ခံေၾကာင္းကို အမ်ားျပည္သူ သိရွိေစေရးအတြက္ ဆႏၵထုတ္ေဖာ္ရျခင္းျဖစ္ေၾကာင္း ႏွင့္ ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕အခ်ိဳ႕တြင္လည္း ဆႏၵထုတ္ေဖာ္ပြဲ ျပဳလုပ္ရန္ ရည္႐ြယ္ထားေၾကာင္း ၎ကဆိုသည္။
ဆႏၵထုတ္ေဖာ္ပါက တိုင္းရင္းသား အမည္ခံ ULA/AA အၾကမ္းဖက္ လက္နက္ကိုင္အဖြဲ႕ ရခိုင္ျပည္နယ္ ေတာင္ပိုင္းမွ ခ်က္ခ်င္းထြက္သြားရန္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠဌ က ULA/AA ဘိန္းရာဇာအဖြဲ႕အား အျမစ္ျပတ္ ေခ်မႈန္းေပးရန္ ႏွင့္ အၾကမ္းဖက္မ်ားကို အၾကမ္းဖ်က္ႏွင့္ တူသည့္အတိုင္း တိုက္ခိုက္ေပးရန္ တို႔ကို ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။