အို မြောက်ပိုင်းလမ်း မူဆယ် - နမ့်ခမ်းလမ်း

118

သုတကျော် (NP News) - ဒီဇင်ဘာ ၁၇
တစ်ခေတ်တစ်ခါက နာမည်ကျော် အဆိုတော်ကြီး စိုင်းဆိုင်မော့ဝ် ၏ မူဆယ် - နမ့်ခမ်းလမ်း အမည်ရှိ သီချင်းကို ကို အများစု ကြားဖူးကြပေလိမ့်မည်။ အဆိုပါ သီချင်းသည် တစ်ခေတ်တစ်ခါ က ကုန်စည် ကူးသန်းရာ မြို့နှစ်မြို့ကြား လမ်းအခြေအနေကို စပ်ဆိုထားခြင်း ဖြစ်သောကြောင့် နားထောင် ဖူးသူတိုင်းမှာ လမ်း၏ အခြေအနေကို မြင်ကြရသည်။
ကုန်သွယ်ကူးသန်းရေး လမ်းတစ်လမ်း ဖြစ်သော်လည်း လမ်းမကောင်းသည့် အတွက် အန္တရာယ် များပုံ နှင့် ထိုခေတ်က ယာဉ်မောင်းတို့ မည်မျှလောက် ထိန်းသိမ်းမောင်းနှင်ကြရပုံကို သီချင်း စာသားများ ကတဆင့် ထိတွေ့ခွင့် ရခဲ့ကြရဖူးသည်။ ထို့ကြောင့် မူဆယ် - နမ့်ခမ်းလမ်းဟုသည် မြန်မာပြည်သူ၊ ပြည် သားများ နှင့် မစိမ်းလှပေ။
လမ်းအကြောင်း မပြောမီ လမ်းက ချိတ်ဆက်ပေးထားသော မြို့နှစ်မြို့ အကြောင်းကို ဦးစွာ ဖော်ပြရပေဦးမည်။ မူဆယ်မြို့ ဟု ဆိုလိုက်လျှင် နယ်စပ်ကုန်သွယ်ရေး မြို့ အဖြစ် သိထားကြသည်မှာ ကြာပြီ ဖြစ်သည်။ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် နှင့် တွဲဖက်ပြီး မှတ်သားထားကြသော ယင်းမြို့သည် မြန်မာ - တရုတ် ကုန်သွယ်ရေး အတွက် အဓိကကျသော မြို့ တစ်မြို့ ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ နယ်စပ်မှ မြို့ကြီးတစ်မြို့လည်း ဖြစ်ပေသည်။ နမ့်ခမ်းကား နယ်စပ်ကုန်သွယ်ရေးမြို့ အဖြစ် ထင်ရှားခြင်း မဟုတ်သည့် တိုင် ကုန်သွယ်ရေး အတွက် ခရီးတစ်ထောက်မြို့ အဖြစ်ကား အသုံးဝင်သည်။ ထို့ပြင် မြို့ နယ်အတွင်း နောင်တောင်းနယ်စပ်ဂိတ်လည်း ရှိသောကြောင့် ကုန်သွယ်ရေးကို တစိတ်တပိုင်း မှီခိုနေသော မြို့လည်း ဖြစ်သည်။ မြို့ပေါ်တွင် ရှမ်းလူမျိုး အများစု နေထိုင်ပြီး မြို့နယ် အတွင်း ကချင် လူမျိုးများ၊ ပလောင်လူမျိုးလည်း ရှိ၏။
မူဆယ် - နမ့်ခမ်း လမ်းကို မြေပုံတွင် ကြည့်ပါက မြန်မာ - တရုတ် နယ်စပ်မျဉ်း အနီးမှ လမ်း ကြောင်းတစ်ခုအဖြစ် မြင်တွေ့ရလိမ့်မည် ဖြစ်ပြီး မိုင် ၂၀ ခန့် ရှည်လျားမည့် ယင်းလမ်းပိုင်းငယ်သည် ကုန်စည်ကူးသန်းရောင်းဝယ်ရေးကို များစွာ အကျိုးဖြစ်ထွန်းခဲ့ပေသည်။
“မူဆယ် - နမ့်ခမ်း လမ်းကတော့ နည်းနည်း အခက်အခဲ ရှိနေတယ်။ သူက အဲဒီလမ်းပိုင်းမှာ အဖွဲ့ အစည်း များတယ်။ လမ်းကြောင်းကတော့ သုံးလို့ရတယ်။ ဒါပေမယ့် ပစ္စည်းအကန့်အသတ်၊ လူအကန့် အသတ် အဲဒီလိုရှိတယ်” ဟု ဆိုလာသူက မူဆယ်မြို့ခံတစ်ဦးဖြစ်သည်။မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့တို့သည် မူလက အေးချမ်းရာ နယ်စပ်မြို့နှစ်မြို့ ဖြစ်ခဲ့သော်လည်း ၁၀၂၇ ဟု ခေါ်သော တိုက်ပွဲကာလများ အပြီး တွင် ယင်းအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သော အဖြစ်အပျက်များ ပေါ်ပေါက်လာသည်။
နမ့်ခမ်းမြို့ကို TNLA တို့က ထိန်းချုပ်သွားပြီးနောက် မူဆယ်မြို့မှာ အစိုးရ ထိန်းချုပ်ရာ မြို့အဖြစ် အထီး တည်း ကျန်ခဲ့သော်လည်း မူဆယ်မြို့၏ လမ်းပန်းဆက်သွယ်ရေး အခြေအနေမှာ အဘက်ဘက်က ပိတ် ဆို့သကဲ့သို့ ဖြစ်သွားခဲ့သည်။ယင်းနှစ်မြို့ ၏ သဘာဝ မှာ မူလကပင် လက်နက်ကိုင် အဖွဲ့အသီးသီး ဝင် ရောက်၊ ထွက်ခွာခြင်းများ ရှိခဲ့သော်လည်း တိုက်ပွဲကား မဖြစ်ခဲ့ပေ။ ထို့နောက်တွင်မှ ၁၀၂၇ ကာလ အတွင်းမှသာ အခြေအနေများ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် က မူဆယ်မြို့ အခြေအနေမှာ ပင်လယ်ပြင်ထဲမှ ကျွန်းတစ်ကျွန်းသဖွယ် ပြည်မနှင့် ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရသေး သည်။ ယင်းအချိန်က ပလောင်ထိန်းချုပ်ခံ နမ့်ခမ်း ထက် မူဆယ်တွင် ပို၍ အထိနာခဲ့ရသည်။ လမ်းပန်း ဆက်သွယ်ရေး ပိတ်နေသော်လည်း အရဲစွန့်ကာ လာသူများ အနက် လမ်းတွင်ပင် အသက်စွန့်ရသူတို့ လည်း ရှိခဲ့၏။
“ဆန်တစ်အိတ်ကို ငါးသိန်းကျော်ပြီ။ ဆန်ပြုတ်သောက်တဲ့ အထိတော့ အခြေအနေမဆိုးသေးပါ ဘူး ခင်ဗျာ။ ဒေသဆန်တော့ ရှိတယ်လေ။ သူက တစ်အိတ်သုံးသိန်းကျော်တယ်” ဟု မူဆယ်မြို့ လမ်းပန်း ဆက်သွယ်ရေး ပိတ်နေစဉ် ကာလ အတွင်း ဒေသခံတစ်ဦးက မူဆယ်မြို့ အခြေအနေကို NP News သို့ ဖြေကြားထားဖူးသည်။တရုတ်အစိုးရ ဘက်က ၁၀၂၇ စစ်ဆင်ရေးကာလအပြီး နယ်စပ်ဂိတ်များကို ပိတ်ခဲ့ ၏။ ယင်းနောက် ဂိတ်များကို ပြန်ဖွင့်ခဲ့သော်လည်း ကန့်သတ်ချက်ရှိနေဆဲဖြစ်သည်။ လမ်းပိုင်းများလည်း တဖြေးဖြေး ပွင့်လာသည်။ သို့သော် ယခင်ကဲ့သို့ အခြေအနေမျိုး မဟုတ်တော့ပါ။ ယခင်က စိတ်လုံလုံ ခြုံခြုံဖြင့်သွားနိုင်သော အခြေအနေမှ စိတ်မအေးရသော အခြေအနေဖြစ်လာသည်။
“မူဆယ် နမ့်ခမ်းလမ်းမှာက နမ့်ခမ်းဘက်ကနေလာမယ်ဆိုရင် ပလောင်ဂိတ်ရှိတယ်။ SSPP ဂိတ် လည်း ရှိတယ်။ အဓိက ဂိတ်တွေ ရှိသလို ကြားပေါက် ပေါ်ပေါ်လာတဲ့ ဂိတ်တွေလည်း ရှိတယ်။ အဲဒီ ကြား ပေါက်ဂိတ်တွေကလည်း TNLA နဲ့ SSPP အဖွဲ့ ဂိတ်တွေပါပဲ” ဟု မူဆယ်မြို့ခံ တစ်ဦးကဆိုသည်။ မူဆယ် - နမ့်ခမ်း လမ်းတွင် ယင်းသို့ လက်နက်ကိုင် အဖွဲ့များ ၏ ဂိတ်များ ရှိပြီး လမ်းပန်းဆက်သွယ်ရေး က လည်း TNLA ဘက်က ပိတ်ခြင်းများ ရှိခဲ့သည်။ ပိတ်လိုက်၊ ဖွင့်လိုက် အခြေအနေ ရှိနေသော ယင်းလမ်း ပိုင်းက ယခင်ကဲ့သို့ အဆင်မပြောတော့သည့် အခါ ဒေသခံများ ဘက်က လမ်းကြောင်းရှာရာတွင် တောင် ကျော်လမ်းတစ်ခု တွေ့လာသည်။ ယင်းလမ်းမှာ နမ့်ခမ်း - နမ့်ဖက်ကာ - မူဆယ် လမ်းပိုင်း ဖြစ်သည်။ “သူ ကလည်း တောင်ကျော်လမ်းပါပဲ။ နမ့်ခမ်း ကနေ တောင်ပေါ်လမ်းအတိုင်း ဆာလူတို့၊ မာန်အောင်တို့၊ ဖဒဲန် တို့ကို ဖြတ်ပြီးတော့ နမ့်ဖက်ကာကို ဖြတ်သွားတာပေါ့။ အဲဒီလမ်းကို သုံးကြတယ်။ နှစ်လမ်း သုံးသ လို ဖြစ်နေတာပေါ့” ဟု ၎င်းကဆိုသည်။
မူဆယ် - နမ့်ခမ်းလမ်းနှင့် အထက်ပါလမ်းကို နှစ်မျိုးစလုံး အသုံးပြုနေရသော ကာလတွင် မူဆယ် - နမ့်ခမ်းလမ်း ကို ဖြတ်သန်းကာ ကုန်တင်ပို့ခြင်းက ပလောင် နှင့် SSPP အဖွဲ့ကို ဂိတ်ကြေးပေး ရသည် ဖြစ်ရာ ယင်း ဂိတ်ကြေးများကလည်း လမ်းကို အသုံးပြုရာတွင် အဟန့်အတားဖြစ်စေသည်။ “အချိန်က ကြာသွားတာ။ ကားကတော့ စစ်တယ်။ တရုတ်သွားလား။ တရုတ်ကို လူပို့တာ ရှိတယ်လေ။ နောက် မှတ်ပုံတင် မရှိတဲ့သူတော့ အဆင်မပြေဘူး။ စစ်ဆေးမှု များတယ်။ တပ်ကတော့ (၂) ဂိတ် ရှိတာ ပေါ့။ နမ့်ခမ်းဘက်ကို ထွက်မယ်ဆိုရင် ပန်ခမ်းတံတား ဆိုတာ ရှိတယ်။ နောက် ဂိတ်တစ်ဂိတ် ရှိတယ်။ အဲဒါပြီးရင် ရှမ်း၊ ရှမ်းပြီးရင် ပလောင် အဲဒီလို သွားတာ။ ဂိတ်က ငါး ဂိတ်လောက် ရှိတယ်။ SSPP နဲ့ TNLA ပေါ့။ (၅) ဂိတ် ဆိုတာက တရားဝင် ဖွင့်ထားတာ။ လမ်းကြောင်းရှိရင် ရှိသလို ထွက်စစ်တာ ရှိတယ်။ အဲဒါ ဆို များတာပေါ့။ အဲဒီ ဘက်အခြမ်းဆို ပလောင်အဖွဲ့၊ ရှမ်းအဖွဲ့ပေါ့” ဟု အခြား မူဆယ်မြို့ခံတစ်ဦးက ဆို သည်။ ထို့ပြင် အစစ်အဆေးကလည်း များပြားသည် ဖြစ်သောကြောင့် မိုင် (၂၀) ခရီးကို လိုအပ်သည် ထက် ပိုမိုကြာမြင့်ခြင်းများလည်း ရှိသည်။ “TNLA ကော SSPP ကော ကလည်း ငွေပေးရတယ်။ TNLA ဘက်က တခါတလေမှာ ဖမ်းဆီးတာမျိုးတွေ ရှိတယ်။ အဓိကတော့ မှတ်ပုံတင်စစ်တယ်။ အစစ်အဆေး များတာပေါ့” ဟု ၎င်းကဆိုသည်။
အဆိုပါ လမ်းပိုင်းတွင် လက်ရှိတိုက်ပွဲ မဖြစ်ပဲ ငြိမ်သက်နေသော်လည်း TNLA တို့က စစ်အင်အား ပြခြင်းများ ရှိသည်။ သို့သော် ယင်းနယ်မြေများကား အေးချမ်းနေသောကြောင့် ဒေသခံများအတွက် ခံသာ နေသည်ဟု ဆိုနိုင်သည်။ လက်ရှိတွင် လားရှိုး - မူဆယ် လမ်းမကြီးက အသုံးပြုနိုင်သော အခြေအနေ ရှိ နေပြီဖြစ်ရာ အဆိုပါ မူဆယ် - နမ့်ခမ်းလမ်း သည် တဖြေးဖြေး နှင့် အသုံးပြုသူ ပိုမို နည်းပါးလာဖွယ်ရှိ သည်။
“လားရှိုး - မူဆယ်လမ်းမကြီးကတော့ လက်ရှိ သုံးလို့ရတယ်။ သီပေါတံတားတစ်ခုပဲ ပိတ်ထား တာပေါ့။ အသုံးအများဆုံးကတော့ လားရှိုး - မူဆယ်လမ်းပဲ အသုံးများတာပေါ့။ နမ့်ခမ်းဘက်က အဖွဲ့ တွေက မူဆယ်ဘက် မလာတော့ဘူး။ တောလမ်း၊ နမ့်ဖက်ကာဘက်ကိုပဲ ဖြတ်တက်တာ။ အဓိကတော့ တကူးတက မလာတော့တာတွေလည်း ရှိတယ်။ တောလမ်းကနေပဲ ဖြတ်ချလိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။ ချုပ်ပြောရလျှင် မူဆယ် - နမ့်ခမ်းလမ်းသည် ကုန်သွယ်ရေး လမ်းအဖြစ်မှ ယုတ်လျှော့သွားခဲ့ပြီ ဖြစ်သည်။ တရုတ်ကို ကုန်သွယ်ရန် အတွက် အခြားနေရာများကို အသုံးပြုနေကြသည် ဖြစ်ရာ နောင် တစ်ချိန်တွင် မည်သို့ တိုးတက်လာမည် မပြောတတ်သော်လည်း မူဆယ် - နမ့်ခမ်းလမ်းကား စစ်၏ ခြေ ထောက်အောက်ဝယ် ပြားပြားမှောက်သွားခဲ့ပြီဖြစ်သည်။ “သွင်းတာကတော့ ကျင်းစန်းကျော့ဂိတ်ကနေ သွင်းတာ။ ပြီးတော့ ပန်ဆိုင်းဂိတ်ကနေပဲ သွင်းတာ” ဟု ၎င်းကဆိုသည်။ နမ့်ခမ်းဘက်က ပြည်သူများ အနေဖြင့် အခြေအနေကို ကြည့်ကာ တရုတ်နိုင်ငံမှ ကုန်စည်တို့ကို တင်သွင်း၊ တင်ပို့ လုပ်နေကြသော် လည်း ယင်းမှာ ယခင်ကဲ့သို့ အကြီးအကျယ်လည်း မဟုတ်သည့်အပြင် နားလည်မှုသဘော ဖြစ်သော ကြောင့် ရွှေခေတ်ကို ပြန်မရောက်ကြသေးပါ။
“နဂို ကာလကတော့ စီးပွားရေးကောင်းတယ်။ အခုကတော့ ပလောင်ထိန်းချုပ်ပြီးတော့ ဒီလို ဖြစ် သွားတာပေါ့။ ဒီကောင်တွေကလည်း ကုန်စည်စီးဆင်းမှု လုပ်တယ်ဆိုပေမယ့် တရုတ်ပြည်ကနေ သူတို့ မြို့အတွက်ပဲ ရှာပြီး ညှိယူရတာပေါ့” ဟု ၎င်းက ဆိုသည်။ ယင်းသို့သော် အခြေအနေတွင် အဆိုပါ ဒေသ တွင် တတိတိ တိုးဝင်လာသော အရာ ရှိနေပြီး ယင်းမှာ အသစ်အဆန်း မဟုတ်ပါ။ ယင်းအရာသည်ကား ကျားဖြန့် လုပ်ငန်း ဖြစ်ပြီး TNLA ထိန်းချုပ်ရာ နမ့်ခမ်းတွင် အခိုင်အမာ ရှိနေသည်ဟု အဆိုပါ သတင်းရင်း မြစ်က ဆိုသည်။
“အဓိက နမ့်ခမ်းမှာ Main က ကျားဖြန့် လုပ်တာ။ တော်တော်ကြီးတယ်။ အကြီးကြီးတွေပဲ။ သူတို့ လုပ်စရာလည်း ဒါပဲ ရှိတာ ကျန်တဲ့ဟာ ဘာမှမရှိဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က အခိုင်အမာ ဆိုသည်။ အွန်လိုင်းမှ တဆင့် လိမ်လည်သော အဆိုပါလုပ်ငန်းများကို တရုတ်နိုင်ငံသားများကပင် ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများ သည် နမ့်ခမ်းအတွက် ထွက်ပေါက်အသစ်တစ်ခု ကဲ့သို့ ဖြစ်လာနေကြောင်းလည်း ၎င်းက ဆိုသည်။
“ကုန်သွယ်ရေးမြို့ကနေ ကျားဖြန့် မြို့လို ဖြစ်နေတာ။ အဲဒီဘက် ဒေသတွေမှာက ကျားဖြန့်က မလွတ်ဘူး ရှိနေတယ်” ဟု ၎င်းက ဆိုသည်။ ၁၀၂၇ စစ်ဆင်ရေးသည် ကျားဖြန့် တိုက်ဖျက်ရေး အတွက် ဟု အကြောင်းပြခဲ့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းတို့ ရှိနေဆဲဖြစ်ကြောင်း အခြားသတင်းရင်းမြစ်များကလည်း ဆိုသည်။
“ရွေ့ပြောင်းကျားဖြန့်တွေလည်း ရှိတယ်။ ဟိုဒီ ရွေ့ပြီး ပြောင်းရွေ့လုပ်ကိုင်ကြတာပေါ့။ အဓမ္မ စေခိုင်းခံရတာမျိုးလည်း ရှိတယ်။ ပြောရမယ်ဆိုရင် လမ်းကြောင်းပိတ်တာကို အခွင့်အရေးယူပြီး သူတို့ ရောက်လာတယ်။ နောက်တစ်ခုက နယ်မြေမတည်ငြိမ်တော့ အဲဒါက အခွင့်ကောင်းလို ဖြစ်သွားတယ်” ဟု ရှမ်းပြည်နယ်အရေး ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
ကုန်သွယ်ရေးလမ်းအဖြစ်မှ ယုတ်လျော့သည် သာမက ဒေသခံများကိုပါ အခြားဘက်ဆီသို့ အာရုံရောက်သွားစေခဲ့သော လမ်းပိုင်းတစ်ခု၏ ဇာတ်လမ်းမျှသာ ဖြစ်၏။ ယင်းမှာ စစ်တည်းဟူသော အရာမှ ပွတ်တိုက်သွားသော ဖြစ်တည်မှုများစွာအနက် တစ်ကွက်မျှသာ ရှိပါသေးသည်။

Zawgyi Version:
အို ေျမာက္ပိုင္းလမ္း မူဆယ္ - နမ့္ခမ္းလမ္း
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၁၇
တစ္ေခတ္တစ္ခါက နာမည္ေက်ာ္ အဆိုေတာ္ႀကီး စိုင္းဆိုင္ေမာ့ဝ္ ၏ မူဆယ္ - နမ့္ခမ္းလမ္း အမည္ရွိ သီခ်င္းကို ကို အမ်ားစု ၾကားဖူးၾကေပလိမ့္မည္။ အဆိုပါ သီခ်င္းသည္ တစ္ေခတ္တစ္ခါ က ကုန္စည္ ကူးသန္းရာ ၿမိဳ႕ႏွစ္ၿမိဳ႕ၾကား လမ္းအေျခအေနကို စပ္ဆိုထားျခင္း ျဖစ္ေသာေၾကာင့္ နားေထာင္ ဖူးသူတိုင္းမွာ လမ္း၏ အေျခအေနကို ျမင္ၾကရသည္။
ကုန္သြယ္ကူးသန္းေရး လမ္းတစ္လမ္း ျဖစ္ေသာ္လည္း လမ္းမေကာင္းသည့္ အတြက္ အႏၲရာယ္ မ်ားပုံ ႏွင့္ ထိုေခတ္က ယာဥ္ေမာင္းတို႔ မည္မွ်ေလာက္ ထိန္းသိမ္းေမာင္းႏွင္ၾကရပုံကို သီခ်င္း စာသားမ်ား ကတဆင့္ ထိေတြ႕ခြင့္ ရခဲ့ၾကရဖူးသည္။ ထို႔ေၾကာင့္ မူဆယ္ - နမ့္ခမ္းလမ္းဟုသည္ ျမန္မာျပည္သူ၊ ျပည္ သားမ်ား ႏွင့္ မစိမ္းလွေပ။
လမ္းအေၾကာင္း မေျပာမီ လမ္းက ခ်ိတ္ဆက္ေပးထားေသာ ၿမိဳ႕ႏွစ္ၿမိဳ႕ အေၾကာင္းကို ဦးစြာ ေဖာ္ျပရေပဦးမည္။ မူဆယ္ၿမိဳ႕ ဟု ဆိုလိုက္လွ်င္ နယ္စပ္ကုန္သြယ္ေရး ၿမိဳ႕ အျဖစ္ သိထားၾကသည္မွာ ၾကာၿပီ ျဖစ္သည္။ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္ ႏွင့္ တြဲဖက္ၿပီး မွတ္သားထားၾကေသာ ယင္းၿမိဳ႕သည္ ျမန္မာ - တ႐ုတ္ ကုန္သြယ္ေရး အတြက္ အဓိကက်ေသာ ၿမိဳ႕ တစ္ၿမိဳ႕ ျဖစ္သည္။ ထို႔ျပင္ ျမန္မာႏိုင္ငံ နယ္စပ္မွ ၿမိဳ႕ႀကီးတစ္ၿမိဳ႕လည္း ျဖစ္ေပသည္။ နမ့္ခမ္းကား နယ္စပ္ကုန္သြယ္ေရးၿမိဳ႕ အျဖစ္ ထင္ရွားျခင္း မဟုတ္သည့္ တိုင္ ကုန္သြယ္ေရး အတြက္ ခရီးတစ္ေထာက္ၿမိဳ႕ အျဖစ္ကား အသုံးဝင္သည္။ ထို႔ျပင္ ၿမိဳ႕ နယ္အတြင္း ေနာင္ေတာင္းနယ္စပ္ဂိတ္လည္း ရွိေသာေၾကာင့္ ကုန္သြယ္ေရးကို တစိတ္တပိုင္း မွီခိုေနေသာ ၿမိဳ႕လည္း ျဖစ္သည္။ ၿမိဳ႕ေပၚတြင္ ရွမ္းလူမ်ိဳး အမ်ားစု ေနထိုင္ၿပီး ၿမိဳ႕နယ္ အတြင္း ကခ်င္ လူမ်ိဳးမ်ား၊ ပေလာင္လူမ်ိဳးလည္း ရွိ၏။
မူဆယ္ - နမ့္ခမ္း လမ္းကို ေျမပုံတြင္ ၾကည့္ပါက ျမန္မာ - တ႐ုတ္ နယ္စပ္မ်ဥ္း အနီးမွ လမ္း ေၾကာင္းတစ္ခုအျဖစ္ ျမင္ေတြ႕ရလိမ့္မည္ ျဖစ္ၿပီး မိုင္ ၂၀ ခန္႔ ရွည္လ်ားမည့္ ယင္းလမ္းပိုင္းငယ္သည္ ကုန္စည္ကူးသန္းေရာင္းဝယ္ေရးကို မ်ားစြာ အက်ိဳးျဖစ္ထြန္းခဲ့ေပသည္။
“မူဆယ္ - နမ့္ခမ္း လမ္းကေတာ့ နည္းနည္း အခက္အခဲ ရွိေနတယ္။ သူက အဲဒီလမ္းပိုင္းမွာ အဖြဲ႕ အစည္း မ်ားတယ္။ လမ္းေၾကာင္းကေတာ့ သုံးလို႔ရတယ္။ ဒါေပမယ့္ ပစၥည္းအကန႔္အသတ္၊ လူအကန႔္ အသတ္ အဲဒီလိုရွိတယ္” ဟု ဆိုလာသူက မူဆယ္ၿမိဳ႕ခံတစ္ဦးျဖစ္သည္။မူဆယ္ၿမိဳ႕ ႏွင့္ နမ့္ခမ္းၿမိဳ႕တို႔သည္ မူလက ေအးခ်မ္းရာ နယ္စပ္ၿမိဳ႕ႏွစ္ၿမိဳ႕ ျဖစ္ခဲ့ေသာ္လည္း ၁၀၂၇ ဟု ေခၚေသာ တိုက္ပြဲကာလမ်ား အၿပီး တြင္ ယင္းအေျခအေနကို ေျပာင္းျပန္လွန္ပစ္လိုက္ေသာ အျဖစ္အပ်က္မ်ား ေပၚေပါက္လာသည္။
နမ့္ခမ္းၿမိဳ႕ကို TNLA တို႔က ထိန္းခ်ဳပ္သြားၿပီးေနာက္ မူဆယ္ၿမိဳ႕မွာ အစိုးရ ထိန္းခ်ဳပ္ရာ ၿမိဳ႕အျဖစ္ အထီး တည္း က်န္ခဲ့ေသာ္လည္း မူဆယ္ၿမိဳ႕၏ လမ္းပန္းဆက္သြယ္ေရး အေျခအေနမွာ အဘက္ဘက္က ပိတ္ ဆို႔သကဲ့သို႔ ျဖစ္သြားခဲ့သည္။ယင္းႏွစ္ၿမိဳ႕ ၏ သဘာဝ မွာ မူလကပင္ လက္နက္ကိုင္ အဖြဲ႕အသီးသီး ဝင္ ေရာက္၊ ထြက္ခြာျခင္းမ်ား ရွိခဲ့ေသာ္လည္း တိုက္ပြဲကား မျဖစ္ခဲ့ေပ။ ထို႔ေနာက္တြင္မွ ၁၀၂၇ ကာလ အတြင္းမွသာ အေျခအေနမ်ား ေျပာင္းလဲသြားခဲ့ျခင္း ျဖစ္သည္။ ထိုစဥ္ က မူဆယ္ၿမိဳ႕ အေျခအေနမွာ ပင္လယ္ျပင္ထဲမွ ကြၽန္းတစ္ကြၽန္းသဖြယ္ ျပည္မႏွင့္ ကုန္းလမ္းဆက္သြယ္ေရး ျပတ္ေတာက္ခဲ့ရေသး သည္။ ယင္းအခ်ိန္က ပေလာင္ထိန္းခ်ဳပ္ခံ နမ့္ခမ္း ထက္ မူဆယ္တြင္ ပို၍ အထိနာခဲ့ရသည္။ လမ္းပန္း ဆက္သြယ္ေရး ပိတ္ေနေသာ္လည္း အရဲစြန္႔ကာ လာသူမ်ား အနက္ လမ္းတြင္ပင္ အသက္စြန႔္ရသူတို႔ လည္း ရွိခဲ့၏။
“ဆန္တစ္အိတ္ကို ငါးသိန္းေက်ာ္ၿပီ။ ဆန္ျပဳတ္ေသာက္တဲ့ အထိေတာ့ အေျခအေနမဆိုးေသးပါ ဘူး ခင္ဗ်ာ။ ေဒသဆန္ေတာ့ ရွိတယ္ေလ။ သူက တစ္အိတ္သုံးသိန္းေက်ာ္တယ္” ဟု မူဆယ္ၿမိဳ႕ လမ္းပန္း ဆက္သြယ္ေရး ပိတ္ေနစဥ္ ကာလ အတြင္း ေဒသခံတစ္ဦးက မူဆယ္ၿမိဳ႕ အေျခအေနကို NP News သို႔ ေျဖၾကားထားဖူးသည္။တ႐ုတ္အစိုးရ ဘက္က ၁၀၂၇ စစ္ဆင္ေရးကာလအၿပီး နယ္စပ္ဂိတ္မ်ားကို ပိတ္ခဲ့ ၏။ ယင္းေနာက္ ဂိတ္မ်ားကို ျပန္ဖြင့္ခဲ့ေသာ္လည္း ကန႔္သတ္ခ်က္ရွိေနဆဲျဖစ္သည္။ လမ္းပိုင္းမ်ားလည္း တေျဖးေျဖး ပြင့္လာသည္။ သို႔ေသာ္ ယခင္ကဲ့သို႔ အေျခအေနမ်ိဳး မဟုတ္ေတာ့ပါ။ ယခင္က စိတ္လုံလုံ ၿခဳံၿခဳံျဖင့္သြားႏိုင္ေသာ အေျခအေနမွ စိတ္မေအးရေသာ အေျခအေနျဖစ္လာသည္။
“မူဆယ္ နမ့္ခမ္းလမ္းမွာက နမ့္ခမ္းဘက္ကေနလာမယ္ဆိုရင္ ပေလာင္ဂိတ္ရွိတယ္။ SSPP ဂိတ္ လည္း ရွိတယ္။ အဓိက ဂိတ္ေတြ ရွိသလို ၾကားေပါက္ ေပၚေပၚလာတဲ့ ဂိတ္ေတြလည္း ရွိတယ္။ အဲဒီ ၾကား ေပါက္ဂိတ္ေတြကလည္း TNLA နဲ႔ SSPP အဖြဲ႕ ဂိတ္ေတြပါပဲ” ဟု မူဆယ္ၿမိဳ႕ခံ တစ္ဦးကဆိုသည္။ မူဆယ္ - နမ့္ခမ္း လမ္းတြင္ ယင္းသို႔ လက္နက္ကိုင္ အဖြဲ႕မ်ား ၏ ဂိတ္မ်ား ရွိၿပီး လမ္းပန္းဆက္သြယ္ေရး က လည္း TNLA ဘက္က ပိတ္ျခင္းမ်ား ရွိခဲ့သည္။ ပိတ္လိုက္၊ ဖြင့္လိုက္ အေျခအေန ရွိေနေသာ ယင္းလမ္း ပိုင္းက ယခင္ကဲ့သို႔ အဆင္မေျပာေတာ့သည့္ အခါ ေဒသခံမ်ား ဘက္က လမ္းေၾကာင္းရွာရာတြင္ ေတာင္ ေက်ာ္လမ္းတစ္ခု ေတြ႕လာသည္။ ယင္းလမ္းမွာ နမ့္ခမ္း - နမ့္ဖက္ကာ - မူဆယ္ လမ္းပိုင္း ျဖစ္သည္။ “သူ ကလည္း ေတာင္ေက်ာ္လမ္းပါပဲ။ နမ့္ခမ္း ကေန ေတာင္ေပၚလမ္းအတိုင္း ဆာလူတို႔၊ မာန္ေအာင္တို႔၊ ဖဒဲန္ တို႔ကို ျဖတ္ၿပီးေတာ့ နမ့္ဖက္ကာကို ျဖတ္သြားတာေပါ့။ အဲဒီလမ္းကို သုံးၾကတယ္။ ႏွစ္လမ္း သုံးသ လို ျဖစ္ေနတာေပါ့” ဟု ၎ကဆိုသည္။
မူဆယ္ - နမ့္ခမ္းလမ္းႏွင့္ အထက္ပါလမ္းကို ႏွစ္မ်ိဳးစလုံး အသုံးျပဳေနရေသာ ကာလတြင္ မူဆယ္ - နမ့္ခမ္းလမ္း ကို ျဖတ္သန္းကာ ကုန္တင္ပို႔ျခင္းက ပေလာင္ ႏွင့္ SSPP အဖြဲ႕ကို ဂိတ္ေၾကးေပး ရသည္ ျဖစ္ရာ ယင္း ဂိတ္ေၾကးမ်ားကလည္း လမ္းကို အသုံးျပဳရာတြင္ အဟန႔္အတားျဖစ္ေစသည္။ “အခ်ိန္က ၾကာသြားတာ။ ကားကေတာ့ စစ္တယ္။ တ႐ုတ္သြားလား။ တ႐ုတ္ကို လူပို႔တာ ရွိတယ္ေလ။ ေနာက္ မွတ္ပုံတင္ မရွိတဲ့သူေတာ့ အဆင္မေျပဘူး။ စစ္ေဆးမႈ မ်ားတယ္။ တပ္ကေတာ့ (၂) ဂိတ္ ရွိတာ ေပါ့။ နမ့္ခမ္းဘက္ကို ထြက္မယ္ဆိုရင္ ပန္ခမ္းတံတား ဆိုတာ ရွိတယ္။ ေနာက္ ဂိတ္တစ္ဂိတ္ ရွိတယ္။ အဲဒါၿပီးရင္ ရွမ္း၊ ရွမ္းၿပီးရင္ ပေလာင္ အဲဒီလို သြားတာ။ ဂိတ္က ငါး ဂိတ္ေလာက္ ရွိတယ္။ SSPP နဲ႔ TNLA ေပါ့။ (၅) ဂိတ္ ဆိုတာက တရားဝင္ ဖြင့္ထားတာ။ လမ္းေၾကာင္းရွိရင္ ရွိသလို ထြက္စစ္တာ ရွိတယ္။ အဲဒါ ဆို မ်ားတာေပါ့။ အဲဒီ ဘက္အျခမ္းဆို ပေလာင္အဖြဲ႕၊ ရွမ္းအဖြဲ႕ေပါ့” ဟု အျခား မူဆယ္ၿမိဳ႕ခံတစ္ဦးက ဆို သည္။ ထို႔ျပင္ အစစ္အေဆးကလည္း မ်ားျပားသည္ ျဖစ္ေသာေၾကာင့္ မိုင္ (၂၀) ခရီးကို လိုအပ္သည္ ထက္ ပိုမိုၾကာျမင့္ျခင္းမ်ားလည္း ရွိသည္။ “TNLA ေကာ SSPP ေကာ ကလည္း ေငြေပးရတယ္။ TNLA ဘက္က တခါတေလမွာ ဖမ္းဆီးတာမ်ိဳးေတြ ရွိတယ္။ အဓိကေတာ့ မွတ္ပုံတင္စစ္တယ္။ အစစ္အေဆး မ်ားတာေပါ့” ဟု ၎ကဆိုသည္။
အဆိုပါ လမ္းပိုင္းတြင္ လက္ရွိတိုက္ပြဲ မျဖစ္ပဲ ၿငိမ္သက္ေနေသာ္လည္း TNLA တို႔က စစ္အင္အား ျပျခင္းမ်ား ရွိသည္။ သို႔ေသာ္ ယင္းနယ္ေျမမ်ားကား ေအးခ်မ္းေနေသာေၾကာင့္ ေဒသခံမ်ားအတြက္ ခံသာ ေနသည္ဟု ဆိုႏိုင္သည္။ လက္ရွိတြင္ လားရႈိး - မူဆယ္ လမ္းမႀကီးက အသုံးျပဳႏိုင္ေသာ အေျခအေန ရွိ ေနၿပီျဖစ္ရာ အဆိုပါ မူဆယ္ - နမ့္ခမ္းလမ္း သည္ တေျဖးေျဖး ႏွင့္ အသုံးျပဳသူ ပိုမို နည္းပါးလာဖြယ္ရွိ သည္။
“လားရႈိး - မူဆယ္လမ္းမႀကီးကေတာ့ လက္ရွိ သုံးလို႔ရတယ္။ သီေပါတံတားတစ္ခုပဲ ပိတ္ထား တာေပါ့။ အသုံးအမ်ားဆုံးကေတာ့ လားရႈိး - မူဆယ္လမ္းပဲ အသုံးမ်ားတာေပါ့။ နမ့္ခမ္းဘက္က အဖြဲ႕ ေတြက မူဆယ္ဘက္ မလာေတာ့ဘူး။ ေတာလမ္း၊ နမ့္ဖက္ကာဘက္ကိုပဲ ျဖတ္တက္တာ။ အဓိကေတာ့ တကူးတက မလာေတာ့တာေတြလည္း ရွိတယ္။ ေတာလမ္းကေနပဲ ျဖတ္ခ်လိုက္တာေပါ့” ဟု ၎က ဆိုသည္။ ခ်ဳပ္ေျပာရလွ်င္ မူဆယ္ - နမ့္ခမ္းလမ္းသည္ ကုန္သြယ္ေရး လမ္းအျဖစ္မွ ယုတ္ေလွ်ာ့သြားခဲ့ၿပီ ျဖစ္သည္။ တ႐ုတ္ကို ကုန္သြယ္ရန္ အတြက္ အျခားေနရာမ်ားကို အသုံးျပဳေနၾကသည္ ျဖစ္ရာ ေနာင္ တစ္ခ်ိန္တြင္ မည္သို႔ တိုးတက္လာမည္ မေျပာတတ္ေသာ္လည္း မူဆယ္ - နမ့္ခမ္းလမ္းကား စစ္၏ ေျခ ေထာက္ေအာက္ဝယ္ ျပားျပားေမွာက္သြားခဲ့ၿပီျဖစ္သည္။ “သြင္းတာကေတာ့ က်င္းစန္းေက်ာ့ဂိတ္ကေန သြင္းတာ။ ၿပီးေတာ့ ပန္ဆိုင္းဂိတ္ကေနပဲ သြင္းတာ” ဟု ၎ကဆိုသည္။ နမ့္ခမ္းဘက္က ျပည္သူမ်ား အေနျဖင့္ အေျခအေနကို ၾကည့္ကာ တ႐ုတ္ႏိုင္ငံမွ ကုန္စည္တို႔ကို တင္သြင္း၊ တင္ပို႔ လုပ္ေနၾကေသာ္ လည္း ယင္းမွာ ယခင္ကဲ့သို႔ အႀကီးအက်ယ္လည္း မဟုတ္သည့္အျပင္ နားလည္မႈသေဘာ ျဖစ္ေသာ ေၾကာင့္ ေ႐ႊေခတ္ကို ျပန္မေရာက္ၾကေသးပါ။
“နဂို ကာလကေတာ့ စီးပြားေရးေကာင္းတယ္။ အခုကေတာ့ ပေလာင္ထိန္းခ်ဳပ္ၿပီးေတာ့ ဒီလို ျဖစ္ သြားတာေပါ့။ ဒီေကာင္ေတြကလည္း ကုန္စည္စီးဆင္းမႈ လုပ္တယ္ဆိုေပမယ့္ တ႐ုတ္ျပည္ကေန သူတို႔ ၿမိဳ႕အတြက္ပဲ ရွာၿပီး ညႇိယူရတာေပါ့” ဟု ၎က ဆိုသည္။ ယင္းသို႔ေသာ္ အေျခအေနတြင္ အဆိုပါ ေဒသ တြင္ တတိတိ တိုးဝင္လာေသာ အရာ ရွိေနၿပီး ယင္းမွာ အသစ္အဆန္း မဟုတ္ပါ။ ယင္းအရာသည္ကား က်ားျဖန႔္ လုပ္ငန္း ျဖစ္ၿပီး TNLA ထိန္းခ်ဳပ္ရာ နမ့္ခမ္းတြင္ အခိုင္အမာ ရွိေနသည္ဟု အဆိုပါ သတင္းရင္း ျမစ္က ဆိုသည္။
“အဓိက နမ့္ခမ္းမွာ Main က က်ားျဖန႔္ လုပ္တာ။ ေတာ္ေတာ္ႀကီးတယ္။ အႀကီးႀကီးေတြပဲ။ သူတို႔ လုပ္စရာလည္း ဒါပဲ ရွိတာ က်န္တဲ့ဟာ ဘာမွမရွိဘူး” ဟု အဆိုပါ သတင္းရင္းျမစ္က အခိုင္အမာ ဆိုသည္။ အြန္လိုင္းမွ တဆင့္ လိမ္လည္ေသာ အဆိုပါလုပ္ငန္းမ်ားကို တ႐ုတ္ႏိုင္ငံသားမ်ားကပင္ ဦးေဆာင္ျပဳလုပ္ေနျခင္းျဖစ္ၿပီး ယင္းလုပ္ငန္းမ်ား သည္ နမ့္ခမ္းအတြက္ ထြက္ေပါက္အသစ္တစ္ခု ကဲ့သို႔ ျဖစ္လာေနေၾကာင္းလည္း ၎က ဆိုသည္။
“ကုန္သြယ္ေရးၿမိဳ႕ကေန က်ားျဖန႔္ ၿမိဳ႕လို ျဖစ္ေနတာ။ အဲဒီဘက္ ေဒသေတြမွာက က်ားျဖန႔္က မလြတ္ဘူး ရွိေနတယ္” ဟု ၎က ဆိုသည္။ ၁၀၂၇ စစ္ဆင္ေရးသည္ က်ားျဖန႔္ တိုက္ဖ်က္ေရး အတြက္ ဟု အေၾကာင္းျပခဲ့ေသာ္လည္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ က်ားျဖန႔္လုပ္ငန္းတို႔ ရွိေနဆဲျဖစ္ေၾကာင္း အျခားသတင္းရင္းျမစ္မ်ားကလည္း ဆိုသည္။
“ေ႐ြ႕ေျပာင္းက်ားျဖန႔္ေတြလည္း ရွိတယ္။ ဟိုဒီ ေ႐ြ႕ၿပီး ေျပာင္းေ႐ြ႕လုပ္ကိုင္ၾကတာေပါ့။ အဓမၼ ေစခိုင္းခံရတာမ်ိဳးလည္း ရွိတယ္။ ေျပာရမယ္ဆိုရင္ လမ္းေၾကာင္းပိတ္တာကို အခြင့္အေရးယူၿပီး သူတို႔ ေရာက္လာတယ္။ ေနာက္တစ္ခုက နယ္ေျမမတည္ၿငိမ္ေတာ့ အဲဒါက အခြင့္ေကာင္းလို ျဖစ္သြားတယ္” ဟု ရွမ္းျပည္နယ္အေရး ကြၽမ္းက်င္သူတစ္ဦးက ဆိုသည္။
ကုန္သြယ္ေရးလမ္းအျဖစ္မွ ယုတ္ေလ်ာ့သည္ သာမက ေဒသခံမ်ားကိုပါ အျခားဘက္ဆီသို႔ အာ႐ုံေရာက္သြားေစခဲ့ေသာ လမ္းပိုင္းတစ္ခု၏ ဇာတ္လမ္းမွ်သာ ျဖစ္၏။ ယင္းမွာ စစ္တည္းဟူေသာ အရာမွ ပြတ္တိုက္သြားေသာ ျဖစ္တည္မႈမ်ားစြာအနက္ တစ္ကြက္မွ်သာ ရွိပါေသးသည္။