ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားကို အပြည့်အဝထောက်ခံတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ပြော

 164

Pika (NP News) - ဇူလိုင် ၁၄
ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားကို အပြည့်အဝထောက်ခံတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆာဂေးလာရော့ဗ်ဟာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ကင်ဂျုံအန်းနဲ့ တွေ့ဆုဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် ၎င်းရဲ့တပ်ဖွဲ့ဝင်ထောင်ချီနဲ့ စစ်လက်နက်ပစ္စည်းတွေကို ရုရှားကို ကူညီပံ့ပိုးပေးခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
ကင်ဂျုံအန်းနဲ့ဆာဂေးလာရော့ဗ်တို့ရဲ့တွေ့ဆုံမှုဟာ နွေးထွေးပြီး ယုံကြည်စိတ်ချရတဲ့မိတ်ဖက်အငွေ့အသက်တွေကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ကင်ဂျုံအန်းနဲ့ဆာဂေးလာရော့ဗ်တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ဗီဒီယိုဖိုင်တစ်ခုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မျှဝေခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားကို အျပည့္အဝေထာက္ခံတယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ေျပာ
Pika (NP News) - ဇူလိုင္ ၁၄
႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားကို အျပည့္အဝေထာက္ခံတယ္လို႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ကင္ဂ်ဳံအန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ကင္ဂ်ဳံအန္းဟာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္နဲ႔ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဆာေဂးလာေရာ့ဗ္ဟာ ေျမာက္ကိုရီးယားႏိုင္ငံကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ကင္ဂ်ဳံအန္းနဲ႔ ေတြ႕ဆုေဆြးေႏြးမႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားဟာ ယူကရိန္းနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔အတြက္ ၎ရဲ႕တပ္ဖြဲ႕ဝင္ေထာင္ခ်ီနဲ႔ စစ္လက္နက္ပစၥည္းေတြကို ႐ုရွားကို ကူညီပံ့ပိုးေပးခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။
ကင္ဂ်ဳံအန္းနဲ႔ဆာေဂးလာေရာ့ဗ္တို႔ရဲ႕ေတြ႕ဆုံမႈဟာ ေႏြးေထြးၿပီး ယုံၾကည္စိတ္ခ်ရတဲ့မိတ္ဖက္အေငြ႕အသက္ေတြကို ေဖာ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္ သတင္းေအဂ်င္စီ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ကင္ဂ်ဳံအန္းနဲ႔ဆာေဂးလာေရာ့ဗ္တို႔ လက္ဆြဲႏႈတ္ဆက္ေနတဲ့ဗီဒီယိုဖိုင္တစ္ခုကို ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက မွ်ေဝခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.