ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တိုက်ပွဲဖြစ်ပွားပါက ယူနက်စကိုစာရင်းမှ ပယ်ဖျက်ခံရနိုင်ဟုဆို
                        
                            
                             
 7232
 
                             
                            
                            
                         
                        
 
                        သက်ပိုင် (NP News) - ဇူလိုင်လ ၁၅ 
	ကမ္ဘာ့အမွေအနှစ် (UNESCO) စာရင်းဝင် နေရာတစ်ခုဖြစ်သည့် ပုဂံရှေးဟောင်းယဉ် ကျေး မှုနယ်မြေတွင် တိုက်ပွဲဖြစ်ပွားပြီး ပျက်စီးမှုများရှိလာ ပါက ကမ္ဘာ့အမွေအနှစ်စာရင်းမှ ပယ်ဖျက်ခြင်းခံရနိုင် ကြောင်း အရှေ့တောင်အာရှဒေသဆိုင်ရာ ရှေး ဟောင်းသုတေသနနှင့် အနုပညာစင်တာမှ အကြီး တန်းသုတေသန အရာရှိ ဒေါ်ဥမ္မာမျိုးက NP News သို့ ပြောသည်။ 
	ပုဂံဒေသအား ကမ္ဘာစစ်ဖြစ်ပွားခဲ့လျှင်ပင် ဖျက်ဆီးခွင့်မရှိစေရေးအတွက် ကမ္ဘာ့အမွေအနှစ် စာ ရင်း ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ပြီဖြစ်သော်လည်း ယင်းဒေသတွင် တိုက်ပွဲဖြစ်ပွားမည်ကို များစွာ စိုးရိမ် မိကြောင်း ၎င်းကဆိုသည်။ “ကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ်ဖို့အတွက် အရေးကြီးဆုံးအချက်က အမွေအနှစ်ကို ပိုင်ဆိုင်တဲ့ နိုင်ငံသားတွေရဲ့ commitment ပဲ။ ဘယ်လောက်နားလည်မြတ်နိုးပြီး ထိန်းသိမ်းလိုစိတ်နဲ့ ထိန်းသိမ်းနေတဲ့လုပ်ငန်းစဉ်တွေကို ကြည့်ပြီးပေးတာပဲလေ။ တိုက်ပွဲဖြစ်ပြီး ဆုံးရှုံးမှုတွေ ဖြစ်လာရင်တော့ ပထမအဆင့်အနေနဲ့ world heritage in danger အဆင့်ရောက်ပါမယ်။ အဲဒီ ကာလမှာမှ စနစ်တကျ ပြန်မထိန်းသိမ်းနိုင်ရင်တော့ ကမ္ဘာ့အမွေအနှစ်စာရင်းက ပယ်ဖျက်ခံရနိုင်ပါ တယ်” ဟု ဒေါ်ဥမ္မာမျိုးက ရှင်းပြသည်။
	ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံဒေသတွင်လည်း တိုက်ပွဲဖော်ဆောင်မည်ဖြစ် ကြောင်း ပုဂံပြည် ဘီလူးအဖွဲ့ (PDF) က ပြီးခဲ့သည့် ဇွန်လအတွင်းက ခြိမ်းခြောက်ထုတ်ပြန်ထားသည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် ပုဂံဒေသနှင့် ထိစပ်နေသည့် ချောင်းရှည်ရွာ ၊ ဇီးစာမြင်မြောက်ရွာ ၊ ပွဲတိုင်းရွာ၊ ကျောက်ပြင်ကန်ရွာတို့တွင် PDF များက တိုက်ပွဲဖော် ဆောင်မှုများ ပြုလုပ်လာနေကြောင်း သိရသည်။
	လက်ရှိတွင် ညောင်ဦးမြို့နယ်အတွင်း   တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့်အတွက် ပြည်သူ အချို့မှာ ကျောက်ပန်းတောင်းနှင့် ညောင်ဦးမြို့ပေါ်သို့ စစ်ဘေးရှောင်နေရမှုများရှိနေကြောင်းနှင့် ညောင် ဦးနှင့် ကျောက်ပန်းတောင်းမြို့တို့ကြားတွင် သွားလာ သူမရှိသလောက်နည်းပါးနေကြောင်း ဒေသခံများ ထံမှသိရသည်။
	ရှေးဟောင်းစေတီပုထိုး မြောက်မြားစွာ တည်ရှိနေသော ပုဂံဒေသကို (၂၀၁၉) ခုနှစ် ဇူလိုင် လ (၆) ရက်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသတစ်ခုအဖြစ် ကုလသမဂ္ဂယူနက်စကို (UNESCO) အဖွဲ့က အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version:
ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမတြင္ တိုက္ပြဲျဖစ္ပြားပါက ယူနက္စကိုစာရင္းမွ ပယ္ဖ်က္ခံရႏိုင္ဟုဆို 
သက္ပိုင္ (NP News) - ဇူလိုင္လ ၁၅ 
	ကမာၻ႔အေမြအႏွစ္ (UNESCO) စာရင္းဝင္ ေနရာတစ္ခုျဖစ္သည့္ ပုဂံေရွးေဟာင္းယဥ္ ေက်း မႈနယ္ေျမတြင္ တိုက္ပြဲျဖစ္ပြားၿပီး ပ်က္စီးမႈမ်ားရွိလာ ပါက ကမာၻ႔အေမြအႏွစ္စာရင္းမွ ပယ္ဖ်က္ျခင္းခံရႏိုင္ ေၾကာင္း အေရွ႕ေတာင္အာရွေဒသဆိုင္ရာ ေရွး ေဟာင္းသုေတသနႏွင့္ အႏုပညာစင္တာမွ အႀကီး တန္းသုေတသန အရာရွိ ေဒၚဥမၼာမ်ိဳးက NP News သို႔ ေျပာသည္။ 
	ပုဂံေဒသအား ကမာၻစစ္ျဖစ္ပြားခဲ့လွ်င္ပင္ ဖ်က္ဆီးခြင့္မရွိေစေရးအတြက္ ကမာၻ႔အေမြအႏွစ္ စာ ရင္း ဝင္ေရာက္ႏိုင္ရန္ ႀကိဳးပမ္းခဲ့ၿပီျဖစ္ေသာ္လည္း ယင္းေဒသတြင္ တိုက္ပြဲျဖစ္ပြားမည္ကို မ်ားစြာ စိုးရိမ္ မိေၾကာင္း ၎ကဆိုသည္။ “ကမာၻ႔အေမြအႏွစ္ အျဖစ္သတ္မွတ္ဖို႔အတြက္ အေရးႀကီးဆုံးအခ်က္က အေမြအႏွစ္ကို ပိုင္ဆိုင္တဲ့ ႏိုင္ငံသားေတြရဲ႕ commitment ပဲ။ ဘယ္ေလာက္နားလည္ျမတ္ႏိုးၿပီး ထိန္းသိမ္းလိုစိတ္နဲ႔ ထိန္းသိမ္းေနတဲ့လုပ္ငန္းစဥ္ေတြကို ၾကည့္ၿပီးေပးတာပဲေလ။ တိုက္ပြဲျဖစ္ၿပီး ဆုံးရႈံးမႈေတြ ျဖစ္လာရင္ေတာ့ ပထမအဆင့္အေနနဲ႔ world heritage in danger အဆင့္ေရာက္ပါမယ္။ အဲဒီ ကာလမွာမွ စနစ္တက် ျပန္မထိန္းသိမ္းႏိုင္ရင္ေတာ့ ကမာၻ႔အေမြအႏွစ္စာရင္းက ပယ္ဖ်က္ခံရႏိုင္ပါ တယ္” ဟု ေဒၚဥမၼာမ်ိဳးက ရွင္းျပသည္။
	ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္စာရင္းဝင္ ပုဂံေဒသတြင္လည္း တိုက္ပြဲေဖာ္ေဆာင္မည္ျဖစ္ ေၾကာင္း ပုဂံျပည္ ဘီလူးအဖြဲ႕ (PDF) က ၿပီးခဲ့သည့္ ဇြန္လအတြင္းက ၿခိမ္းေျခာက္ထုတ္ျပန္ထားသည္။ ထိုသို႔ ထုတ္ျပန္ၿပီးေနာက္ ပုဂံေဒသႏွင့္ ထိစပ္ေနသည့္ ေခ်ာင္းရွည္႐ြာ ၊ ဇီးစာျမင္ေျမာက္႐ြာ ၊ ပြဲတိုင္း႐ြာ၊ ေက်ာက္ျပင္ကန္႐ြာတို႔တြင္ PDF မ်ားက တိုက္ပြဲေဖာ္ ေဆာင္မႈမ်ား ျပဳလုပ္လာေနေၾကာင္း သိရသည္။
	လက္ရွိတြင္ ေညာင္ဦးၿမိဳ႕နယ္အတြင္း   တိုက္ပြဲျဖစ္ပြားမႈမ်ားရွိေနသည့္အတြက္ ျပည္သူ အခ်ိဳ႕မွာ ေက်ာက္ပန္းေတာင္းႏွင့္ ေညာင္ဦးၿမိဳ႕ေပၚသို႔ စစ္ေဘးေရွာင္ေနရမႈမ်ားရွိေနေၾကာင္းႏွင့္ ေညာင္ ဦးႏွင့္ ေက်ာက္ပန္းေတာင္းၿမိဳ႕တို႔ၾကားတြင္ သြားလာ သူမရွိသေလာက္နည္းပါးေနေၾကာင္း ေဒသခံမ်ား ထံမွသိရသည္။
	ေရွးေဟာင္းေစတီပုထိုး ေျမာက္ျမားစြာ တည္ရွိေနေသာ ပုဂံေဒသကို (၂၀၁၉) ခုႏွစ္ ဇူလိုင္ လ (၆) ရက္တြင္ ကမာၻ႔အေမြအႏွစ္စာရင္းဝင္ေဒသတစ္ခုအျဖစ္ ကုလသမဂၢယူနက္စကို (UNESCO) အဖြဲ႕က အသိအမွတ္ျပဳခဲ့ျခင္းျဖစ္သည္။