အိန္ဒိယပင်လယ်ပြင်မှာရှိတဲ့ အမေရိကန်-ဗြိတိန်အခြေစိုက်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာမျိုး မရှိဘူးလို့ အီရန်ထုတ်ဖော်ပြောဆို

 101

Pika (NP News)- မတ် ၂၃

အိန္ဒိယပင်လယ်ပြင်မှာရှိတဲ့ အမေရိကန်-ဗြိတိန် ပူးတွဲစစ်အခြေစိုက်စခန်းကို အီရန်ကပစ်မှတ်ထားတိုက်ခိုက်ခဲ့တာမျိုး မရှိဘူးလို့ အီရန်အကြီးတန်းအရာရှိတစ်ဦးကို ကိုးကားပြီး Al Jazeeraသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

ချာဂို့စ်ကျွန်းစုမှာရှိတဲ့ ဝေးလံခေါင်သီတဲ့ ဒီယေဂိုဂါစီယာကျွန်းပေါ်က စစ်အခြေစိုက်စခန်းကို ပဲ့ထိန်းဒုံးကျည်နှစ်စင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အီရန်ဘက်က ပြောဆိုချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပဲ့ထိန်းဒုံးကျည်နှစ်စင်းလုံးက အမေရိကန်တပ်ဖွဲ့ဝင်(၂၅၀၀)ခန့်ကို လက်ခံထားတဲ့ စစ်အခြေစိုက်စခန်းကို ထိမှန်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်းသိရပါတယ်။

ဒါ့ပြင် အဲ့ဒီအခြေစိုက်စခန်းကို အရှေ့အလယ်ပိုင်းဒေသ၊တောင်အာရှနဲ့ အရှေ့အာဖရိကတစ်လွှားက စစ်ဆင်ရေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပလက်ဖောင်းတစ်ခုအဖြစ် အမေရိကန်အစိုးရက ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝိုင်ဗက်တီကူးပါးက အဲ့ဒီဖြစ်ရပ်ကို အီရန်ရဲ့ ပေါ့ဆတဲ့ခြိမ်းခြောက်မှုတွေအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး ဗြိတိန်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမှာ ပါဝင်မှာမဟုတ်ကြောင်းနဲ့ ၎င်းရဲ့အခန်းကဏ္ဍကို ကာကွယ်ရေးဆိုင်ရာပံ့ပိုးမှုတွေနဲ့ပဲ ကန့်သတ်ထားမယ်လို့လည်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်နေ့မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲတစ်ခုစတင်ဆင်နွှဲခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာခဲ့ပြီး တင်းမာမှုတွေက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်ကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi version:

အိႏၵိယပင္လယ္ျပင္မွာရွိတဲ့ အေမရိကန္-ၿဗိတိန္ ပူးတြဲစစ္အေျခစိုက္စခန္းကို အီရန္ကပစ္မွတ္ထားတိုက္ခိုက္ခဲ့တာမ်ိဳး မရွိဘူးလို႔ အီရန္အႀကီးတန္းအရာရွိတစ္ဦးကို ကိုးကားၿပီး Al Jazeeraသတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။
ခ်ာဂို႔စ္ကြၽန္းစုမွာရွိတဲ့ ေဝးလံေခါင္သီတဲ့ ဒီေယဂိုဂါစီယာကြၽန္းေပၚက စစ္အေျခစိုက္စခန္းကို ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္းနဲ႔ ပစ္မွတ္ထားတိုက္ခိုက္မႈေတြရွိခဲ့တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ အီရန္ဘက္က ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ဒါေပမယ့္လည္း ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္းလုံးက အေမရိကန္တပ္ဖြဲ႕ဝင္(၂၅၀၀)ခန႔္ကို လက္ခံထားတဲ့ စစ္အေျခစိုက္စခန္းကို ထိမွန္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္းသိရပါတယ္။
ဒါ့ျပင္ အဲ့ဒီအေျခစိုက္စခန္းကို အေရွ႕အလယ္ပိုင္းေဒသ၊ေတာင္အာရွနဲ႔ အေရွ႕အာဖရိကတစ္လႊားက စစ္ဆင္ေရးေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ ပလက္ေဖာင္းတစ္ခုအျဖစ္ အေမရိကန္အစိုးရက ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ဝိုင္ဗက္တီကူးပါးက အဲ့ဒီျဖစ္ရပ္ကို အီရန္ရဲ႕ ေပါ့ဆတဲ့ၿခိမ္းေျခာက္မႈေတြအျဖစ္ ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ၿဗိတိန္က ထိုးစစ္ဆင္တိုက္ခိုက္မႈေတြမွာ ပါဝင္မွာမဟုတ္ေၾကာင္းနဲ႔ ၎ရဲ႕အခန္းက႑ကို ကာကြယ္ေရးဆိုင္ရာပံ့ပိုးမႈေတြနဲ႔ပဲ ကန႔္သတ္ထားမယ္လို႔လည္း အခိုင္အမာေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၈)ရက္ေန႔မွာ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚ စစ္ပြဲတစ္ခုစတင္ဆင္ႏႊဲခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသမွာ ႀကီးမားက်ယ္ျပန႔္တဲ့ စစ္ပြဲႀကီးတစ္ခုေပၚေပါက္လာခဲ့ၿပီး တင္းမာမႈေတြက သမိုင္းတစ္ေလွ်ာက္ အျမင့္ဆုံးအဆင့္ကိုေရာက္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.