သစ်ပင်စိုက်သွားရာမှ ရက်ပေါင်း (၂ဝ) အကြာ PDF အဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသူ (၅)ဦးအနက် ရေနံသာဒင်္ဂါး တစ်ဦးသာ ပြန်လည်လွတ်မြောက်လာ

1936

သန့်ဇင် (NP News) - ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် သစ်ပင်စိုက်သွားရာမှ ရက်ပေါင်း (၂ဝ) အကြာ PDF အဖွဲ့၏ ဖမ်းဆီးခြင်းခံ ထားရသူ (၅)ဦးအနက် ရေနံသာဒင်္ဂါး တစ်ဦးသာ ပြန်လည်လွတ်မြောက်လာသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်၊ မွန်းလွဲ ၂ နာရီကျော်ဝန်းကျင်အချိန်ခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင် တက်လမ်း၊ ရေငယ်စခန်းအနီးတွင် သစ်ပင်စိုက်သွားသော သစ်တောလက်ထောက်ညွှန်ကြားရေးမှူး နှင့် ရေနံသာကိုဒင်္ဂါး အပါအဝင် (၅)ဦး ကို PDF အဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ရက်ပေါင်း (၂၀) ခန့်အကြာ ဇူလိုင်လ ၂၆ ရက်၊ ညပိုင်းတွင် ရေနံသာကိုဒင်္ဂါးမှာ ပြန်လည်လွတ်မြောက် လာခဲ့ပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ယက် Facebook စာမျက်မှာထက်တွင် ဖော်ပြအသိပေးထားချက်အရ သိရသည်။
“အားလုံး မင်္ဂလာပါ။ ကျွန်တော်ပြန်လည်လွတ်မြောက်လာပါပြီလို့။ ဝိုင်းဝန်းဆုတောင်းပေးကြသူအားလုံး ကူညီပေး ကြသူအားလုံး အားလုံးသိအောင်တင်ပေးကြသော မီဒီယာများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ပြန်လွတ် လာပါပြီ။ အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု ရေနံသာကိုဒင်္ဂါးက ရုပ်သံဖိုင်ဖြင့် အသိပေးထားကြောင်း သိရသည်။
ထို့ပြင် PDF အဖွဲ့၏ ဖမ်းဆီးခြင်းခံရသူများအတွင်း သစ်တော်လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်းကျော်၊ တောခေါင်းဦးလွင်ဦး (ယာဉ် မောင်း)၊ တောအုပ်ဦးကျော်နိုင်ဦးနှင့် တောခေါင်း ဦးရဲလင်းထက်တို့သည် မကြာမီ လွတ်မြောက်လာမည်ဟု ယူဆရကြောင်းလည်း ၎င်းက အသိပေးရေးသားထားကြောင်း သိရသည်။
“ကိုဒင်္ဂါးတော့ ပြန်လွှတ်လာပြီ။ ကျန်တဲ့လူတွေတော့ အခုထိမလွတ်သေးဘူး။ အခြေအနေကတော့ စောင့်ကြည့်ရ တုန်းပဲ” ဟု ဖြစ်စဉ်အား သိရှိသူတစ်ဦးက NP News ကို ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်၊ ညနေ ၆ နာရီ ၃ဝ မိနစ်အချိန်ခန့်က ညောင်ဦးမြို့ KBZ ဘဏ်အနောက် လမ်းကြား၊ ဆန်းရွှေဝါဆီဆိုင် နေအိမ်မှ စက်သုံးဆီလုပ်ငန်းရှင်၏ ဇနီးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ ငွေကျပ်သိန်း(၅၀၀)ကိုပါ လုယက်ယူဆောင်သွားခဲ့ရာ လက်ရှိအချိန်အထိ ပြန်လည်မလွှတ်မြောက်ခြင်းမရှိသေး ကြောင်း သိရသည်။

Zawgyi Version:
သစ္ပင္စိုက္သြားရာမွ ရက္ေပါင္း (၂ဝ) အၾကာ PDF အဖြဲ႕၏ ဖမ္းဆီးျခင္းခံထားရသူ (၅)ဦးအနက္ ေရနံသာဒဂၤါး တစ္ဦးသာ ျပန္လည္လြတ္ေျမာက္လာ
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၇
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္တြင္ သစ္ပင္စိုက္သြားရာမွ ရက္ေပါင္း (၂ဝ) အၾကာ PDF အဖြဲ႕၏ ဖမ္းဆီးျခင္းခံ ထားရသူ (၅)ဦးအနက္ ေရနံသာဒဂၤါး တစ္ဦးသာ ျပန္လည္လြတ္ေျမာက္လာေသးေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၅ ရက္၊ မြန္းလြဲ ၂ နာရီေက်ာ္ဝန္းက်င္အခ်ိန္ခန႔္က ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ပုပၸားေတာင္ တက္လမ္း၊ ေရငယ္စခန္းအနီးတြင္ သစ္ပင္စိုက္သြားေသာ သစ္ေတာလက္ေထာက္ၫႊန္ၾကားေရးမႉး ႏွင့္ ေရနံသာကိုဒဂၤါး အပါအဝင္ (၅)ဦး ကို PDF အဖြဲ႕က ဖမ္းဆီးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ရက္ေပါင္း (၂၀) ခန႔္အၾကာ ဇူလိုင္လ ၂၆ ရက္၊ ညပိုင္းတြင္ ေရနံသာကိုဒဂၤါးမွာ ျပန္လည္လြတ္ေျမာက္ လာခဲ့ၿပီျဖစ္ေၾကာင္း ၎၏ လူမႈကြန္ယက္ Facebook စာမ်က္မွာထက္တြင္ ေဖာ္ျပအသိေပးထားခ်က္အရ သိရသည္။
“အားလုံး မဂၤလာပါ။ ကြၽန္ေတာ္ျပန္လည္လြတ္ေျမာက္လာပါၿပီလို႔။ ဝိုင္းဝန္းဆုေတာင္းေပးၾကသူအားလုံး ကူညီေပး ၾကသူအားလုံး အားလုံးသိေအာင္တင္ေပးၾကေသာ မီဒီယာမ်ားအားလုံးကို ေက်းဇူးအထူးတင္ရွိပါသည္။ ျပန္လြတ္ လာပါၿပီ။ အားလုံးကိုေက်းဇူးတင္ပါတယ္” ဟု ေရနံသာကိုဒဂၤါးက ႐ုပ္သံဖိုင္ျဖင့္ အသိေပးထားေၾကာင္း သိရသည္။
ထို႔ျပင္ PDF အဖြဲ႕၏ ဖမ္းဆီးျခင္းခံရသူမ်ားအတြင္း သစ္ေတာ္လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးတင္အုန္းေက်ာ္၊ ေတာေခါင္းဦးလြင္ဦး (ယာဥ္ ေမာင္း)၊ ေတာအုပ္ဦးေက်ာ္ႏိုင္ဦးႏွင့္ ေတာေခါင္း ဦးရဲလင္းထက္တို႔သည္ မၾကာမီ လြတ္ေျမာက္လာမည္ဟု ယူဆရေၾကာင္းလည္း ၎က အသိေပးေရးသားထားေၾကာင္း သိရသည္။
“ကိုဒဂၤါးေတာ့ ျပန္လႊတ္လာၿပီ။ က်န္တဲ့လူေတြေတာ့ အခုထိမလြတ္ေသးဘူး။ အေျခအေနကေတာ့ ေစာင့္ၾကည့္ရ တုန္းပဲ” ဟု ျဖစ္စဥ္အား သိရွိသူတစ္ဦးက NP News ကို ေျပာသည္။
အလားတူ ၿပီးခဲ့သည့္ ဇူလိုင္လ ၁၃ ရက္၊ ညေန ၆ နာရီ ၃ဝ မိနစ္အခ်ိန္ခန္႔က ေညာင္ဦးၿမိဳ႕ KBZ ဘဏ္အေနာက္ လမ္းၾကား၊ ဆန္းေ႐ႊဝါဆီဆိုင္ ေနအိမ္မွ စက္သုံးဆီလုပ္ငန္းရွင္၏ ဇနီးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္ကာ ေငြက်ပ္သိန္း(၅၀၀)ကိုပါ လုယက္ယူေဆာင္သြားခဲ့ရာ လက္ရွိအခ်ိန္အထိ ျပန္လည္မလႊတ္ေျမာက္ျခင္းမရွိေသး ေၾကာင္း သိရသည္။