တရုတ်နိုင်ငံတောင်ပိုင်းမှာ ခြင်မှပေါက်ဖွားတဲ့ ချီကွန်ဂွန်ယာရောဂါ ကူးစက်မှုဖြစ်ပွားနေ

172
ရောင်နီ (NP News) - ဇူလိုင် ၂၇
တရုတ်နိုင်ငံ တောင်ပိုင်းမှာ ခြင်မှတဆင့် ကူးဆက်တဲ့ ချီကွန်ဂွန်ယာရောဂါ ကူးစက်ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်၊ အာဏာပိုင်တွေ ဒီရောဂါဖြစ်ပွားမှုကို ခြေရာခံမိပြီးကတည်းက ရောဂါဖြစ်ပွားမှု အရှိန်အဟုန်နဲ့ မြင့်တက်လာနေပြီး သောကြာနေ့ (ဇူလိုင် ၂၅ ရက်) မှာ ကူးစက်ခံရသူ ၄,၀၁၄ ဦးအထိ ခုန်တက် သွားခဲ့တယ်လို့ ဖိုရှန် ခရိုင်ကျန်းမာရေးဌာနတွေက ထုတ်ပြန်တဲ့ လူထုမှတ်တမ်းတွေအရ သိရပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ် ကွမ်တုန်မြို့ဟာ ဗိုင်းရပ်စ်ကူးစက်မှု အပြင်းထန်ဆုံးနေရာဖြစ်နေတယ်လို့ ဆိုပါတယ်။
ချီကွန်ဂွန်ယာရောဂါဟာ ခြင်ကိုက်ခံရခြင်းမှတဆင့် လူကို ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ ဖျားနာခြင်း၊ အဆစ်အမြစ် ပြင်းထန်စွာ နာကျင်ခြင်းတို့ ဖြစ်စေပေမယ့် သေဆုံးမှုဖြစ်နိုင်ချေကတော့ ရှားပါးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။ တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာကတော့ ချီကွန်ဂန်ယာ ရောဂါကူးစက်မှုမှ ကာကွယ်ဖို့ ခြင်ဆေးခွေထွန်းခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာအကာအကွယ်အတားအဆီးတွေ ပြုလုပ်ဖို့ အကြံပြုထားပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံေတာင္ပိုင္းမွာ ျခင္မွေပါက္ဖြားတဲ့ ခ်ီကြန္ဂြန္ယာေရာဂါ ကူးစက္မႈျဖစ္ပြားေန
ေရာင္နီ (NP News) - ဇူလိုင္ ၂၇
တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းမွာ ျခင္မွတဆင့္ ကူးဆက္တဲ့ ခ်ီကြန္ဂြန္ယာေရာဂါ ကူးစက္ျဖစ္ပြားမႈေတြ ရွိေနတယ္လို႔ သိရပါတယ္။
လြန္ခဲ့တဲ့ သီတင္းႏွစ္ပတ္ခန႔္၊ အာဏာပိုင္ေတြ ဒီေရာဂါျဖစ္ပြားမႈကို ေျခရာခံမိၿပီးကတည္းက ေရာဂါျဖစ္ပြားမႈ အရွိန္အဟုန္နဲ႔ ျမင့္တက္လာေနၿပီး ေသာၾကာေန႔ (ဇူလိုင္ ၂၅ ရက္) မွာ ကူးစက္ခံရသူ ၄,၀၁၄ ဦးအထိ ခုန္တက္ သြားခဲ့တယ္လို႔ ဖိုရွန္ ခ႐ိုင္က်န္းမာေရးဌာနေတြက ထုတ္ျပန္တဲ့ လူထုမွတ္တမ္းေတြအရ သိရပါတယ္။ တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းျပည္နယ္ ကြမ္တုန္ၿမိဳ႕ဟာ ဗိုင္းရပ္စ္ကူးစက္မႈ အျပင္းထန္ဆုံးေနရာျဖစ္ေနတယ္လို႔ ဆိုပါတယ္။
ခ်ီကြန္ဂြန္ယာေရာဂါဟာ ျခင္ကိုက္ခံရျခင္းမွတဆင့္ လူကို ကူးစက္ႏိုင္ပါတယ္။ ေရာဂါလကၡဏာေတြအေနနဲ႔ ဖ်ားနာျခင္း၊ အဆစ္အျမစ္ ျပင္းထန္စြာ နာက်င္ျခင္းတို႔ ျဖစ္ေစေပမယ့္ ေသဆုံးမႈျဖစ္ႏိုင္ေခ်ကေတာ့ ရွားပါးတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ဆိုပါတယ္။ တ႐ုတ္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာကေတာ့ ခ်ီကြန္ဂန္ယာ ေရာဂါကူးစက္မႈမွ ကာကြယ္ဖို႔ ျခင္ေဆးေခြထြန္းျခင္း စတဲ့ ႐ုပ္ပိုင္းဆိုင္ရာအကာအကြယ္အတားအဆီးေတြ ျပဳလုပ္ဖို႔ အႀကံျပဳထားပါတယ္။