ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့တရုတ်ကြား အပြန်အလှန်ပြစ်တင်ဝေဖန်မှုတွေဖြစ်ပွား

 930

Pika (NP News) - ဇူလိုင် ၂၈
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ အမေရိကန်နဲ့တရုတ်နိုင်ငံတို့ကြား အပြန်အလှန်ပြစ်တင်ဝေဖန်မှု တွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းမှာ ရုရှားရဲ့ရန်လိုမှုတွေကို ထောက်ခံအားပေးနေတာတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံကို အမေရိကန်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံကလည်း အမေရိကန်ဟာ အပြစ်တွေပုံချဖို့နဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားလာအောင် ကြိုးပမ်းနေတယ်လို့ ပြန်လည်စွပ်စွဲပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ယာယီအမေရိကန်သံအမတ်ကြီး Dorothy Shea က ယူကရိန်းကို ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်စေနိုင်မယ့် နှစ်မျိုးသုံးကုန် ပစ္စည်းတွေကို ရုရှားနိုင်ငံကိုတင်ပို့နေခြင်းကို ရပ်တန့်ဖို့ အထူးသဖြင့် တရုတ်ကို အမည်တပ်ပြီး နိုင်ငံတွေအားလုံးကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံဟာ ယူကရိန်းမှာစစ်ပွဲကို စတင်ခဲ့တာမျိုးမဟုတ်တဲ့အပြင် ပဋိပက္ခမှာ ပါဝင်တဲ့ ပါတီတစ်ခုလည်း မဟုတ်သလို သေစေလောက်တဲ့စစ်လက်နက်ပစ္စည်းတွေကို ရုရှားကို ဘယ်တုန်းကမှထောက်ပံ့ပေးခဲ့တာမျိုး မရှိခဲ့ဘူးလို့ တရုတ်နိုင်ငံရဲ့ကုလသမဂ္ဂဆိုင်ရာ လက်ထောက်သံအမတ်ကြီး Geng Shuang က ပြန်လည်တုံ့ပြန် ခဲ့ပါတယ်။ Geng Shuang က “ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အပြစ်ပုံချတာတွေ ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်မှု တွေ ဖန်တီးနေတာတွေကို ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုမြှင့်တင်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အမေရိကန်ကို ကျွန်တော်တို့တိုက်တွန်းထားပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔တ႐ုတ္ၾကား အျပန္အလွန္ျပစ္တင္ေဝဖန္မႈေတြျဖစ္ပြား
Pika (NP News) - ဇူလိုင္ ၂၈
ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး ကုလသမဂၢမွာ အေမရိကန္နဲ႔တ႐ုတ္ႏိုင္ငံတို႔ၾကား အျပန္အလွန္ျပစ္တင္ေဝဖန္မႈ ေတြျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ယူကရိန္းမွာ ႐ုရွားရဲ႕ရန္လိုမႈေတြကို ေထာက္ခံအားေပးေနတာေတြကို ရပ္တန႔္ဖို႔ တ႐ုတ္ႏိုင္ငံကို အေမရိကန္က ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ တ႐ုတ္ႏိုင္ငံကလည္း အေမရိကန္ဟာ အျပစ္ေတြပုံခ်ဖို႔နဲ႔ထိပ္တိုက္ရင္ဆိုင္မႈေတြ ျဖစ္ပြားလာေအာင္ ႀကိဳးပမ္းေနတယ္လို႔ ျပန္လည္စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ကုလသမဂၢဆိုင္ရာ ယာယီအေမရိကန္သံအမတ္ႀကီး Dorothy Shea က ယူကရိန္းကို ဒုံးက်ည္ေတြ၊ဒ႐ုန္းေတြနဲ႔တိုက္ခိုက္မႈေတြ လုပ္ေဆာင္ေစႏိုင္မယ့္ ႏွစ္မ်ိဳးသုံးကုန္ ပစၥည္းေတြကို ႐ုရွားႏိုင္ငံကိုတင္ပို႔ေနျခင္းကို ရပ္တန႔္ဖို႔ အထူးသျဖင့္ တ႐ုတ္ကို အမည္တပ္ၿပီး ႏိုင္ငံေတြအားလုံးကို တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ တ႐ုတ္ႏိုင္ငံဟာ ယူကရိန္းမွာစစ္ပြဲကို စတင္ခဲ့တာမ်ိဳးမဟုတ္တဲ့အျပင္ ပဋိပကၡမွာ ပါဝင္တဲ့ ပါတီတစ္ခုလည္း မဟုတ္သလို ေသေစေလာက္တဲ့စစ္လက္နက္ပစၥည္းေတြကို ႐ုရွားကို ဘယ္တုန္းကမွေထာက္ပံ့ေပးခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ တ႐ုတ္ႏိုင္ငံရဲ႕ကုလသမဂၢဆိုင္ရာ လက္ေထာက္သံအမတ္ႀကီး Geng Shuang က ျပန္လည္တုံ႔ျပန္ ခဲ့ပါတယ္။ Geng Shuang က “ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး အျပစ္ပုံခ်တာေတြ ဒါမွမဟုတ္ ထိပ္တိုက္ရင္ဆိုင္မႈ ေတြ ဖန္တီးေနတာေတြကို ရပ္တန႔္ၿပီး အပစ္အခတ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကိုျမႇင့္တင္ရာမွာ အျပဳသေဘာေဆာင္တဲ့ အခန္းက႑ကေန ပါဝင္ဖို႔ အေမရိကန္ကို ကြၽန္ေတာ္တို႔တိုက္တြန္းထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Picture

Tha Lwin

28/07/2025 10:50

💪💪💪👍👍👍

Related news

© 2021. All rights reserved.