မျိုးတုန်းသွားပြီလို့ ယူဆထားတဲ့ ကမ္ဘာ့အသေးဆုံး မြွေမျိုးစိတ် ပြန်လည်ရှာတွေ့

 547

ရောင်နီ (NP News) - ဇူလိုင် ၂၈
အလွန်သေးငယ်ပြီး တီကောင်နဲ့တောင် မှားနိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြွေမျိုးစိတ်ကို ဆယ်စုနှစ် နှစ်ခုနီးပါး အကြာ၊ ဘာဘေးဒိုနိုင်ငံမှာ သိပ္ပံပညာရှင်တွေက ပြန်လည်တွေ့ရှိခဲ့ပါတယ်။
Barbados ချည်မျှင်မြွေ (Tetracheilostoma carlae)ကို မတ်လက ဘာဘေးဒိုးစ်မြို့လယ်ရှိ ကျောက်တုံးတစ်ခုအောက်မှာ ဘာဘေးဒို ပတ်ဝန်းကျင် စူးစမ်းလေ့လာရေး အဖွဲ့(Barbados Environment and National Beautification and conservation group Re:wild) က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ချည်မျှင်မြွေတွေဟာ အလွန်လျှို့ဝှက်တတ်တဲ့ မြွေအမျိုးအစားဖြစ်ပြီး ၁၈၈၉ ခုနှစ်ကတည်းက မျိုးတုန်းသွားပြီလို့ ယူဆရကာ မြင်ဖူးသူ ရှားပါးတယ်လို့ ရှာဖွေတွေ့ရှိမှုကို ကူညီပေးခဲ့တဲ့ ဝန်ကြီးဌာနမှ ပရောဂျက်အရာရှိ မစ္စတာကွန်နာဘလက်ဒက် က ပြောပါတယ်။
ချည်မျှင်မြွေဟာ အရွယ်ရောက်ချိန်မှာ အရှည် ၈ စင်တီမီတာမှ ၁၀ စင်တီမီတာထိသာ ကြီးထွားနိုင်ပါတယ်။ အရောင်အားဖြင့် နောက်ကျောတစ်လျှောက် လိမ္မော်ရောင်အစင်းကြောင်းတွေ ပါရှိတတ်ပါတယ်။
ယခု တွေ့ရှိတဲ့ ချည်မျှင်မြွေကို အဏုကြည့်မှန်ဘီလူးနဲ့ သေချာစစ်ဆေး သုတေသနပြုဖို့အတွက် West Indies တက္ကသိုလ်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
မ်ိဳးတုန္းသြားၿပီလို႔ ယူဆထားတဲ့ ကမာၻ႔အေသးဆုံး ေႁမြမ်ိဳးစိတ္ ျပန္လည္ရွာေတြ႕
ေရာင္နီ (NP News) - ဇူလိုင္ ၂၈
အလြန္ေသးငယ္ၿပီး တီေကာင္နဲ႔ေတာင္ မွားႏိုင္တဲ့ ကမာၻ႔အေသးဆုံး ေႁမြမ်ိဳးစိတ္ကို ဆယ္စုႏွစ္ ႏွစ္ခုနီးပါး အၾကာ၊ ဘာေဘးဒိုႏိုင္ငံမွာ သိပၸံပညာရွင္ေတြက ျပန္လည္ေတြ႕ရွိခဲ့ပါတယ္။
Barbados ခ်ည္မွ်င္ေႁမြ (Tetracheilostoma carlae)ကို မတ္လက ဘာေဘးဒိုးစ္ၿမိဳ႕လယ္ရွိ ေက်ာက္တုံးတစ္ခုေအာက္မွာ ဘာေဘးဒို ပတ္ဝန္းက်င္ စူးစမ္းေလ့လာေရး အဖြဲ႕(Barbados Environment and National Beautification and conservation group Re:wild) က ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ခ်ည္မွ်င္ေႁမြေတြဟာ အလြန္လွ်ိဳ႕ဝွက္တတ္တဲ့ ေႁမြအမ်ိဳးအစားျဖစ္ၿပီး ၁၈၈၉ ခုႏွစ္ကတည္းက မ်ိဳးတုန္းသြားၿပီလို႔ ယူဆရကာ ျမင္ဖူးသူ ရွားပါးတယ္လို႔ ရွာေဖြေတြ႕ရွိမႈကို ကူညီေပးခဲ့တဲ့ ဝန္ႀကီးဌာနမွ ပေရာဂ်က္အရာရွိ မစၥတာကြန္နာဘလက္ဒက္ က ေျပာပါတယ္။
ခ်ည္မွ်င္ေႁမြဟာ အ႐ြယ္ေရာက္ခ်ိန္မွာ အရွည္ ၈ စင္တီမီတာမွ ၁၀ စင္တီမီတာထိသာ ႀကီးထြားႏိုင္ပါတယ္။ အေရာင္အားျဖင့္ ေနာက္ေက်ာတစ္ေလွ်ာက္ လိေမၼာ္ေရာင္အစင္းေၾကာင္းေတြ ပါရွိတတ္ပါတယ္။
ယခု ေတြ႕ရွိတဲ့ ခ်ည္မွ်င္ေႁမြကို အဏုၾကည့္မွန္ဘီလူးနဲ႔ ေသခ်ာစစ္ေဆး သုေတသနျပဳဖို႔အတြက္ West Indies တကၠသိုလ္ကို ေခၚေဆာင္သြားခဲ့တယ္လို႔ သိရပါတယ္။

Picture

winthida123 winthida123

21/11/2025 05:12

အဆိပ်ရှိပါသလားအနီးနားတွင်တွေ့ဖူးလို့ပါ

Related news

© 2021. All rights reserved.