ခွေးကို အီလက်ထရွန်းနစ်ရှော့ခ် ကော်လာ လည်ပတ်ကြိုးတွေ တပ်ဆင်ပေးခြင်းဟာ ညှင်းပမ်းမှုဖြစ်စေနိုင်ကြောင်း စင်ကာပူ AVS ပြော

91

ရောင်နီ (NP News) - ဇူလိုင် ၂၈
ခွေးပိုင်ရှင်တွေ အနေနဲ့ ခွေးတွေအပေါ် အန္တရာယ် ပြင်းပြင်းထန်ထန်ဖြစ်စေနိုင်တဲ့ အီလက်ထရွန်းနစ် ရှော့ခ်ကော်လာတွေနဲ့ ပခုံးကော်လာတွေ ဝတ်ဆင်ပေးတာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ စင်ကာပူ တိရစ္ဆာန်နှင့်ကုသရေးဝန်ဆောင်မှု (AVS) က ဇူလိုင် ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
အီလက်ထရွန်းနစ်ကော်လာတွေဟာ ခွေးလည်ပင်းကို လျှပ်စစ်ရှော့ခ်နဲ့ တုန်ခါမှုဖြစ်အောင် လှုံ့ဆော် ပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ အဆိုပါပစ္စည်းဟာ ခွေးတွေမှာ မလိုလားအပ်တဲ့ အပြုအမူတွေ ကို နာကျင်မှုနဲ့ ဟန့်တားဖို့ ထုတ်လုပ်ထားတဲ့ လေ့ကျင့်ရေးကိရိယာတွေဖြစ်ပြီး အွန်လိုင်းမှာ ၁၅ ဒေါ်လာမှ ၂၅၀ ဒေါ်လာထိ သုံးရုံနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုနဲ့ စက်မှုဝန်ကြီးဌာန ၀န်ကြီး အယ်လ်ဗင်တန် က ခွေးပိုင်ရှင်တွေ အနေနဲ့ အဆိုပါကိရိယာတွေရဲ့အားနည်းချက်ကို နားလည်စေဖို့ ကူညီအကြံဉာဏ်ပေးတဲ့အနေနဲ့ အိမ်မွေးတိရိစ္ဆာန် ချစ်သူများ အလုပ်ရုံဆွေးနွေးပွဲအနေနဲ့ စင်ကာပူနိုင်ငံ၊ Tampines Boulevard Park မှာ Pets' Day Out ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ အီလက်ထရွန်းနစ် ခွေးပခုံးကော်လာ အမျိုးအစားအမျိုးမျိုးကို အသေးစိတ်ဖော်ပြထားပြီး အဲဒီပစ္စည်းတွေကြောင့် ခွေးတွေမှာ နာကျင်မှု၊ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု စတဲ့ပြဿနာတွေ ဖြစ်စေသလို အပြုအမူဆိုင်ရာပြဿနာတွေကိုလည်း ပိုမိုဆိုးရွားစေနိုင်တယ်လို့ အသိပေးပြောကြားကာ တိရစ္ဆာန်နဲ့ ငှက် အက်ဥပဒေ တစ်စိတ်တစ်ပိုင်းအနေနဲ့ တိရစ္ဆာန်လေ့ကျင့်ရေး ကိရိယာတွေ အသုံးပြုမှု ထိန်းညှိဖို့ လိုအပ်ကြောင်း ကိုလည်း ပြန်လည် သုံးသပ်သွားမယ်လို့ ဆိုပါတယ်။

Zawgyi Version:
ေခြးကို အီလက္ထ႐ြန္းနစ္ေရွာ့ခ္ ေကာ္လာ လည္ပတ္ႀကိဳးေတြ တပ္ဆင္ေပးျခင္းဟာ ညႇင္းပမ္းမႈျဖစ္ေစႏိုင္ေၾကာင္း စင္ကာပူ AVS ေျပာ
ေရာင္နီ (NP News) - ဇူလိုင္ ၂၈
ေခြးပိုင္ရွင္ေတြ အေနနဲ႔ ေခြးေတြအေပၚ အႏၲရာယ္ ျပင္းျပင္းထန္ထန္ျဖစ္ေစႏိုင္တဲ့ အီလက္ထ႐ြန္းနစ္ ေရွာ့ခ္ေကာ္လာေတြနဲ႔ ပခုံးေကာ္လာေတြ ဝတ္ဆင္ေပးတာမ်ိဳးကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ဖို႔ စင္ကာပူ တိရစာၦန္ႏွင့္ကုသေရးဝန္ေဆာင္မႈ (AVS) က ဇူလိုင္ ၂၆ ရက္မွာ ေျပာၾကားလိုက္ပါတယ္။
အီလက္ထ႐ြန္းနစ္ေကာ္လာေတြဟာ ေခြးလည္ပင္းကို လွ်ပ္စစ္ေရွာ့ခ္နဲ႔ တုန္ခါမႈျဖစ္ေအာင္ လႈံ႕ေဆာ္ ေပးႏိုင္ဖို႔ ဒီဇိုင္းထုတ္ထားတဲ့ပစၥည္းေတြျဖစ္ပါတယ္။ အဆိုပါပစၥည္းဟာ ေခြးေတြမွာ မလိုလားအပ္တဲ့ အျပဳအမူေတြ ကို နာက်င္မႈနဲ႔ ဟန႔္တားဖို႔ ထုတ္လုပ္ထားတဲ့ ေလ့က်င့္ေရးကိရိယာေတြျဖစ္ၿပီး အြန္လိုင္းမွာ ၁၅ ေဒၚလာမွ ၂၅၀ ေဒၚလာထိ သုံး႐ုံနဲ႔ ဝယ္ယူရရွိႏိုင္ပါတယ္။
အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရး၊ ကုန္သြယ္မႈနဲ႔ စက္မႈဝန္ႀကီးဌာန ၀န္ႀကီး အယ္လ္ဗင္တန္ က ေခြးပိုင္ရွင္ေတြ အေနနဲ႔ အဆိုပါကိရိယာေတြရဲ႕အားနည္းခ်က္ကို နားလည္ေစဖို႔ ကူညီအႀကံဉာဏ္ေပးတဲ့အေနနဲ႔ အိမ္ေမြးတိရိစာၦန္ ခ်စ္သူမ်ား အလုပ္႐ုံေဆြးေႏြးပြဲအေနနဲ႔ စင္ကာပူႏိုင္ငံ၊ Tampines Boulevard Park မွာ Pets' Day Out ပြဲ ျပဳလုပ္ခဲ့ပါတယ္။ ပြဲမွာ အီလက္ထ႐ြန္းနစ္ ေခြးပခုံးေကာ္လာ အမ်ိဳးအစားအမ်ိဳးမ်ိဳးကို အေသးစိတ္ေဖာ္ျပထားၿပီး အဲဒီပစၥည္းေတြေၾကာင့္ ေခြးေတြမွာ နာက်င္မႈ၊ ေၾကာက္႐ြံ႕မႈ၊ စိုးရိမ္ပူပန္မႈ စတဲ့ျပႆနာေတြ ျဖစ္ေစသလို အျပဳအမူဆိုင္ရာျပႆနာေတြကိုလည္း ပိုမိုဆိုး႐ြားေစႏိုင္တယ္လို႔ အသိေပးေျပာၾကားကာ တိရစာၦန္နဲ႔ ငွက္ အက္ဥပေဒ တစ္စိတ္တစ္ပိုင္းအေနနဲ႔ တိရစာၦန္ေလ့က်င့္ေရး ကိရိယာေတြ အသုံးျပဳမႈ ထိန္းညႇိဖို႔ လိုအပ္ေၾကာင္း ကိုလည္း ျပန္လည္ သုံးသပ္သြားမယ္လို႔ ဆိုပါတယ္။