ဂျာမနီနိုင်ငံမှာ ရထားတိမ်းမှောက်မှုကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံးပြီး အခြားလူဒါဇင်ချီထိခိုက်ဒဏ်ရာရ

228
Pika (NP News) - ဇူလိုင် ၂၉
ဂျာမနီနိုင်ငံအနောက်တောင်ပိုင်း Baden-Wurttemberg ပြည်နယ်မှာ ရထားတိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့ပြီး အခြားလူဒါဇင်ချီထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီရထားဟာ ခရီးသည်(၁၀၀)ဝန်းကျင်ကို တင်ဆောင်လာတာဖြစ်ပြီး Ulm မြို့ရဲ့အနောက်ဘက် (၅၀)ကီလိုမီတာအကွာမှာရှိတဲ့ သစ်တောဧရိယာမှာ တိမ်းမှောက်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေသဆိုင်ရာပြည်ထဲရေးဝန်ကြီး သောမတ်စ်စတိုဘယ်က "ရထားတိမ်းမှောက်မှုအတွင်း လူဒါဇင်ချီထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရထားထဲမှာရှိတဲ့လူအားလုံးကို ကယ်ဆယ်ပြီးပေမယ့်လည်း အပျက်အစီးတွေအောက်မှာ လူအချို့ ပိတ်မိနေနိုင်သေးတယ်လို့ သောမတ်စ်စတိုဘယ်ကပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း အရေးပေါ်ဝန်ဆောင်မှုတွေကို ကိုးကားပြီး ထိခိုက်ဒဏ်ရာရရှိသူ(၃၄)ဦးရှိတယ်လို့ ဒေသတွင်းမီဒီယာတွေကရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ထိခိုက်ဒဏ်ရာရရှိသူတွေထဲက (၃)ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ဖော်ပြထားမှုတွေရှိနေပေမယ့်လည်း အာဏာပိုင်တွေကတော့ အဲဒီကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

zawgyi version
ဂ်ာမနီႏိုင္ငံမွာ ရထားတိမ္းေမွာက္မႈေၾကာင့္ အနည္းဆုံးလူ(၃)ဦးေသဆုံးၿပီး အျခားလူဒါဇင္ခ်ီထိခိုက္ဒဏ္ရာရ
Pika (NP News) - ဇူလိုင္ ၂၉
ဂ်ာမနီႏိုင္ငံအေနာက္ေတာင္ပိုင္း Baden-Wurttemberg ျပည္နယ္မွာ ရထားတိမ္းေမွာက္မႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၃)ဦးေသဆုံးခဲ့ၿပီး အျခားလူဒါဇင္ခ်ီထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
အဲဒီရထားဟာ ခရီးသည္(၁၀၀)ဝန္းက်င္ကို တင္ေဆာင္လာတာျဖစ္ၿပီး Ulm ၿမိဳ႕ရဲ႕အေနာက္ဘက္ (၅၀)ကီလိုမီတာအကြာမွာရွိတဲ့ သစ္ေတာဧရိယာမွာ တိမ္းေမွာက္သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒသဆိုင္ရာျပည္ထဲေရးဝန္ႀကီး ေသာမတ္စ္စတိုဘယ္က "ရထားတိမ္းေမွာက္မႈအတြင္း လူဒါဇင္ခ်ီထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ရထားထဲမွာရွိတဲ့လူအားလုံးကို ကယ္ဆယ္ၿပီးေပမယ့္လည္း အပ်က္အစီးေတြေအာက္မွာ လူအခ်ိဳ႕ ပိတ္မိေနႏိုင္ေသးတယ္လို႔ ေသာမတ္စ္စတိုဘယ္ကေျပာၾကားခဲ့ပါတယ္။
ဒါေပမဲ့လည္း အေရးေပၚဝန္ေဆာင္မႈေတြကို ကိုးကားၿပီး ထိခိုက္ဒဏ္ရာရရွိသူ(၃၄)ဦးရွိတယ္လို႔ ေဒသတြင္းမီဒီယာေတြကေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ထိခိုက္ဒဏ္ရာရရွိသူေတြထဲက (၃)ဦးဟာ စိုးရိမ္ရတဲ့အေျခအေနမွာရွိေနတယ္လို႔ ေဖာ္ျပထားမႈေတြရွိေနေပမယ့္လည္း အာဏာပိုင္ေတြကေတာ့ အဲဒီကိန္းဂဏန္းေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။