ကနေဒါမှာပြုလုပ်တဲ့ 'Toronto International Film Festival' မှာ လီဗြောင်ဟွန်း Special Tribute Award ဂုဏ်ပြုဆုရရှိ

93
ရောင်နီ (NP News) - စက်တင်ဘာ ၁၁
ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ Fairmont Royal York ဟိုတယ်မှာ စက်တင်ဘာ ၈ ရက်က ကျင်းပတဲ့ ဂုဏ်သိက္ခာရှိ Toronto International Film Festival (TIFF) ဆုပေးပွဲ လီဗြောင်ဟွန်းက Special Tribute Award ဂုဏ်ထူးဆောင်ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဆုအတွက် လီဗြောင်ဟွန်းက "ဆုဟာ ကိုရီးယားယဉ်ကျေးမှုရဲ့ ထူးခြားအောင်မြင်မှုတွေနဲ့ ကြီးထွားလာမှု ကို အသိအမှတ်ပြုတယ်လို့ ယုံကြည်ပါတယ်၊ လေးနက်တဲ့နှိမ့်ချမှုနဲ့ လက်ခံပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ TIFF ဂုဏ်ပြုဆုပေးပွဲဟာ ကမ္ဘာတစ်ဝှမ်းက သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ အခြားဖန်တီးမှုတွေ အပါအဝင် ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်လောကမှာ ထူးချွန်စွာ ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုတဲ့ပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗြောင်ဟွန်းနဲ့အတူ ဟောလိဝုဒ် မင်းသမီး ဂျိုဒီဖိုစတာ၊ ဒါရိုက်တာ ဂွါလာမိုဒဲတော်ရို ရုပ်ရှင်ရိုက်ကူးသူ လီကာရီတို့ လည်း ဆုရရှိခဲ့တယ်လို့ သိရပါတယ်။
လီဗြောင်ဟွန်း ရရှိတဲ့ Special Tribute Award ဆုဟာ သူ့ရဲ့ တစ်ကိုယ်ရည်အောင်မြင်မှုတွေနဲ့ ကမ္ဘာလုံး ဆိုင်ရာရုပ်ရှင်လောကမှာ အောင်မြင်မှုတွေကို မီးမောင်းထိုးပြနေပါတယ်။

Zawgyi Version:
ကေနဒါမွာျပဳလုပ္တဲ့ 'Toronto International Film Festival' မွာ လီေျဗာင္ဟြန္း Special Tribute Award ဂုဏ္ျပဳဆုရရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၁
ကေနဒါႏိုင္ငံ၊ တို႐ြန္တိုၿမိဳ႕ Fairmont Royal York ဟိုတယ္မွာ စက္တင္ဘာ ၈ ရက္က က်င္းပတဲ့ ဂုဏ္သိကၡာရွိ Toronto International Film Festival (TIFF) ဆုေပးပြဲ လီေျဗာင္ဟြန္းက Special Tribute Award ဂုဏ္ထူးေဆာင္ဆု ရရွိခဲ့တယ္လို႔ သိရပါတယ္။
ဒီဆုအတြက္ လီေျဗာင္ဟြန္းက "ဆုဟာ ကိုရီးယားယဥ္ေက်းမႈရဲ႕ ထူးျခားေအာင္ျမင္မႈေတြနဲ႔ ႀကီးထြားလာမႈ ကို အသိအမွတ္ျပဳတယ္လို႔ ယုံၾကည္ပါတယ္၊ ေလးနက္တဲ့ႏွိမ့္ခ်မႈနဲ႔ လက္ခံပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။ TIFF ဂုဏ္ျပဳဆုေပးပြဲဟာ ကမာၻတစ္ဝွမ္းက သ႐ုပ္ေဆာင္ေတြ၊ ဒါ႐ိုက္တာေတြနဲ႔ အျခားဖန္တီးမႈေတြ အပါအဝင္ ကမာၻတစ္ဝွမ္းက ႐ုပ္ရွင္ေလာကမွာ ထူးခြၽန္စြာ ပါဝင္ခဲ့ၾကတဲ့ အႏုပညာရွင္ေတြကို ဂုဏ္ျပဳတဲ့ပြဲ ျဖစ္ပါတယ္။ ဒီပြဲမွာ လီေျဗာင္ဟြန္းနဲ႔အတူ ေဟာလိဝုဒ္ မင္းသမီး ဂ်ိဳဒီဖိုစတာ၊ ဒါ႐ိုက္တာ ဂြါလာမိုဒဲေတာ္႐ို ႐ုပ္ရွင္႐ိုက္ကူးသူ လီကာရီတို႔ လည္း ဆုရရွိခဲ့တယ္လို႔ သိရပါတယ္။
လီေျဗာင္ဟြန္း ရရွိတဲ့ Special Tribute Award ဆုဟာ သူ႔ရဲ႕ တစ္ကိုယ္ရည္ေအာင္ျမင္မႈေတြနဲ႔ ကမာၻလုံး ဆိုင္ရာ႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္မႈေတြကို မီးေမာင္းထိုးျပေနပါတယ္။