New York Times မဂ္ဂဇင်းရဲ့ ၂ဝ၂၅ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင် ၁ဝ ဦးစာရင်းမှာ တောင်ကိုရီးယားသရုပ်ဆောင် လီဗြောင်ဟွန်း ပါဝင်

70

ရောင်နီ (NP News) - ဒီဇင်ဘာလ ၁၈
တောင်ကိုရီးယားသရုပ်ဆောင် လီဗြောင်ဟွန်း ဟာ The New York Times မဂ္ဂဇင်းက ဖော်ပြတဲ့ ၂ဝ၂၅ ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင် ၁ဝ ယောက်ထဲမှာ ပါဝင်လာခဲ့ပါတယ်။
ဒီစာရင်းဟာ "စိတ်ခံစားမှုကို တိုက်ရိုက်ထိတွေ့ခြင်း မဟုတ်ရင် သရုပ်ဆောင်ခြင်းရဲ့အနှစ်သာရက ဘာလဲ" ဆိုတဲ့မေးခွန်းကို အခြေခံပြီး သူတို့ရဲ့သရုပ်ဆောင်မှုတွေကနေတစ်ဆင့် ဇာတ်ကောင်ကို ဘယ်လို အသက်ဝင်လာ စေတယ်ဆိုတာကို အဓိကထား ရွေးချယ်ထားတာဖြစ်ပါတယ်။ လီဗြောင်ဟွန်း ဟာ 'No Other Choice' ရုပ်ရှင်မှာ သူ့ရဲ့ ဇာတ်ရုပ် ပီပြင်တဲ့သရုပ်ဆောင်မှုကြောင့် ဒီစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
လီဗြောင်ဟွန်းကလည်း သူ့ရဲ့သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ "ကျွန်တော်က သရုပ်ဆောင် နေချိန်မှာ ကျွန်တော့်ရဲ့တကယ့်ဘဝအကြောင်း မစဉ်းစားပါဘူး" လို့ မျှဝေခဲ့ပြီး စိတ်ခံစားမှုတွေကို စစ်မှန်စွာ ဖော်ပြ နိုင်ဖို့ ဇာတ်လမ်းထဲမှာ အပြည့်အဝ နှစ်မြှုပ်ထားဖို့က အဓိကသော့ချက်ဖြစ်တယ်လို့ ရှင်းပြခဲ့ဖူးပါတယ်။
တစ်နှစ်တာရဲ့ အကောင်းဆုံးသရုပ်ဆောင် စာရင်းမှာ လီယန်နီဆန် ('The Naked Gun')၊ ခရစ်စတင်ဒန်စ် ('Roofman') နဲ့ တီရာနာတေလာ ('One Battle After Another') စတဲ့ ခေတ်ပြိုင် သရုပ်ဆောင်တွေလည်း ပါဝင်ပါ တယ်။ ဒါအပြင် လီဗြောင်ဟွန်း ဟာ ၈၃ ကြိမ်မြောက် Golden Globe ဆုပေးပွဲမှာ ဟာသဇာတ်ဆောင်ဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်တယ်လို့ သိရပါတယ်။

Zawgyi Version:
New York Times မဂၢဇင္းရဲ႕ ၂ဝ၂၅ ခုႏွစ္အတြက္ အေကာင္းဆုံး႐ုပ္ရွင္သ႐ုပ္ေဆာင္ ၁ဝ ဦးစာရင္းမွာ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ လီေျဗာင္ဟြန္း ပါဝင္
ေရာင္နီ (NP News) - ဒီဇင္ဘာလ ၁၈
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ လီေျဗာင္ဟြန္း ဟာ The New York Times မဂၢဇင္းက ေဖာ္ျပတဲ့ ၂ဝ၂၅ ခုႏွစ္ရဲ႕ အေကာင္းဆုံး႐ုပ္ရွင္သ႐ုပ္ေဆာင္ ၁ဝ ေယာက္ထဲမွာ ပါဝင္လာခဲ့ပါတယ္။
ဒီစာရင္းဟာ "စိတ္ခံစားမႈကို တိုက္႐ိုက္ထိေတြ႕ျခင္း မဟုတ္ရင္ သ႐ုပ္ေဆာင္ျခင္းရဲ႕အႏွစ္သာရက ဘာလဲ" ဆိုတဲ့ေမးခြန္းကို အေျခခံၿပီး သူတို႔ရဲ႕သ႐ုပ္ေဆာင္မႈေတြကေနတစ္ဆင့္ ဇာတ္ေကာင္ကို ဘယ္လို အသက္ဝင္လာ ေစတယ္ဆိုတာကို အဓိကထား ေ႐ြးခ်ယ္ထားတာျဖစ္ပါတယ္။ လီေျဗာင္ဟြန္း ဟာ 'No Other Choice' ႐ုပ္ရွင္မွာ သူ႔ရဲ႕ ဇာတ္႐ုပ္ ပီျပင္တဲ့သ႐ုပ္ေဆာင္မႈေၾကာင့္ ဒီစာရင္းမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။
လီေျဗာင္ဟြန္းကလည္း သူ႔ရဲ႕သ႐ုပ္ေဆာင္မႈနဲ႔ပတ္သက္ၿပီး အင္တာဗ်ဴးတစ္ခုမွာ "ကြၽန္ေတာ္က သ႐ုပ္ေဆာင္ ေနခ်ိန္မွာ ကြၽန္ေတာ့္ရဲ႕တကယ့္ဘဝအေၾကာင္း မစဥ္းစားပါဘူး" လို႔ မွ်ေဝခဲ့ၿပီး စိတ္ခံစားမႈေတြကို စစ္မွန္စြာ ေဖာ္ျပ ႏိုင္ဖို႔ ဇာတ္လမ္းထဲမွာ အျပည့္အဝ ႏွစ္ျမႇဳပ္ထားဖို႔က အဓိကေသာ့ခ်က္ျဖစ္တယ္လို႔ ရွင္းျပခဲ့ဖူးပါတယ္။
တစ္ႏွစ္တာရဲ႕ အေကာင္းဆုံးသ႐ုပ္ေဆာင္ စာရင္းမွာ လီယန္နီဆန္ ('The Naked Gun')၊ ခရစ္စတင္ဒန္စ္ ('Roofman') နဲ႔ တီရာနာေတလာ ('One Battle After Another') စတဲ့ ေခတ္ၿပိဳင္ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ပါ တယ္။ ဒါအျပင္ လီေျဗာင္ဟြန္း ဟာ ၈၃ ႀကိမ္ေျမာက္ Golden Globe ဆုေပးပြဲမွာ ဟာသဇာတ္ေဆာင္ဆု၊ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုအတြက္လည္း ဆန္ကာတင္စာရင္းဝင္တယ္လို႔ သိရပါတယ္။