Youtuber Mr Beast၊ မြောက်ကာရိုလိုင်းနားမှာ Game show ပြုလုပ်ဖို့အတွက် ဒေါ်လာ ၁၉ သန်း ချီးမြှင့်ခံရ

184

ရောင်နီ (NP News) - စက်တင်ဘာ ၁၅
Mr Beast လို့ လူသိများတဲ့ Youtuber ဂျင်းမီဒေါ်နယ်ဆန် ဟာ Amazon Prime Video မှာ တိုက်ရိုက် ကြည့်ရှုနိုင်တဲ့ Beast Games ဒုတိယရာသီအတွက် အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ရိုက်ကူး ဖို့ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၅ သန်း လက်ခံရရှိခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုးဆက်စတိန်း က ကြေညာခဲ့ပါတယ်။
အဆိုပါထောက်ပံ့ငွေဟာ မြောက်ကာရိုလိုင်းနားရဲ့ တစ်နှစ်တာ အသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၁ သန်းရဲ့ထက်ဝက်နီးပါးဖြစ်ပြီး ၂၀၂၄ ခုနှစ်ကထွက်ရှိတဲ့ Beast Game ပထမရာသီ၊ နီဗားဒါး ရိုက်ကူးမှုအတွက် ချီးမြှင့်ခဲ့တဲ့ ငွေရဲ့ခြောက်ဆဖြစ်ပါတယ်။ မြောက်ကာရိုလိုင်းနားကုန်သွယ်ရေးဌာနမှ သတင်းထုတ်ပြန်ချက်အရ၊ ယခုချီးမြှင့်တဲ့ထောက်ပံ့ငွေဟာ ပစ်နဲ့ နယူးဟာနိုဗာ ခရိုင်တွေအတွင်း ရိုက်ကူးရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ မြောက်ကာရိုလိုင်းနားဟာ ဖွံ့ဖြိုးတိုးတက်တဲ့ တီဗီနဲ့ ရုပ်ရှင်လုပ်ငန်းရဲ့နေရာဖြစ်ပြီး ဒီထောက်ပံ့ကြေးတွေက ပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကို အကျိုးရှိစေမယ်လို့ မျှော်လင့်တယ်လို့ ၎င်းက ဆိုပါတယ်။
ဂိမ်းပွဲဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်ကျမှာဖြစ်ပြီး ဆုကြေးငွေကတော့ အမေရိကန်ဒေါ်လာ ၅ သန်းရရှိမှာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူ ၁,၀၀၀ ရှိတယ်လို့ သိရပါတယ်။ Beast Games ရဲ့ ပထမရာသီ ထွက်ရှိချိန်ကတော့ ကြည့်ရှုသူသန်း ၅၀ ရှိခဲ့ပြီး Amazon ရဲ့ ပြသ သမျှထဲ အကြီးမားဆုံး ဂိမ်းရှိုးဖြစ်ခဲ့ပါတယ်။

Zawgyi Version:
Youtuber Mr Beast၊ ေျမာက္ကာ႐ိုလိုင္းနားမွာ Game show ျပဳလုပ္ဖို႔အတြက္ ေဒၚလာ ၁၉ သန္း ခ်ီးျမႇင့္ခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၅
Mr Beast လို႔ လူသိမ်ားတဲ့ Youtuber ဂ်င္းမီေဒၚနယ္ဆန္ ဟာ Amazon Prime Video မွာ တိုက္႐ိုက္ ၾကည့္ရႈႏိုင္တဲ့ Beast Games ဒုတိယရာသီအတြက္ အေမရိကန္ႏိုင္ငံ၊ ေျမာက္ကယ္႐ိုလိုင္းနားျပည္နယ္မွာ ႐ိုက္ကူး ဖို႔ ေထာက္ပံ့ေငြ အေမရိကန္ေဒၚလာ ၁၅ သန္း လက္ခံရရွိခဲ့တယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဂ်ိဳးဆက္စတိန္း က ေၾကညာခဲ့ပါတယ္။
အဆိုပါေထာက္ပံ့ေငြဟာ ေျမာက္ကာ႐ိုလိုင္းနားရဲ႕ တစ္ႏွစ္တာ အသုံးစရိတ္ အေမရိကန္ေဒၚလာ ၃၁ သန္းရဲ႕ထက္ဝက္နီးပါးျဖစ္ၿပီး ၂၀၂၄ ခုႏွစ္ကထြက္ရွိတဲ့ Beast Game ပထမရာသီ၊ နီဗားဒါး ႐ိုက္ကူးမႈအတြက္ ခ်ီးျမႇင့္ခဲ့တဲ့ ေငြရဲ႕ေျခာက္ဆျဖစ္ပါတယ္။ ေျမာက္ကာ႐ိုလိုင္းနားကုန္သြယ္ေရးဌာနမွ သတင္းထုတ္ျပန္ခ်က္အရ၊ ယခုခ်ီးျမႇင့္တဲ့ေထာက္ပံ့ေငြဟာ ပစ္နဲ႔ နယူးဟာႏိုဗာ ခ႐ိုင္ေတြအတြင္း ႐ိုက္ကူးေရးအတြက္ျဖစ္တယ္လို႔ ဆိုပါတယ္။ ေျမာက္ကာ႐ိုလိုင္းနားဟာ ဖြံ႕ၿဖိဳးတိုးတက္တဲ့ တီဗီနဲ႔ ႐ုပ္ရွင္လုပ္ငန္းရဲ႕ေနရာျဖစ္ၿပီး ဒီေထာက္ပံ့ေၾကးေတြက ျပည္နယ္တစ္ဝွမ္းမွာရွိတဲ့ အေသးစားစီးပြားေရးလုပ္ငန္းေတြကို အက်ိဳးရွိေစမယ္လို႔ ေမွ်ာ္လင့္တယ္လို႔ ၎က ဆိုပါတယ္။
ဂိမ္းပြဲဟာ အေမရိကန္ေဒၚလာ သန္း ၁၀၀ ေက်ာ္ ကုန္က်မွာျဖစ္ၿပီး ဆုေၾကးေငြကေတာ့ အေမရိကန္ေဒၚလာ ၅ သန္းရရွိမွာျဖစ္ပါတယ္။ ပါဝင္ယွဥ္ၿပိဳင္သူ ၁,၀၀၀ ရွိတယ္လို႔ သိရပါတယ္။ Beast Games ရဲ႕ ပထမရာသီ ထြက္ရွိခ်ိန္ကေတာ့ ၾကည့္ရႈသူသန္း ၅၀ ရွိခဲ့ၿပီး Amazon ရဲ႕ ျပသ သမွ်ထဲ အႀကီးမားဆုံး ဂိမ္းရႈိးျဖစ္ခဲ့ပါတယ္။