အသက် ၁၇ နှစ် အရွယ် ဩစတြေးလျ ခရစ်ကက်ကစားသမား ဘောလုံးထိမှန်ပြီး သေဆုံး
                        
                            
                             
 452
 
                             
                            
                            
                         
                        
                        ရောင်နီ (NP News) - အောက်တိုဘာ ၃၁ 
           အသက် ၁၇ နှစ်အရွယ် ဩစတြေးလျ ခရစ်ကက်ကစားသမားတစ်ဦး အောက်တိုဘာ ၃ဝ ရက်မှာ ခရစ်ကက် ဘောလုံးထိမှန်ကာ သေဆုံးခဲ့ပါတယ်။      
          ဘန် အော်စတင်ဟာ အောက်တိုဘာ ၂၈ ရက်က ဩစတြေးလျ၊ မဲလ်ဘုန်းမှာ ကျင်းပတဲ့ Twenty20 ပွဲစဉ် မတိုင်မီ ကွင်းထဲရှိနေစဉ် လည်ပင်းကို ခရစ်ကက် ဘောလုံးထိမှန်ခဲ့တာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေနဲ့ ဆေးရုံအမြန်ပို့ဆောင်ခဲ့ရပေမယ့် ကြာသပတေးနေ့ မနက်(အောက်တိုဘာ ၃၀ ရက်) အစောပိုင်းမှာ ကွယ်လွန် သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဘင်အော်စတင်ဟာ သူ့ရဲ့ Ferntree Gully Cricket Club မှာ "ကြယ်ပွင့် ခရစ်ကက်ကစားသမား၊ အံ့သြဖွယ်ကောင်းတဲ့ လူငယ်တစ်ဦး" အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ခရစ်ကက် အားကစားမှာ သေဆုံးမှုဖြစ်ရပ်ဟာ ရှားပါးပါတယ်။ 
         ၂ဝ၁၄ ခုနှစ်ကတော့ သြစတြေးလျ ပြည်တွင်းပွဲစဉ်တစ်ခုမှာ ခရစ်ကက် ဘောလုံးလည်ပင်းကို ထိမှန်ခြင်း ကြောင့် Test ကြယ်ပွင့် ဖိလစ်ဟော့ သေဆုံးခဲ့ဖူးပါတယ်။
                     
                        
                                                                    
                                
                                
                                        Zawgyi Version: 
အသက္ ၁၇ ႏွစ္ အ႐ြယ္ ဩစေၾတးလ် ခရစ္ကက္ကစားသမား ေဘာလုံးထိမွန္ၿပီး ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၃၁ 
           အသက္ ၁၇ ႏွစ္အ႐ြယ္ ဩစေၾတးလ် ခရစ္ကက္ကစားသမားတစ္ဦး ေအာက္တိုဘာ ၃ဝ ရက္မွာ ခရစ္ကက္ ေဘာလုံးထိမွန္ကာ ေသဆုံးခဲ့ပါတယ္။      
          ဘန္ ေအာ္စတင္ဟာ ေအာက္တိုဘာ ၂၈ ရက္က ဩစေၾတးလ်၊ မဲလ္ဘုန္းမွာ က်င္းပတဲ့ Twenty20 ပြဲစဥ္ မတိုင္မီ ကြင္းထဲရွိေနစဥ္ လည္ပင္းကို ခရစ္ကက္ ေဘာလုံးထိမွန္ခဲ့တာျဖစ္ပါတယ္။ အေရးေပၚအေျခအေနနဲ႔ ေဆး႐ုံအျမန္ပို႔ေဆာင္ခဲ့ရေပမယ့္ ၾကာသပေတးေန႔ မနက္(ေအာက္တိုဘာ ၃၀ ရက္) အေစာပိုင္းမွာ ကြယ္လြန္ သြားခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ဘင္ေအာ္စတင္ဟာ သူ႔ရဲ႕ Ferntree Gully Cricket Club မွာ "ၾကယ္ပြင့္ ခရစ္ကက္ကစားသမား၊ အံ့ၾသဖြယ္ေကာင္းတဲ့ လူငယ္တစ္ဦး" အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ ခရစ္ကက္ အားကစားမွာ ေသဆုံးမႈျဖစ္ရပ္ဟာ ရွားပါးပါတယ္။ 
         ၂ဝ၁၄ ခုႏွစ္ကေတာ့ ၾသစေၾတးလ် ျပည္တြင္းပြဲစဥ္တစ္ခုမွာ ခရစ္ကက္ ေဘာလုံးလည္ပင္းကို ထိမွန္ျခင္း ေၾကာင့္ Test ၾကယ္ပြင့္ ဖိလစ္ေဟာ့ ေသဆုံးခဲ့ဖူးပါတယ္။