ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ရစ်ကီဟက်တန် အသက် ၄၆ နှစ်မှာ ကွယ်လွန်

54

ရောင်နီ (NP News) - စက်တင်ဘာ ၁၅
ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ရစ်ကီဟက်တန်ဟာ အသက် ၄၆ နှစ်အရွယ်မှာ တနင်္ဂနွေနေ့ (စက်တင်ဘာ ၁၄ ရက်) က ကွယ်လွန်သွားခဲ့ပါတယ်။
ဟက်တန် ကို အင်္ဂလန်အနောက်မြောက်ပိုင်း၊ ဟေဒီမြို့ရှိ သူ့ရဲ့နေအိမ်မှာပဲ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဟက်တန်ရဲ့သေဆုံးမှုမှာ လူသတ်မှုသံသယ မရှိဘူးလို့ ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က ဆိုပါတယ်။ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ စက်တင်ဘာ ၁၄ ရက်၊ နံနက် ၆ နာရီ ၄၅ မိနစ်မှာ ဘိုးလက်လမ်း၊ ဟေဒီမြို့မှ အသက် ၄၆ နှစ်အရွယ် ဟက်တန်ရဲ့သေဆုံးမှုသတင်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဟက်တန်ဟာ
အပေါ့စား welterweight နဲ့ welterweight မှာ ကမ္ဘာ့ချန်ပီယံဆုတွေ ဆွတ်ခူးခဲ့ဖူးပြီး သူ့ခေတ်အခါက လူကြိုက် အများဆုံး ဗြိတိန်လက်ဝှေ့သမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ကော့ရာအစ်ကျူ၊ ဖလော့မေဝဲသားနဲ့ မန်နီပက်ကွာယာယို စတဲ့ လက်ဝှေ့အကျော်အမော်တွေနဲ့ပြိုင်ဘက်ဖြစ်ခဲ့ပြီး လက်ဝှေ့မှ အနားယူပြီးနောက် စိတ်ကျန်းမာရေးပြဿနာ တွေ ခံစားခဲ့ရတယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။
လာမယ့် ဒီဇင်ဘာလမှာ အီဆာအယ်လိဒက် နဲ့ ဒူဘိုင်းမှာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲ ယှဉ်ပြိုင်ထိုးသတ် မယ်လို့ ကြေညာခဲ့ပေမယ့် စက်တင်ဘာ ၁၄ ရက်မှာတော့ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version:
ကမာၻ႔လက္ေဝွ႔ခ်န္ပီယံေဟာင္း ရစ္ကီဟက္တန္ အသက္ ၄၆ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - စက္တင္ဘာ ၁၅
ကမာၻ႔လက္ေဝွ႔ခ်န္ပီယံေဟာင္း ရစ္ကီဟက္တန္ဟာ အသက္ ၄၆ ႏွစ္အ႐ြယ္မွာ တနဂၤေႏြေန႔ (စက္တင္ဘာ ၁၄ ရက္) က ကြယ္လြန္သြားခဲ့ပါတယ္။
ဟက္တန္ ကို အဂၤလန္အေနာက္ေျမာက္ပိုင္း၊ ေဟဒီၿမိဳ႕ရွိ သူ႔ရဲ႕ေနအိမ္မွာပဲ ေသဆုံးလ်က္ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ ဟက္တန္ရဲ႕ေသဆုံးမႈမွာ လူသတ္မႈသံသယ မရွိဘူးလို႔ ဂရိတ္မန္ခ်က္စတာရဲတပ္ဖြဲ႕က ဆိုပါတယ္။ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးရဲ႕ေျပာၾကားခ်က္အရ စက္တင္ဘာ ၁၄ ရက္၊ နံနက္ ၆ နာရီ ၄၅ မိနစ္မွာ ဘိုးလက္လမ္း၊ ေဟဒီၿမိဳ႕မွ အသက္ ၄၆ ႏွစ္အ႐ြယ္ ဟက္တန္ရဲ႕ေသဆုံးမႈသတင္း ရရွိခဲ့တယ္လို႔ သိရပါတယ္။ ဟက္တန္ဟာ
အေပါ့စား welterweight နဲ႔ welterweight မွာ ကမာၻ႔ခ်န္ပီယံဆုေတြ ဆြတ္ခူးခဲ့ဖူးၿပီး သူ႔ေခတ္အခါက လူႀကိဳက္ အမ်ားဆုံး ၿဗိတိန္လက္ေဝွ႔သမားတစ္ဦး ျဖစ္ခဲ့ပါတယ္။ ေကာ့ရာအစ္က်ဴ၊ ဖေလာ့ေမဝဲသားနဲ႔ မန္နီပက္ကြာယာယို စတဲ့ လက္ေဝွ႔အေက်ာ္အေမာ္ေတြနဲ႔ၿပိဳင္ဘက္ျဖစ္ခဲ့ၿပီး လက္ေဝွ႔မွ အနားယူၿပီးေနာက္ စိတ္က်န္းမာေရးျပႆနာ ေတြ ခံစားခဲ့ရတယ္လို႔ ဖြင့္ဟခဲ့ဖူးပါတယ္။
လာမယ့္ ဒီဇင္ဘာလမွာ အီဆာအယ္လိဒက္ နဲ႔ ဒူဘိုင္းမွာ ပေရာ္ဖက္ရွင္နယ္ လက္ေဝွ႔ပြဲ ယွဥ္ၿပိဳင္ထိုးသတ္ မယ္လို႔ ေၾကညာခဲ့ေပမယ့္ စက္တင္ဘာ ၁၄ ရက္မွာေတာ့ ကြယ္လြန္သြားခဲ့တာပဲျဖစ္ပါတယ္။