စောင့်ကြည့်ချင်စရာအကောင်းဆုံး ရက်သတ္တပတ် (သို့) ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်

 610

ရဲထက် (NP News) - စက်တင်ဘာ ၁၉

(၂၀၂၅ - ၂၀၂၆) ခုနှစ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၅)ကို ရောက်ရှိလာချိန်မှာတော့ အပြောင်း အရွှေ့ဈေးကွက် ပိတ်သွားပြီဖြစ်တဲ့အတွက် အသင်းတိုင်းဟာ ဒီရာသီမှာ နောက်ထပ်လူခေါ်ယူမှုတွေ လုပ်ဆောင် နိုင်တော့မှာ မဟုတ်တာ ကြောင့် ဒီရာသီရဲ့အကောင်းဆုံးသော ယှဉ်ပြိုင်မှုတွေကိုစောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ပရီးမီးယား လိဂ်ချန်ပီယံဆုကို ရရှိဖို့ ရေပန်းအစားဆုံးအသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ လူခေါ်ယူမှုတွေမှာ ငွေကြေးသုံးစွဲမှု အများဆုံးလုပ်ထားတဲ့ အသင်းနှစ်သင်းဖြစ်တာကြောင့် ဒီရာသီမှာ ချန်ပီယံဆုတွေကို ဘယ်လိုစိန်ခေါ် လာဖို့ရှိမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒါ့ပြင် ချဲလ်ဆီးအသင်းနဲ့ စပါးစ်အသင်းတွေကလည်း ဒီရာသီမှာ မနှစ်ကနဲ့မတူတဲ့ စွမ်းဆောင်ရည်မျိုးတွေကို ပြသထားပြီး ချန်ပီယံဆုကို အနီးကပ်ဖိအားပေးနိုင် မယ့်အသင်း တွေဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့အသင်းတွေဖြစ်တဲ့ ဆန်းဒါးလန်းနဲ့ လိဒ်ယူနိုက်တက်အသင်း တွေရဲ့ခြေစွမ်းကလည်း ကောင်းမွန်မှုရှိနေတာကြောင့် ဒီရာသီမှာ သတိထားစောင့်ကြည့်ရမယ့်အသင်းတွေဖြစ်ပါတယ်။ ဒါကြောင့် NP News ဂျာနယ်ကနေ ပရီးမီး ယားလိဂ်ပွဲစဉ်(၅)ရဲ့ အကောင်းဆုံးသော ပွဲစဉ်(၃)ကို ပွဲကြိုသုံးသပ်ချက် အနေနဲ့ ဖော်ပြပေးချင်ပါတယ်။

မန်ယူ Vs ချဲလ်ဆီး
ပရီးမီးယားနောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၁ - ဝ မန်ယူ (၁၇ - ၅ -၂၀၂၅)
မန်ယူ ၁ - ၁ ချဲလ်ဆီး (၃-၁၁-၂၀၂၄)
ချဲလ်ဆီး ၄ - ၃ မန်ယူ (၅-၄-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ ၂ - ၂ ချဲလ်ဆီး
မန်ယူ ၃ - ၂ ချဲလ်ဆီး

မန်ယူအသင်းကတော့ လက်ရှိအချိန်မှာ ခက်ခဲတဲ့ပြိုင်ပွဲတွေကို ယှဉ်ပြိုင်နေရတာဖြစ်ပြီး အသင်းကြီးတွေနဲ့ ဆက်တိုက်တွေ့ဆုံရဖို့ရှိနေတဲ့အနေအထားမှာ နည်းပြနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင် ရည်တွေကို စောင့်သွားရ ဖို့ရှိနေပြီး ချဲလ်ဆီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်း မန်ယူအသင်းအတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိနေပါ တယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကစားသမားကောင်းများစွာကို ငွေကြေးအမြောက်အမြားပေးပြီး ဝယ်ခဲ့ ပေမယ့်လည်း ထင်သလောက်အကျိုးမဖြစ်ခဲ့တဲ့အပြင် နည်းပြအပြောင်းအလဲများစွာကြားမှာ နည်းပြနဲ့ ကစားသမား တွေကြား မပြေလည်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာကို တွေ့ရပါတယ်။ ဒါ့ပြင် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မကြည့်ဘဲ လုပ်ခလစာ အများဆုံးပေးချေနေရတဲ့ မန်ယူအသင်းအတွက် အောင်မြင်မှုတွေနဲ့ဝေးကွာစေခဲ့ တယ်လို့ဆိုနိုင် ပြီး အသင်းကလည်း ထင်သလောက်တိုးတက်မလာခဲ့ တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ ပြီးခဲ့တဲ့နှစ်တွေ အတွင်း ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေကို ရောင်းချမှုတွေနဲ့ အငှားနဲ့ သွားရောက်ကစားစေမှုတွေလုပ်ဆောင်ထားသလို ကစား သမားသစ်တွေကိုလည်းခေါ် ယူထားခဲ့တာကိုတွေ့ရပြီး နည်းပြအမ်မိုရင်ရဲ့ အကောင်းဆုံးသော ကစားကွက်တစ်ခုကို ပုံဖော်လာဖို့ရှိနေပါတယ်။ ဒါပေမဲ့လည်း လက်ရှိမှာတော့ မန်ယူအသင်းရဲ့ စွမ်းဆောင်ရည်က သိသိသာသာ ပြောင်းလဲတိုး တက်လာမှုမရှိသေးသလို အသင်းကြီး တွေကို ရင်ဆိုင်ဖို့လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိသေးတာကိုတွေ့ရပါတယ်။ ဒါကြောင့် မန်ယူအသင်းရဲ့ အနေအထားဟာ ချဲလ်ဆီးအသင်းကို အနိုင် ယူနိုင်ဖို့ဆိုတာ ခက်ခဲပေမယ့် ချဲလ်ဆီးအသင်းနဲ့ တွေ့တိုင်း ခြေစွမ်းကောင်းတတ်တာကြောင့် အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းကို အကောင်းဆုံးရင်ဆိုင် သွားနိုင်ဖို့ရှိနေပါ တယ်။ ချဲလ်ဆီးအသင်းကတော့ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတွေကို အနီးကပ် ဖိအားပေးထားတဲ့အသင်းဖြစ်ပြီး နည်းပြ မာရက် စကာရဲ့ကစားကွက်နဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပေါင်းစပ်လိုက်တဲ့အခါမှာ အသင်းရဲ့ စွမ်း ဆောင်ရည်ဟာ ထင်ထားတာထက် ပိုကောင်း လာဖို့ရှိနေတဲ့အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းမှာ ဗဟိုခံစစ်မှူးနဲ့ ဂိုးသမားနေရာက မဖြစ်မနေ လိုအပ်ချက်ရှိနေပြီး အစားထိုးခေါ်ယူနိုင်ခြင်းမရှိခဲ့ရင် ချဲလ်ဆီးအသင်းအတွက် ခက်ခဲတဲ့ ရာသီတစ်ခုဖြစ်လာ ဖို့ရှိနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရ ပြန် ကြည့်ရင် မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ချဲလ်ဆီးအသင်းကို အိမ်ကွင်းရောအဝေးကွင်းမှာပါ နိုင်ပွဲမရထားတာကိုတွေ့ရပြီး နိုင်ပွဲရဖို့လည်း ရုန်းကန် ခဲ့ရပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ နှစ်သင်း ထိပ်တိုက်တွေ့ဆုံတိုင်းမှာ ပိတ်ကန်တတ်တဲ့ကစားဟန်တစ်ခုကိုမတွေ့ခဲ့ရဘဲ နှစ်သင်းလုံးက ခံစစ်ဖွင့် ကန်တတ်တဲ့အနေအထားမှာ သွင်းဂိုးတွေလည်းများခဲ့ တာကိုတွေ့ရပါတယ်။ ဒီနှစ်သင်းရဲ့ ရလဒ်ပိုင်းကို ခန့်မှန်းရရင် မန်ယူအသင်းအတွက် အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းကို နိုင်ပွဲရရှိဖို့ အကောင်းဆုံး ပြင်ဆင် လာဖို့ရှိနေတဲ့အပြင် ချန်ပီယံလိဂ်ကန်ထားတဲ့ ချဲလ်ဆီးအသင်းကို ရင်ဆိုင်ဖို့အသင့်ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျဖို့များတဲ့ ပွဲစဉ်ဖြစ်ပြီး နိုင်ပွဲအနေနဲ့ကတော့ မန်ယူအသင်းက အိမ်ကွင်းဖြစ် တာကြောင့် (၁)ဂိုး အကွာနဲ့သာကပ်နိုင်ဖို့ရှိပါတယ်။

အာဆင်နယ် Vs မန်စီးတီး
ပရီးမီးယားလိဂ်နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၅ - ၁ မန်စီးတီး (၂ - ၂ -၂၀၂၅)
မန်စီးတီး ၂ - ၂ အာဆင်နယ် (၂၂-၉-၂၀၂၄)
မန်စီးတီး ဝ - ဝ အာဆင်နယ် (၃၁-၃-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ၁ မန်စီးတီး
အာဆင်နယ် ၃ - ၁ မန်စီးတီး
ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကိုရရှိပိုင် ဆိုင်နိုင်မယ့်အသင်းတစ်သင်းဟာ မှန်ကန်တဲ့ လူစာ ရင်းတစ်ခုရှိရမှာ ဖြစ်သလို အရည်အသွေးမြင့်တဲ့ ကစားသမားတွေ ရှိဖို့လိုအပ်ပါတယ်။ ဒါကို မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အကြိမ်ကြိမ် သက်သေပြထားပြီးသားဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ (၃)နှစ်အတွင်း နည်းပြ အာတီတာ လက်ထက်မှာ အကောင်းဆုံးစုဖွဲ့မှုဆိုပေမယ့် ဆုဖလားတွေနဲ့ ဝေးကွာနေရဆဲဖြစ်ပါတယ်။ ဒီအရာတွေကို ပြင်ဆင်နိုင် ဖို့ဆိုရင် တစ်ပွဲချင်းစီအလိုက် နိုင်ပွဲရဖို့လိုအပ်မှာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲစဉ်ကမှာ သေချာပေါက်နိုင်ပွဲရ မှသာ ပရီးမီးယား လိဂ်ချန်ပီယံဆုအတွက် ဖိအားပေးထားနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် အာဆင်နယ်အသင်းဟာ ချန်ပီယံဆုတွေကို စိန်ခေါ်လာခဲ့တာ (၃)နှစ်ရှိခဲ့ပြီဖြစ်တာကြောင့် လမ်းကြောင်းမှန်ပေါ်ကိုရောက်ရှိဖို့ မဖြစ်မနေလိုအပ် နေပြီး ဒီရာသီမှာ အရေးပါတဲ့ ဆုဖလား တစ်ခုခုကို ကိုင်မြှောက်နိုင်ဖို့ လိုအပ်နေတာဖြစ်ပါ တယ်။ ဒါ့ပြင် အာဆင်နယ် အသင်းမှာ မနှစ်ကရာသီက မြင်ခဲ့ရတဲ့ အရေးကြီးတဲ့ပွဲစဉ်တွေမှာ အဆုံးအဖြတ် ပေးနိုင်လောက်တဲ့ တိုက်စစ်မှူး တစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုးရရှိဖို့ကိုလည်း ယောဂရက်ဇ်ကို ဝယ်ယူထားပြီးဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် အသင်းအနေနဲ့ လူခေါ်ယူမှုတွေမှာ ငွေကြေးအမြောက်အမြားသုံးစွဲထားမှုတွေကြောင့် အရေးကြီးတဲ့ပွဲစဉ်တွေမှာ မဖြစ် မနေနိုင်ပွဲရယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ဒီရာသီမှာ အသင်းငယ်လေးတွေကိုတောင် နိုင်ပွဲ ရအောင်စွမ်းဆောင်နိုင်မှုမရှိတော့အထိ ခြေစွမ်းပိုင်းကျဆင်းနေသလို နည်းပြဂွာဒီယိုလာနဲ့ ကစားသမားတွေကြား နားလည်မှုအပိုင်းမှုလည်း လိုအပ်ချက်များစွာဖြစ်လာနေတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် တွေကသိခဲ့ ကြတဲ့ မန်စီးတီးအသင်းဟုတ်ရဲ့လားလို့တောင် မေးခွန်းထုတ်ရ တော့မှာဖြစ်ပါတယ်။ ပြောရရင် ဒီရာသီ ပရီးမီးယား လိဂ်ပွဲစဉ်(၃)ပွဲကစားပြီးချိန်မှာ မန်စီးတီးအသင်းဟာ (၂)ပွဲရှုံးပြီး (၁)ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဒါဟာ အသင်းကြီးတစ် သင်းမှ မပါဝင်တာကြောင့် မန်စီးတီးအသင်းရဲ့အနေအထားနဲ့ ဒီလောက်အထိအခြေ အနေဆိုးဖို့ မလိုအပ်ခဲ့တာ လည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ လူစာရင်းမှာ အသက်အရွယ်ရ လာတဲ့ကစားသမားတွေ ၊ ဒဏ်ရာကနေ သက်သာလာ ခါစကစားသမားတွေနဲ့ ကစားသမားသစ်တွေ ပေါင်းစပ်ချိန်မှာ လိုအပ်ချက်ဆိုတာထက် အချိန်များများ ပေးဖို့ လိုအပ်နေ တာဖြစ်ပါတယ်။ ဒါ့ပြင် အဓိကလို အပ်ချက်ကတော့ အသင်းရဲ့ ထောက်တိုင်ကစားသမားတွေကို ဆုံရှုံးလိုက်ရမှုနဲ့ အသင်းမှာ ပုံမှန်ခြေစွမ်းပြနေတဲ့ ကစားသမားတွေ ခြေစွမ်းမပြနိုင်တာကလဲ မန်စီးတီးအသင်းကို အကြပ်ရိုက်စေခဲ့ တာဖြစ်ပါတယ်။ ဒီအချက်တွေကို မပြင်ဆင်နိုင်သေးရင်တော့ မန်စီးတီးအသင်းဟာ ဒီရာသီမှာလည်း ရုန်းကန်ရဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ရလဒ်ပိုင်းကို ခန့်မှန်းရ မယ်ဆိုရင်တော့ အာဆင်နယ်အသင်းက အိမ်ကွင်း ဖြစ်တဲ့အပြင် ခြေစွမ်းပိုင်းအရလည်း မန်စီးတီးအသင်း ထက်ကောင်းမွန်နေသလို ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ပြီးခဲ့တဲ့ရာသီမှာ အသားစီးရယူထားတာကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအတွက် နိုင်ပွဲရဖို့ပိုများ နိုင်ပြီး အပြန်အလှန် သွင်းဂိုးတွေ ကိုလဲ မြင်တွေ့ရနိုင်ပါတယ်။
လီဗာပူးလ် Vs အဲဗာတန်

လီဗာပူးလ် ၁ - ဝ အဲဗာတန် (၃ - ၄ -၂၀၂၅)
အဲဗာတန် ၂ - ၂ လီဗာပူးလ် (၁၃-၂-၂၀၂၅)
အဲဗာတန် ၂ - ဝ လီဗာပူးလ် (၂၅-၄-၂၀၂၄)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၃ - ၂ အဲဗာတန်
လီဗာပူးလ် ၃ - ၃ အဲဗာတန်

ဒီနှစ်သင်းရဲ့ပွဲစဉ်က ပရီးမီးယားလိဂ် ပွဲစဉ်(၅)ရဲ့ စောင့်ကြည့်ချင်စရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲလို့ဆိုနိုင်ပြီး မာဆေး ဆိုက် ဒါဘီဖြစ်တဲ့အပြင် ဒီရာသီမှာ အဲဗာတန်အသင်းရဲ့ ခြေစွမ်းပိုင်းတိုးတက်လာမှုနဲ့ နည်းပြအပြောင်းအလဲ တွေကြောင့် လီဗာ ပူးလ်အသင်းအနေနဲ့ နိုင်ပွဲရဖို့ ရုန်းကန်လာရနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်းမှာ မာဆေးဆိုက် ဒါဘီဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ မြို့ခံပြိုင်ဘက်ပွဲစဉ်တွေဟာ ပြိုင်ဆိုင်မှု ပြင်း ထန်ခဲ့တယ်လို့ဆိုနိုင်ပေမယ့် လီဗာပူးလ်အသင်းက သိသိသာသာခြေစွမ်း ပိုကောင်းနေတဲ့အပြင် နိုင်ပွဲ အရကြည့်ရင်လည်း လီဗာပူးလ်အသင်းကသာ နိုင်ပွဲ ပိုများခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ အဲဗာတန်အသင်းဟာ နည်းပြအပြောင်းအလဲလုပ် ထားပြီး နည်းပြ ဒေးဗစ်မိုယက်ဇ်လက်ထက်မှာ ခြေစွမ်းပိုင်အပြင်ရလဒ်ပိုင်းမှာပါ တိုးတက်လာခဲ့ပါတယ်။ ပိုကောင်းသွားစေတဲ့ အဓိကအချက်ကတော့ ချဲလ်ဆီး အသင်းက ဒူဘရီဟောနဲ့ မန်စီးတီးအသင်းက ဂျက်ဂရီးလစ်တို့ကို ရရှိလိုက်တာက အဲဗာတန်အသင်းရဲ့ နိုင်ပွဲတွေအတွက် အဓိကထောက်တိုင်တွေဖြစ်ခဲ့ပြီး ဂရီးလစ်ရဲ့ခြေစွမ်းအမှန်ကို အဲဗာတန်အသင်းမှာ ပြန် လည်မြင်တွေ့ခဲ့ရပြီလည်းဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်အနေနဲ့ကတော့ ဂရီးလစ် အက်စတွန် ဗီလာ အသင်းမှာ ကစားခဲ့စဉ်က လီဗာပူးလ်အသင်းကို (၇)ဂိုးနဲ့ နိုင်ခဲ့ဖူးတဲ့ မှတ်တမ်းလည်းရှိနေတာကြောင့် ဒီပွဲစဉ်မှာ ဂရီးလစ် ဘာလုပ်ပြနိုင်မလဲဆိုတာကိုပါ စောင့်ကြည့်ရဖို့ရှိနေပါတယ်။ လက်ရှိမှာ‌တော့ ခြေစွမ်းပိုင်းအရရော လူစာရင်းအရပါ လီဗာပူးလ် အသင်းနဲ့ ကွာခြားမှုရှိနေတဲ့အနေအထားအပြင် လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်က စားရမှာ ဖြစ်တာကြောင့်လည်း အဲဗာတန်အသင်း အတွက် နိုင်ပွဲရဖို့ခက်ခဲနိုင်ပြီး ရုန်းကန်ရဖို့ရှိနေပါတယ်။ ဒါ့ပြင် လီဗာပူးလ် အသင်းရဲ့ ဒီရာသီလူစာရင်း စုဖွဲ့မှုက အဘက်ဘက်က ပြည့်စုံကောင်းမွန်နေတာက လည်း ပြိုင်ဘက်အသင်းတွေအတွက် စိုးရိမ်စရာ အနေအထားတစ်ရပ်အဖြစ်ရှိနေပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်ဟာ နှစ်သင်းလုံး အတွက် ခက်ခဲလာနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျဖို့များသလို နိုင်ပွဲအနေနဲ့ဆိုရင်တော့ အိမ် ကွင်းအားသာ ချက်ရှိနေတဲ့ လီဗာပူးလ်အသင်းက ခက်ခက်ခဲခဲ ရုန်းကန်ကစားပြီး (၁)ဂိုးလောက် အကွာ နဲ့သာ ကပ်နိုင်ပါမယ်။

၂၀-၉-၂၀၂၅ (စနေနေ့ ညပိုင်း)

ည(၆းဝဝ) လီဗာပူးလ် Vs အဲဗာတန်

ည(၁၁းဝဝ) မန်ယူ Vs ချဲလ်ဆီး

၂၁-၉-၂၀၂၅ (စနေနေ့ ညပိုင်း)

ည(၁၁းဝဝ) အာဆင်နယ် Vs မန်စီးတီး

Related news

© 2021. All rights reserved.