ကမ္ဘာရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ(၃၈၀၀)အထိမြင့်တက်

314
ပြည့်ဖြိုး(NP News)- စက်တင်ဘာ ၂၉
ကမ္ဘာ့ရွှေဈေးမှာစံချိန်တင်ဈေးနှုန်း ဖြင့် ဈေးကွက်ဖွင့်လာပြီးရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၃၈၀၀) အထိမြင့်တက်နေပြီး ပြည်တွင်းရွှေဈေးများလည်းလိုက်ပါမြင့်တက်နေကြောင်းသိရသည်။
ကမ္ဘာရွှေဈေးမြင့်တက်ခြင်းကြောင့်ပြည်တွင်းရွှေဈေးမှာ ပြင်ပပေါက်ဈေးတစ်ကျပ်သားလျှင် သိန်း(၈၀)ခြောက်သောင်းကျပ် အထိ ဈေးကွက်ပေါက်ဈေးဖြစ်ပေါ်နေသည်။
“ကမ္ဘာ့ရွှေကလည်း မငြိမ်ဘူးဗျ။ တက်ရင်လည်းထိုးတက်ပြီး ပြန်ပြန်ကျလာတာ။ အရောင်းအဝယ်တွေတော့ ဂရုစိုက်ပေါ့ အတက်အကျ ကြမ်းနေတယ်လို့ ပြောလို့ရတယ်”ဟု ရွှေဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။
ရွှေဈေးမြင့်တက်သော်လည်း အမေရိကန်ဒေါ်လာဈေးကျဆင်းသဖြင့်ရွှေဈေး အတက်နှေးနေခြင်းဖြစ်ပြီး ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ဝယ်ဈေး (၄၁၀၅)ကျပ်နှင့်ရောင်းဈေး (၄၁၈၅)ကျပ် ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ၏ သတ်မှတ်ချက်တွင်ရွှေတစ်ကျပ်သားလျှင် (၅၉)သိန်းရှစ်သောင်းဝန်းကျင်ပေါက်ဈေးသတ်မှတ်ထားကြောင်းသိရသည်။
ကမ္ဘာရွှေဈေးသည်လာမည်ရက်ပိုင်းအတွင်းဆက်လက်မြင့်တက်နိုင်ကြောင်း ဝါရင့်ရွှေလုပ်ငန်းရှင်များက ခန့်မှန်ထားကြသည်။
Zawgyi Version:
ကမာၻေ႐ႊေဈး တစ္ေအာင္စလွ်င္ ေဒၚလာ(၃၈၀၀)အထိျမင့္တက္
ျပည့္ၿဖိဳး(NP News)- စက္တင္ဘာ ၂၉
ကမာၻ႔ေ႐ႊေဈးမွာစံခ်ိန္တင္ေဈးႏႈန္း ျဖင့္ ေဈးကြက္ဖြင့္လာၿပီးေ႐ႊတစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၃၈၀၀) အထိျမင့္တက္ေနၿပီး ျပည္တြင္းေ႐ႊေဈးမ်ားလည္းလိုက္ပါျမင့္တက္ေနေၾကာင္းသိရသည္။
ကမာၻေ႐ႊေဈးျမင့္တက္ျခင္းေၾကာင့္ျပည္တြင္းေ႐ႊေဈးမွာ ျပင္ပေပါက္ေဈးတစ္က်ပ္သားလွ်င္ သိန္း(၈၀)ေျခာက္ေသာင္းက်ပ္ အထိ ေဈးကြက္ေပါက္ေဈးျဖစ္ေပၚေနသည္။
“ကမာၻ႔ေ႐ႊကလည္း မၿငိမ္ဘူးဗ်။ တက္ရင္လည္းထိုးတက္ၿပီး ျပန္ျပန္က်လာတာ။ အေရာင္းအဝယ္ေတြေတာ့ ဂ႐ုစိုက္ေပါ့ အတက္အက် ၾကမ္းေနတယ္လို႔ ေျပာလို႔ရတယ္”ဟု ေ႐ႊဆိုင္ပိုင္ရွင္ တစ္ဦးကေျပာသည္။
ေ႐ႊေဈးျမင့္တက္ေသာ္လည္း အေမရိကန္ေဒၚလာေဈးက်ဆင္းသျဖင့္ေ႐ႊေဈး အတက္ေႏွးေနျခင္းျဖစ္ၿပီး ေဒၚလာေဈးမွာ တစ္ေဒၚလာလွ်င္ ဝယ္ေဈး ၄၁၀၅က်ပ္ႏွင့္ေရာင္းေဈး ၄၁၈၅က်ပ္ ျဖစ္ေၾကာင္းသိရသည္။
ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ၏ သတ္မွတ္ခ်က္တြင္ေ႐ႊတစ္က်ပ္သားလွ်င္ (၅၉)သိန္းရွစ္ေသာင္းဝန္းက်င္ေပါက္ေဈးသတ္မွတ္ထားေၾကာင္းသိရသည္။
ကမာၻေ႐ႊေဈးသည္လာမည္ရက္ပိုင္းအတြင္းဆက္လက္ျမင့္တက္ႏိုင္ေၾကာင္း ဝါရင့္ေ႐ႊလုပ္ငန္းရွင္မ်ားက ခန႔္မွန္ထားၾကသည္။