တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကော်ဖီ ဧက ၆၃၀၀၀ကျော်စိုက်ပျိုးထား

 134

ပြည့်ဖြိုး(NP News)- အောက်တိုဘာ ၂
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကော်ဖီသီးနှံ ဧက တစ်သိန်းစိုက်ပျိုးရန် လျာထားချက်အနက် လက်ရှိကာလအထိ ဧက ၆၃၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
လယ်ယာထွက်ထုတ်ကုန်များကို ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များ စီးပွားရေးတွက်ခြေကိုက်စေရန် ရည်ရွယ်၍ တစ်နှစ်မှ နှစ်နှစ်အတွင်း တစ်နိုင်ငံလုံးတွင် ကော်ဖီသီးနှံ ဧက တစ်သိန်း စိုက်ပျိုးရန် လျာထားခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိကာလအထိ ၆၃,၂၂၆ ဧကခန့် စိုက်ပျိုးထားပြီး ဖြစ်ကြောင်း သိရသည်။
ကော်ဖီသီးနှံ ဧက တစ်သိန်းပြည့်မီရန် လျာထားစိုက်ပျိုးသည့် ဒေသများမှာ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ဖြစ်ကြောင်းသိရသည်။
လက်ရှိစိုက်ပျိုးနေသည့် ကော်ဖီသီးနှံပင်အမျိုးအစားများအနေဖြင့် တောင်ပေါ် ကော်ဖီ အာရေဗီးကား (Arabica) မျိုးနှင့် မြေနိမ့်ကော်ဖီ ရိုဘတ်စတာ (Robusta) မျိုးတို့ကို စိုက်ပျိုးနေခြင်းဖြစ်ကြောင်းနှင့် တောင်ပေါ် ကော်ဖီမှာ ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ အမြင့်ရှိ တောင်ကုန်းတောင်တန်းများပေါ်တွင်သာ အောင်မြင်ဖြစ်ထွန်း၍ မြေနိမ့်ကော်ဖီမှာမူ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀ မှ ၂၅၀၀ အကြားစိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းသည့် မျိုးများဖြစ်ကြောင်းစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြည်တွင်း၌ ကော်ဖီကို နှစ်စဉ် ဒီဇင်ဘာလမှ နောက်နှစ် မတ်လအထိ ခူးဆွတ်ထုတ်လုပ်ပြီး ဧပြီလနောက်ပိုင်းမှ စတင်ကာ တစ်နှစ်ပတ်လုံး ရောင်းချနေကြောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများထံမှ သိရသည်။
ပြည်ပသို့ မြန်မာ့ကော်ဖီတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် နှင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တို့တွင် တန်ချိန် ၂၀၀၀ နီးပါခန့်စီရှိခဲ့ပြီး ပြည်ပတင်ပို့မှုအနေဖြင့်လည်း ပင်လယ်ရေကြောင်းမှ တစ်ဆင့် UAE ၊ ဂျပန်၊ စပိန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ တင်ပို့နေသည့်အပြင် နယ်စပ်လမ်းကြောင်းမှလည်း တရုတ်နှင့် ထိုင်းနိုင်ငံတို့ထံသို့ တင်ပို့လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ေကာ္ဖီ ဧက ၆၃၀၀၀ေက်ာ္စိုက္ပ်ိဳးထား
ျပည့္ၿဖိဳး(NP News)- ေအာက္တိုဘာ ၂
တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ေကာ္ဖီသီးႏွံ ဧက တစ္သိန္းစိုက္ပ်ိဳးရန္ လ်ာထားခ်က္အနက္ လက္ရွိကာလအထိ ဧက ၆၃၀၀၀ ေက်ာ္ စိုက္ပ်ိဳးၿပီးစီးၿပီျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ သိရသည္။
လယ္ယာထြက္ထုတ္ကုန္မ်ားကို ျပည္ပပို႔ကုန္အျဖစ္ တိုးျမႇင့္ထုတ္လုပ္ႏိုင္ရန္ႏွင့္ စိုက္ပ်ိဳးထုတ္လုပ္သူ လုပ္ငန္းရွင္မ်ား စီးပြားေရးတြက္ေျခကိုက္ေစရန္ ရည္႐ြယ္၍ တစ္ႏွစ္မွ ႏွစ္ႏွစ္အတြင္း တစ္ႏိုင္ငံလုံးတြင္ ေကာ္ဖီသီးႏွံ ဧက တစ္သိန္း စိုက္ပ်ိဳးရန္ လ်ာထားခဲ့ျခင္းျဖစ္ၿပီး ယခုလက္ရွိကာလအထိ ၆၃,၂၂၆ ဧကခန႔္ စိုက္ပ်ိဳးထားၿပီး ျဖစ္ေၾကာင္း သိရသည္။
ေကာ္ဖီသီးႏွံ ဧက တစ္သိန္းျပည့္မီရန္ လ်ာထားစိုက္ပ်ိဳးသည့္ ေဒသမ်ားမွာ ေနျပည္ေတာ္၊ မႏၲေလး၊ ပဲခူး၊ ဧရာဝတီ၊ မြန္၊ တနသၤာရီ၊ စစ္ကိုင္းႏွင့္ မေကြးတိုင္းေဒသႀကီးတို႔ျဖစ္ေၾကာင္းသိရသည္။
လက္ရွိစိုက္ပ်ိဳးေနသည့္ ေကာ္ဖီသီးႏွံပင္အမ်ိဳးအစားမ်ားအေနျဖင့္ ေတာင္ေပၚ ေကာ္ဖီ အာေရဗီးကား (Arabica) မ်ိဳးႏွင့္ ေျမနိမ့္ေကာ္ဖီ ႐ိုဘတ္စတာ (Robusta) မ်ိဳးတို႔ကို စိုက္ပ်ိဳးေနျခင္းျဖစ္ေၾကာင္းႏွင့္ ေတာင္ေပၚ ေကာ္ဖီမွာ ပင္လယ္ ေရမ်က္ႏွာျပင္အထက္ ေပ ၃၀၀၀ အျမင့္ရွိ ေတာင္ကုန္းေတာင္တန္းမ်ားေပၚတြင္သာ ေအာင္ျမင္ျဖစ္ထြန္း၍ ေျမနိမ့္ေကာ္ဖီမွာမူ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၈၀၀ မွ ၂၅၀၀ အၾကားစိုက္ပ်ိဳး၍ ေအာင္ျမင္ျဖစ္ထြန္းသည့္ မ်ိဳးမ်ားျဖစ္ေၾကာင္းစိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။
ျပည္တြင္း၌ ေကာ္ဖီကို ႏွစ္စဥ္ ဒီဇင္ဘာလမွ ေနာက္ႏွစ္ မတ္လအထိ ခူးဆြတ္ထုတ္လုပ္ၿပီး ဧၿပီလေနာက္ပိုင္းမွ စတင္ကာ တစ္ႏွစ္ပတ္လုံး ေရာင္းခ်ေနေၾကာင္း ေကာ္ဖီစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားထံမွ သိရသည္။
ျပည္ပသို႔ ျမန္မာ့ေကာ္ဖီတင္ပို႔မႈအေနျဖင့္ ၂၀၂၃-၂၄ ဘ႑ာႏွစ္ ႏွင့္ ၂၀၂၄-၂၅ ဘ႑ာႏွစ္တို႔တြင္ တန္ခ်ိန္ ၂၀၀၀ နီးပါခန႔္စီရွိခဲ့ၿပီး ျပည္ပတင္ပို႔မႈအေနျဖင့္လည္း ပင္လယ္ေရေၾကာင္းမွ တစ္ဆင့္ UAE ၊ ဂ်ပန္၊ စပိန္၊ အေမရိကန္ႏွင့္ ၿဗိတိန္ႏိုင္ငံမ်ားသို႔ တင္ပို႔ေနသည့္အျပင္ နယ္စပ္လမ္းေၾကာင္းမွလည္း တ႐ုတ္ႏွင့္ ထိုင္းႏိုင္ငံတို႔ထံသို႔ တင္ပို႔လ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.