တရုတ်က ရုရှားကို ထောက်လှမ်းရေးအချက်အလက်တွေ ပံ့ပိုးပေးနေတယ်လို့ ယူကရိန်းစွပ်စွဲ

 273

Pika(NP News)-စက်တင်ဘာ ၅
ယူကရိန်းနိုင်ငံတွင်းကို ပိုမိုတိကျတဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ လုပ်ဆောင်စေနိုင်ဖို့အတွက် ရုရှားကို တရုတ်က ထောက်လှမ်းရေးဆိုင်ရာအချက်အလက်တွေ ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်းထောက်လှမ်းရေးအကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံဟာ ရုရှားကို ဂြိုလ်တုဆိုင်ရာထောက်လှမ်းရေးအချက်အလက်တွေ ပံ့ပိုးပေးနေတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဆိုင်ရာထောက်လှမ်းရေးအေဂျင်စီအရာရှိ Oleh Alexandrovက ထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ Oleh Alexandrovက”ပစ်မှတ်တွေကို ရှာဖွေဖို့နဲ့ ဖော်ထုတ်ဖို့အတွက် ယူကရိန်းနယ်မြေတွေကို ဂြိုလ်တုထောက်လှမ်းမှုတွေလုပ်ဆောင်ရာမှာ ရုရှားနဲ့တရုတ်ကြား အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေရှိပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ပြီးခဲ့တဲ့လတွေအတွင်း တရုတ်ရဲ့ ထောက်လှမ်းရေးအချက်အလက်တွေပံ့ပိုးပေးမှုနဲ့အတူ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းရဲ့ အခြေခံအဆောက်အဦးအများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ဒေသဆိုင်ရာအရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဘက်စလုံးက သိသာထင်ရှားတဲ့ သဘောတူညီချက်မျိုးကို ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
တ႐ုတ္က ႐ုရွားကို ေထာက္လွမ္းေရးအခ်က္အလက္ေတြ ပံ့ပိုးေပးေနတယ္လို႔ ယူကရိန္းစြပ္စြဲ
Pika(NSS)-စက္တင္ဘာ ၅
ယူကရိန္းႏိုင္ငံတြင္းကို ပိုမိုတိက်တဲ့ ဒုံးက်ည္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ေစႏိုင္ဖို႔အတြက္ ႐ုရွားကို တ႐ုတ္က ေထာက္လွမ္းေရးဆိုင္ရာအခ်က္အလက္ေတြ ေထာက္ပံ့ေပးေနတယ္လို႔ ယူကရိန္းေထာက္လွမ္းေရးအႀကီးတန္းအရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံဟာ ႐ုရွားကို ၿဂိဳလ္တုဆိုင္ရာေထာက္လွမ္းေရးအခ်က္အလက္ေတြ ပံ့ပိုးေပးေနတယ္လို႔ ယူကရိန္းႏိုင္ငံျခားေရးဆိုင္ရာေထာက္လွမ္းေရးေအဂ်င္စီအရာရွိ Oleh Alexandrovက ထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ Oleh Alexandrovက”ပစ္မွတ္ေတြကို ရွာေဖြဖို႔နဲ႔ ေဖာ္ထုတ္ဖို႔အတြက္ ယူကရိန္းနယ္ေျမေတြကို ၿဂိဳလ္တုေထာက္လွမ္းမႈေတြလုပ္ေဆာင္ရာမွာ ႐ုရွားနဲ႔တ႐ုတ္ၾကား အဆင့္ျမင့္ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ခဲ့တယ္ဆိုတဲ့ သက္ေသအေထာက္အထားေတြရွိပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ၿပီးခဲ့တဲ့လေတြအတြင္း တ႐ုတ္ရဲ႕ ေထာက္လွမ္းေရးအခ်က္အလက္ေတြပံ့ပိုးေပးမႈနဲ႔အတူ ႐ုရွားရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ ယူကရိန္းရဲ႕ အေျခခံအေဆာက္အဦးအမ်ားအျပား ထိခိုက္ပ်က္စီးခဲ့တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ ေဒသဆိုင္ရာအရာရွိေတြက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဘက္စလုံးက သိသာထင္ရွားတဲ့ သေဘာတူညီခ်က္မ်ိဳးကို ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.