ရန်ကုန်-ပုဂံခရီးစဥ် ပျဉ်းမနားဘက်မှ ယာယီပြောင်းလဲပြေးဆွဲမည်

654

NP News - အောက်တိုဘာ ၁၈
ပြေးဆွဲမှုယာယီရပ်နားထားသည့် ရန်ကုန်ဘူတာကြီးမှ ပုဂံဘူတာသို့ တစ်ပတ်လျှင် တစ်ကြိမ်သာ အပတ်စဉ်ပြေးဆွဲနေသော အမှတ် ၆၁ အဆန်၊ ၆၂ အစုန် ပုဂံရထားကို မူလလမ်းကြောင်းမှ လမ်းကြောင်းယာယီပြောင်းကာ ပြေးဆွဲသွားမည်ဟု မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ ရထားခရီးစဉ်ကို မူလက ပြည်ဘက်လမ်းကြောင်းဖြစ်သော လက်ပံတန်းကိုဖြတ်ကာ တောင်တွင်းကြီး-မြို့သစ်လမ်းကြောင်းမှ ပြေးဆွဲခဲ့သည်။
လွန်ခဲ့သည့် အောက်တိုဘာလဆန်းက ရန်ကုန်-ပုဂံ ရထားလမ်းပေါ်တွင် တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးဘူတာအနီး ရထားဖြတ်ကူးသော တံတားအမှတ် ၃၄၃ ၌ တံတားအလယ်ခေါင် ကွန်ကရစ်တိုင်နိမ့်ကျသွားခြင်းကြောင့် ရထားခရီးစဉ်များကို ယာယီရပ်နားလိုက်ပြီး လမ်းကြောင်းယာယီပြောင်းလဲ၍ ပြေးဆွဲမှုကို အောက်တိုဘာလ ၂၁ ရက်မှစတင်ရန် အောက်တိုဘာ ၁၆ ရက်စွဲဖြင့် ယာယီပြေးဆွဲမည့်လမ်းကြောင်းတစ်လျှောက်ရှိ ဘူတာများသို့ ညွှန်ကြားထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ထိုယာယီပြေးဆွဲမည့်လမ်းကြောင်းမှာ ရန်ကုန်ဘူတာကြီးမှ ည ၁၂ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ပဲခူး-ညောင်လေးပင်-တောင်ငူ-ပျဉ်းမနား-လယ်ဝေး တို့ကိုဖြတ်သန်းကာ ပျဉ်းမနား-တောင်တွင်းကြီးလမ်းမှ ပုဂံအထိပြေးဆွဲမည်ဖြစ်သည်။
ပုဂံဘူတာသို့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဆိုက် ရောက်မည်ဖြစ်ပြီး ခရီးကြာမြင့်ချိန် ၆ နာရီခွဲရှိကာ ယခင်ပြေးဆွဲသောလမ်းကြောင်းထက် လမ်းကြာမြင့်ချိန်အနည်းငယ်လျော့ကျသွားမည်ဟု သိရသည်။
ပြေးဆွဲမည့်ရက်မှာ ပြောင်းလဲမှုမရှိဘဲ မူလအတိုင်း ရန်ကုန်မှ သောကြာနေ့ညထွက်ပြီး ပုဂံမှ တနင်္ဂနွေနေ့ ပြန်လည်ထွက်ခွာမည်ဟု ဆက်လက်သိရသည်။

Zawgyi Version:
ရန္ကုန္-ပုဂံခရီးစဥ္ ပ်ဥ္းမနားဘက္မွ ယာယီေျပာင္းလဲေျပးဆြဲမည္
NP News - ေအာက္တိုဘာ ၁၈
ေျပးဆြဲမႈယာယီရပ္နားထားသည့္ ရန္ကုန္ဘူတာႀကီးမွ ပုဂံဘူတာသို႔ တစ္ပတ္လွ်င္ တစ္ႀကိမ္သာ အပတ္စဥ္ေျပးဆြဲေနေသာ အမွတ္ ၆၁ အဆန္၊ ၆၂ အစုန္ ပုဂံရထားကို မူလလမ္းေၾကာင္းမွ လမ္းေၾကာင္းယာယီေျပာင္းကာ ေျပးဆြဲသြားမည္ဟု ျမန္မာ့မီးရထားမွ သိရသည္။
အဆိုပါ ရထားခရီးစဥ္ကို မူလက ျပည္ဘက္လမ္းေၾကာင္းျဖစ္ေသာ လက္ပံတန္းကိုျဖတ္ကာ ေတာင္တြင္းႀကီး-ၿမိဳ႕သစ္လမ္းေၾကာင္းမွ ေျပးဆြဲခဲ့သည္။
လြန္ခဲ့သည့္ ေအာက္တိုဘာလဆန္းက ရန္ကုန္-ပုဂံ ရထားလမ္းေပၚတြင္ ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ဝကၠေသးဘူတာအနီး ရထားျဖတ္ကူးေသာ တံတားအမွတ္ ၃၄၃ ၌ တံတားအလယ္ေခါင္ ကြန္ကရစ္တိုင္နိမ့္က်သြားျခင္းေၾကာင့္ ရထားခရီးစဥ္မ်ားကို ယာယီရပ္နားလိုက္ၿပီး လမ္းေၾကာင္းယာယီေျပာင္းလဲ၍ ေျပးဆြဲမႈကို ေအာက္တိုဘာလ ၂၁ ရက္မွစတင္ရန္ ေအာက္တိုဘာ ၁၆ ရက္စြဲျဖင့္ ယာယီေျပးဆြဲမည့္လမ္းေၾကာင္းတစ္ေလွ်ာက္ရွိ ဘူတာမ်ားသို႔ ၫႊန္ၾကားထားေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
ထိုယာယီေျပးဆြဲမည့္လမ္းေၾကာင္းမွာ ရန္ကုန္ဘူတာႀကီးမွ ည ၁၂ နာရီ ၁၅ မိနစ္တြင္ ထြက္ခြာမည္ျဖစ္ၿပီး ပဲခူး-ေညာင္ေလးပင္-ေတာင္ငူ-ပ်ဥ္းမနား-လယ္ေဝး တို႔ကိုျဖတ္သန္းကာ ပ်ဥ္းမနား-ေတာင္တြင္းႀကီးလမ္းမွ ပုဂံအထိေျပးဆြဲမည္ျဖစ္သည္။
ပုဂံဘူတာသို႔ နံနက္ ၆ နာရီ ၄၅ မိနစ္တြင္ ဆိုက္ ေရာက္မည္ျဖစ္ၿပီး ခရီးၾကာျမင့္ခ်ိန္ ၆ နာရီခြဲရွိကာ ယခင္ေျပးဆြဲေသာလမ္းေၾကာင္းထက္ လမ္းၾကာျမင့္ခ်ိန္အနည္းငယ္ေလ်ာ့က်သြားမည္ဟု သိရသည္။
ေျပးဆြဲမည့္ရက္မွာ ေျပာင္းလဲမႈမရွိဘဲ မူလအတိုင္း ရန္ကုန္မွ ေသာၾကာေန႔ညထြက္ၿပီး ပုဂံမွ တနဂၤေႏြေန႔ ျပန္လည္ထြက္ခြာမည္ဟု ဆက္လက္သိရသည္။