ဘယ်ဂျီယံ၏ ရှေးဟောင်းအလှ ဘရုရှ်မြို့ (နိုင်ငံတကာရှိ မြို့ကြီးများအကြောင်း)

 152

Pika (NP News) - အောက်တိုဘာလ ၂၃

ဘရုရှ်မြို့သည် ဘယ်လ်ဂျီယံနိုင်ငံ Fle­misha'o West Flanders ပြည်နယ်၏မြို့တော် နှင့် အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ရှေးဟောင်းရေပေါ် မြို့တော်အဖြစ်နာမည်ကျော်ကြားကာ လှပသော ရှေးခေတ်အုတ်တံတိုင်းခတ်ထားသည့်လမ်းဟောင်း များ၊ အလယ်ခေတ်အဆောက်အအုံများ၊ ဘုရား ကျောင်းများနှင့် သမိုင်းဝင်ဗိသုကာလက်ရာများ ကြောင့် နာမည်ကြီးသည့်မြို့တစ်မြို့လည်းဖြစ်သည်။ ဘရုရှ်မြို့သည် ဘယ်လ်ဂျီယံနိုင်ငံ အနောက်မြောက် ပိုင်းတွင်တည်ရှိပြီး နိုင်ငံတွင်းတွင် ခြောက်ခုမြောက် လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်ကြောင်းသိရ သည်။ ဘရုရှ်မြို့၏ စုစုပေါင်းဧရိယာအကျယ်အ ဝန်းမှာ (၁၄၀ ဒသမ ၉၉)စတုရန်းကီလိုမီတာရှိပြီး စုစုပေါင်းနေထိုင်သူလူဦးရေမှာ (၁၂၀ဝဝဝ)ခန့်ရှိ ကြောင်းသိရသည်။ ထို့ပြင် ဘရုရှ်မြို့၏ သမိုင်းဝင် မြို့လယ်ကို ထင်ရှားသောကမ္ဘာ့အမွေအနှစ်နေရာ တစ်ခုအဖြစ် ယူနက်စကိုအဖွဲ့ကသတ်မှတ်ထား ကြောင်းသိရသည်။ ဘရုရှ်မြို့ပြဧရိယာ၏အကျယ် အဝန်းမှာ (၆၁၆)စတုရန်းကီလိုမီတာရှိပြီး စုစု ပေါင်း နေထိုင်သူလူဦးရေမှာ (၂၅၅၈၄၄)ဦးရှိ ကြောင်းသိရသည်။ အမ်စတာဒမ်နှင့် စိန့်ပီတာ စဘာ့ဂ်ကဲ့သို့သော အခြား တူးမြောင်းမြို့များနှင့် အတူ ဘရုရှ်မြို့ကို မြောက်ပိုင်းဗင်းနစ်မြို့အဖြစ် တင်စားခေါ်ဝေါ်ကြကြောင်းသိရသည်။ ဘရုရှ်မြို့ သည် ၎င်း၏ဆိပ်ကမ်းကြောင့် စီးပွားရေးအရ အ ရေးပါပြီး ကမ္ဘာ့စီးပွားရေးမြို့တော်များထဲမှ တစ်မြို့ ဖြစ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ဘရုရှ်မြို့သည် ဘယ်လ်ဂျီယံနိုင်ငံတွင်းတွင် အဓိကခရီးသွားနေရာ တစ်ခုဖြစ်ပြီး ဥရောပလေ့လာရေးတက္ကသိုလ်တစ် ခုဖြစ်သည့် College of Europe ၏ နေရာအဖြစ် လူသိများကြောင်းသိရသည်။
(၁၉)ရာစုနှင့် နောက်ပိုင်းခေတ်
(၁၉)ရာစု၏ ဒုတိယနှစ်ဝက်တွင် ဘရုရှ် မြို့သည် ကမ္ဘာ့ပထမဆုံး ခရီးသွားနေရာများထဲမှ တစ်ခုဖြစ်လာပြီး ချမ်းသာသော ဗြိတိန်နှင့် ပြင်သစ် ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့ကြောင်းသိရသည်။ (၁၉၀၉)ခုနှစ်တွင်" Bruges Forward: Soci­ety to Improve Tourist " အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့ကြောင်းသိရသည်။
ပထမကမ္ဘာစစ်အတွင်း ဂျာမန်တပ်များ သည် ဘရုရှ်မြို့ကိုသိမ်းပိုက်ခဲ့သော်လည်း အပျက်အ စီးနည်းပါးခဲ့ပြီး (၁၉၁၈)ခုနှစ် အောက်တိုဘာလ(၁၉) ရက်တွင် မဟာမိတ်အဖွဲ့များကြောင့် လွတ်မြောက်ခဲ့ ကြောင်းသိရသည်။ ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၀)ပြည့်နှစ်တွင် ဂျာမန်တပ်များက ဘရုရှ်မြို့ကို ထပ်မံ သိမ်းပိုက်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမျိုးမရှိခဲ့ ကြောင်းသိရသည်။ ထို့ပြင် (၁၉၄၄)ခုနှစ် စက်တင် ဘာလ(၁၂)ရက်နေ့တွင် 12th Manitoba Dra­goons ၏ ကနေဒါတပ်များကြောင့် ဘရုရှ်မြို့မှာ ထပ် မံလွတ်မြောက်ခဲ့ကြောင်းသိရသည်။
(၁၉၆၅)ခုနှစ်နောက်ပိုင်းတွင် ဘရုရှ်မြို့ သည် ခေတ်သစ်တစ်ခုကိုကြုံတွေ့ခဲ့ရပြီး လူနေအိမ် နှင့် စီးပွားရေးဆိုင်ရာအဆောက်အအုံများ၊ သမိုင်းဝင် အထိမ်းအမှတ်များနှင့် ဘုရားကျောင်းများကို ပြန် လည်ပြုပြင်ခြင်းများကြောင့် မြို့လယ်ဧရိယာတွင် ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ကြောင်းသိရသည်။ နိုင်ငံ တကာခရီးသွားလုပ်ငန်းမြင့်တက်လာခဲ့မှုနှင့်အတူ ကြိုးပမ်းမှုအသစ်များကြောင့် (၂၀ဝ၂)ခုနှစ်တွင် ဘရုရှ်မြို့ကို ဥရောပယဉ်ကျေးမှုမြို့တော်အဖြစ်သတ် မှတ်ခဲ့ကြောင်းသိရသည်။ အဆိုပါအချိန်မှစတင်ပြီး ဘရုရှ်မြို့သည် နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား (၈)သန်း ခန့်ကို ဆွဲဆောင်လျက်ရှိကြောင်းသိရသည်။
(၁၉၀၇)ခုနှစ်တွင် Zeebrugge ဆိပ်ကမ်း ကိုတည်ဆောက်ခဲ့ပြီး ဂျာမန်တို့သည် ပထမကမ္ဘာစစ် အတွင်း ၎င်းတို့၏သင်္ဘောများဆိုက်ကပ်ရာနေရာ တစ်ခုအဖြစ်အသုံးပြုခဲ့သည်။ (၁၉၇၀)ပြည့်နှစ်နှင့် (၁၉၈၀)ပြည့်နှစ်များအတွင်း Zeebrugge ဆိပ် ကမ်းကို ကြီးကြီးမားမားချဲ့ထွင်ခဲ့ပြီး ဥရောပ၏အရေး အကြီးဆုံးနှင့် ခေတ်အမီဆုံးဆိပ်ကမ်းများထဲမှတစ် ခုဖြစ်လာခဲ့ကြောင်းသိရသည်။

အထင်ကရနေရာများ၊ အနုပညာနှင့်
ယဉ်ကျေးမှု
ဘရုရှ်မြို့ရှိ အလယ်ခေတ်ဗိသုကာလက် ရာသည် အများအားဖြင့် မပျက်မစီးဘဲကျန်ရှိနေသေး ပြီး ဥရောပတွင် အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက် ထားသည့် အလယ်ခေတ်မြို့များထဲမှတစ်မြို့အဖြစ် သတ်မှတ်ခံခဲ့ရကြောင်းသိရသည်။ (၂၀ဝဝ)ပြည့်နှစ်မှ စတင်ပြီး ဘရုရှ်မြို့၏ သမိုင်းဝင်မြို့လယ်သည် ယူ နက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ခဲ့သည်။ ဘရုရှ်မြို့၏ အလယ်ခေတ်အဆောက်အအုံများတွင် (၁၁၅ ဒသမ ၆)မီတာမြင့်သော Church of Our Lady ဘုရားကျောင်းသည် ကမ္ဘာ့ဒုတိယအမြင့်ဆုံးအုတ်မျှော်စင်အဆောက်အအုံဖြစ်ခဲ့ကြောင်းလည်းသိ ရသည်။ ဘရုရှ်မြို့၏ လူသိများသောအထင်ကရနေ ရာတစ်ခုမှာ ခေါင်းလောင်းပေါင်း(၄၇)လုံးဖြင့်ဖွဲ့စည်း ထားသည့် Belfry of Bruges မျှော်စင်ဖြစ်ပြီး ကမ္ဘာ့ အမွေအနှစ်နေရာတစ်ခုဖြစ်သော Belfries of Bel­g­ium and France တွင် ထည့်သွင်းထားကြောင်း သိရသည်။

ပြတိုက်များနှင့် သမိုင်းဝင်နေရာများ
ဘရုရှ်မြို့သည် ပြတိုက်များစွာရှိသည့် နေ ရာတစ်ခုဖြစ်ပြီး ၎င်း၏အနုပညာပြတိုက်များတွင် အလယ်ခေတ်နှင့် အစောပိုင်းခေတ်သစ်အနုပညာများ ကျယ်ကျယ်ပြန့်ပြန့်စုစည်းထားသော Arents House နှင့် Groeningemuse ကာပြတိုက်တို့ပါဝင် သည်။ ဘရုရှ်မြို့တွင် ထိန်းသိမ်းထားသော မြို့ ဟောင်း ဝင်ပေါက်များမှာKruispoort, Gentpoort, Smedenpoort နှင့် Ezelpoor အဝင်ပေါက်တို့ဖြစ် ပြီး Dampoort , Kateli jnepoort နှင့် Boev­eriepoor အဝင်ပေါက်တို့မှာ တည်ရှိခြင်းမျိုး
မရှိတော့ ကြောင်းသိရသည်။
ထို့ပြင် Old St. John's Hos­pital (Hans Memling museum) နှင့် Our Lady
of the Potteries တို့သည် ဆေးရုံပြတိုက်များဖြစ်ပြီး ဘရုရှ်မြို့သည်
Brugge­­museum ပြတိုက်ကြောင့်လူသိများကြောင်း သိရသည်။ ဘရုရှ်မြို့တွင်းရှိ ထင်ရှားသောအခြားပြ တိုက်များမှာ Gruuthuse­museum ပြတိုက်၊ ရှေး ဟောင်းသုတေသနပြတိုက်၊ Brewery ပြတိုက်၊ Hof Bladelin ပြတိုက်၊ Choco-Story ပြတိုက် တို့ဖြစ်သည်။ ဘရုရှ်မြို့၏ မြူနီစီပယ်မဟုတ်သောပြတိုက်များတွင် Brewery ပြတိုက်၊Hof Bladelin ပြတိုက်၊ Choco-Story ချောကလက်ပြတိုက်၊ Lumina Domestica မီးအိမ်ပြတိုက်၊Gallery Xpo: Salvador Dalí ပြတိုက်၊Diamond ပြတိုက်၊ Frietmuseum ပြတိုက်၊ Historium ပြတိုက်၊ Lace centre ပြတိုက်၊ St. George's Archers Guild ပြတိုက်၊ St. Sebastian's Archers’ Guild ပြတိုက်၊St. Trudo Abbey ပြတိုက်နှင့် Public Observatory Beisbroek ပြတိုက်တို့ ပါဝင်ကြောင်းသိရသည်။

Zawgyi Version:
ဘယ္ဂ်ီယံ၏ ေရွးေဟာင္းအလွ ဘ႐ုရွ္ၿမိဳ႕
(ႏိုင္ငံတကာရွိ ၿမိဳ႕ႀကီးမ်ားအေၾကာင္း)
Pika (NP News) - ေအာက္တိုဘာလ ၂၃

ဘ႐ုရွ္ၿမိဳ႕သည္ ဘယ္လ္ဂ်ီယံႏိုင္ငံ Fle­misha'o West Flanders ျပည္နယ္၏ၿမိဳ႕ေတာ္ ႏွင့္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ေရွးေဟာင္းေရေပၚ ၿမိဳ႕ေတာ္အျဖစ္နာမည္ေက်ာ္ၾကားကာ လွပေသာ ေရွးေခတ္အုတ္တံတိုင္းခတ္ထားသည့္လမ္းေဟာင္း မ်ား၊ အလယ္ေခတ္အေဆာက္အအုံမ်ား၊ ဘုရား ေက်ာင္းမ်ားႏွင့္ သမိုင္းဝင္ဗိသုကာလက္ရာမ်ား ေၾကာင့္ နာမည္ႀကီးသည့္ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ဘ႐ုရွ္ၿမိဳ႕သည္ ဘယ္လ္ဂ်ီယံႏိုင္ငံ အေနာက္ေျမာက္ ပိုင္းတြင္တည္ရွိၿပီး ႏိုင္ငံတြင္းတြင္ ေျခာက္ခုေျမာက္ လူဦးေရအထူထပ္ဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္းသိရ သည္။ ဘ႐ုရွ္ၿမိဳ႕၏ စုစုေပါင္းဧရိယာအက်ယ္အ ဝန္းမွာ (၁၄၀ ဒသမ ၉၉)စတုရန္းကီလိုမီတာရွိၿပီး စုစုေပါင္းေနထိုင္သူလူဦးေရမွာ (၁၂၀ဝဝဝ)ခန႔္ရွိ ေၾကာင္းသိရသည္။ ထို႔ျပင္ ဘ႐ုရွ္ၿမိဳ႕၏ သမိုင္းဝင္ ၿမိဳ႕လယ္ကို ထင္ရွားေသာကမာၻ႔အေမြအႏွစ္ေနရာ တစ္ခုအျဖစ္ ယူနက္စကိုအဖြဲ႕ကသတ္မွတ္ထား ေၾကာင္းသိရသည္။ ဘ႐ုရွ္ၿမိဳ႕ျပဧရိယာ၏အက်ယ္ အဝန္းမွာ (၆၁၆)စတုရန္းကီလိုမီတာရွိၿပီး စုစု ေပါင္း ေနထိုင္သူလူဦးေရမွာ (၂၅၅၈၄၄)ဦးရွိ ေၾကာင္းသိရသည္။ အမ္စတာဒမ္ႏွင့္ စိန႔္ပီတာ စဘာ့ဂ္ကဲ့သို႔ေသာ အျခား တူးေျမာင္းၿမိဳ႕မ်ားႏွင့္ အတူ ဘ႐ုရွ္ၿမိဳ႕ကို ေျမာက္ပိုင္းဗင္းနစ္ၿမိဳ႕အျဖစ္ တင္စားေခၚေဝၚၾကေၾကာင္းသိရသည္။ ဘ႐ုရွ္ၿမိဳ႕ သည္ ၎၏ဆိပ္ကမ္းေၾကာင့္ စီးပြားေရးအရ အ ေရးပါၿပီး ကမာၻ႔စီးပြားေရးၿမိဳ႕ေတာ္မ်ားထဲမွ တစ္ၿမိဳ႕ ျဖစ္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဘ႐ုရွ္ၿမိဳ႕သည္ ဘယ္လ္ဂ်ီယံႏိုင္ငံတြင္းတြင္ အဓိကခရီးသြားေနရာ တစ္ခုျဖစ္ၿပီး ဥေရာပေလ့လာေရးတကၠသိုလ္တစ္ ခုျဖစ္သည့္ College of Europe ၏ ေနရာအျဖစ္ လူသိမ်ားေၾကာင္းသိရသည္။
(၁၉)ရာစုႏွင့္ ေနာက္ပိုင္းေခတ္
(၁၉)ရာစု၏ ဒုတိယႏွစ္ဝက္တြင္ ဘ႐ုရွ္ ၿမိဳ႕သည္ ကမာၻ႔ပထမဆုံး ခရီးသြားေနရာမ်ားထဲမွ တစ္ခုျဖစ္လာၿပီး ခ်မ္းသာေသာ ၿဗိတိန္ႏွင့္ ျပင္သစ္ ခရီးသြားမ်ားကို ဆြဲေဆာင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ (၁၉၀၉)ခုႏွစ္တြင္" Bruges Forward: Soci­ety to Improve Tourist " အဖြဲ႕အစည္းကို စတင္တည္ေထာင္ခဲ့ေၾကာင္းသိရသည္။
ပထမကမာၻစစ္အတြင္း ဂ်ာမန္တပ္မ်ား သည္ ဘ႐ုရွ္ၿမိဳ႕ကိုသိမ္းပိုက္ခဲ့ေသာ္လည္း အပ်က္အ စီးနည္းပါးခဲ့ၿပီး (၁၉၁၈)ခုႏွစ္ ေအာက္တိုဘာလ(၁၉) ရက္တြင္ မဟာမိတ္အဖြဲ႕မ်ားေၾကာင့္ လြတ္ေျမာက္ခဲ့ ေၾကာင္းသိရသည္။ ဒုတိယကမာၻစစ္အတြင္း (၁၉၄၀)ျပည့္ႏွစ္တြင္ ဂ်ာမန္တပ္မ်ားက ဘ႐ုရွ္ၿမိဳ႕ကို ထပ္မံ သိမ္းပိုက္ခဲ့ေသာ္လည္း ထိခိုက္ပ်က္စီးမႈမ်ိဳးမရွိခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ (၁၉၄၄)ခုႏွစ္ စက္တင္ ဘာလ(၁၂)ရက္ေန႔တြင္ 12th Manitoba Dra­goons ၏ ကေနဒါတပ္မ်ားေၾကာင့္ ဘ႐ုရွ္ၿမိဳ႕မွာ ထပ္ မံလြတ္ေျမာက္ခဲ့ေၾကာင္းသိရသည္။
(၁၉၆၅)ခုႏွစ္ေနာက္ပိုင္းတြင္ ဘ႐ုရွ္ၿမိဳ႕ သည္ ေခတ္သစ္တစ္ခုကိုႀကဳံေတြ႕ခဲ့ရၿပီး လူေနအိမ္ ႏွင့္ စီးပြားေရးဆိုင္ရာအေဆာက္အအုံမ်ား၊ သမိုင္းဝင္ အထိမ္းအမွတ္မ်ားႏွင့္ ဘုရားေက်ာင္းမ်ားကို ျပန္ လည္ျပဳျပင္ျခင္းမ်ားေၾကာင့္ ၿမိဳ႕လယ္ဧရိယာတြင္ ခရီးသြားလုပ္ငန္းႏွင့္ စီးပြားေရးဆိုင္ရာလႈပ္ရွားမႈမ်ား တစ္ဟုန္ထိုး ျမင့္တက္လာခဲ့ေၾကာင္းသိရသည္။ ႏိုင္ငံ တကာခရီးသြားလုပ္ငန္းျမင့္တက္လာခဲ့မႈႏွင့္အတူ ႀကိဳးပမ္းမႈအသစ္မ်ားေၾကာင့္ (၂၀ဝ၂)ခုႏွစ္တြင္ ဘ႐ုရွ္ၿမိဳ႕ကို ဥေရာပယဥ္ေက်းမႈၿမိဳ႕ေတာ္အျဖစ္သတ္ မွတ္ခဲ့ေၾကာင္းသိရသည္။ အဆိုပါအခ်ိန္မွစတင္ၿပီး ဘ႐ုရွ္ၿမိဳ႕သည္ ႏွစ္စဥ္ ကမာၻလွည့္ခရီးသြား (၈)သန္း ခန႔္ကို ဆြဲေဆာင္လ်က္ရွိေၾကာင္းသိရသည္။
(၁၉၀၇)ခုႏွစ္တြင္ Zeebrugge ဆိပ္ကမ္း ကိုတည္ေဆာက္ခဲ့ၿပီး ဂ်ာမန္တို႔သည္ ပထမကမာၻစစ္ အတြင္း ၎တို႔၏သေဘၤာမ်ားဆိုက္ကပ္ရာေနရာ တစ္ခုအျဖစ္အသုံးျပဳခဲ့သည္။ (၁၉၇၀)ျပည့္ႏွစ္ႏွင့္ (၁၉၈၀)ျပည့္ႏွစ္မ်ားအတြင္း Zeebrugge ဆိပ္ ကမ္းကို ႀကီးႀကီးမားမားခ်ဲ႕ထြင္ခဲ့ၿပီး ဥေရာပ၏အေရး အႀကီးဆုံးႏွင့္ ေခတ္အမီဆုံးဆိပ္ကမ္းမ်ားထဲမွတစ္ ခုျဖစ္လာခဲ့ေၾကာင္းသိရသည္။

အထင္ကရေနရာမ်ား၊ အႏုပညာႏွင့္
ယဥ္ေက်းမႈ
ဘ႐ုရွ္ၿမိဳ႕ရွိ အလယ္ေခတ္ဗိသုကာလက္ ရာသည္ အမ်ားအားျဖင့္ မပ်က္မစီးဘဲက်န္ရွိေနေသး ၿပီး ဥေရာပတြင္ အေကာင္းဆုံးထိန္းသိမ္းေစာင့္ေရွာက္ ထားသည့္ အလယ္ေခတ္ၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္းသိရသည္။ (၂၀ဝဝ)ျပည့္ႏွစ္မွ စတင္ၿပီး ဘ႐ုရွ္ၿမိဳ႕၏ သမိုင္းဝင္ၿမိဳ႕လယ္သည္ ယူ နက္စကို၏ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုျဖစ္ခဲ့သည္။ ဘ႐ုရွ္ၿမိဳ႕၏ အလယ္ေခတ္အေဆာက္အအုံမ်ားတြင္ (၁၁၅ ဒသမ ၆)မီတာျမင့္ေသာ Church of Our Lady ဘုရားေက်ာင္းသည္ ကမာၻ႔ဒုတိယအျမင့္ဆုံးအုတ္ေမွ်ာ္စင္အေဆာက္အအုံျဖစ္ခဲ့ေၾကာင္းလည္းသိ ရသည္။ ဘ႐ုရွ္ၿမိဳ႕၏ လူသိမ်ားေသာအထင္ကရေန ရာတစ္ခုမွာ ေခါင္းေလာင္းေပါင္း(၄၇)လုံးျဖင့္ဖြဲ႕စည္း ထားသည့္ Belfry of Bruges ေမွ်ာ္စင္ျဖစ္ၿပီး ကမာၻ႔ အေမြအႏွစ္ေနရာတစ္ခုျဖစ္ေသာ Belfries of Bel­g­ium and France တြင္ ထည့္သြင္းထားေၾကာင္း သိရသည္။

ျပတိုက္မ်ားႏွင့္ သမိုင္းဝင္ေနရာမ်ား
ဘ႐ုရွ္ၿမိဳ႕သည္ ျပတိုက္မ်ားစြာရွိသည့္ ေန ရာတစ္ခုျဖစ္ၿပီး ၎၏အႏုပညာျပတိုက္မ်ားတြင္ အလယ္ေခတ္ႏွင့္ အေစာပိုင္းေခတ္သစ္အႏုပညာမ်ား က်ယ္က်ယ္ျပန႔္ျပန႔္စုစည္းထားေသာ Arents House ႏွင့္ Groeningemuse ကာျပတိုက္တို႔ပါဝင္ သည္။ ဘ႐ုရွ္ၿမိဳ႕တြင္ ထိန္းသိမ္းထားေသာ ၿမိဳ႕ ေဟာင္း ဝင္ေပါက္မ်ားမွာKruispoort, Gentpoort, Smedenpoort ႏွင့္ Ezelpoor အဝင္ေပါက္တို႔ျဖစ္ ၿပီး Dampoort , Kateli jnepoort ႏွင့္ Boev­eriepoor အဝင္ေပါက္တို႔မွာ တည္ရွိျခင္းမ်ိဳး
မရွိေတာ့ ေၾကာင္းသိရသည္။
ထို႔ျပင္ Old St. John's Hos­pital (Hans Memling museum) ႏွင့္ Our Lady
of the Potteries တို႔သည္ ေဆး႐ုံျပတိုက္မ်ားျဖစ္ၿပီး ဘ႐ုရွ္ၿမိဳ႕သည္
Brugge­­museum ျပတိုက္ေၾကာင့္လူသိမ်ားေၾကာင္း သိရသည္။ ဘ႐ုရွ္ၿမိဳ႕တြင္းရွိ ထင္ရွားေသာအျခားျပ တိုက္မ်ားမွာ Gruuthuse­museum ျပတိုက္၊ ေရွး ေဟာင္းသုေတသနျပတိုက္၊ Brewery ျပတိုက္၊ Hof Bladelin ျပတိုက္၊ Choco-Story ျပတိုက္ တို႔ျဖစ္သည္။ ဘ႐ုရွ္ၿမိဳ႕၏ ျမဴနီစီပယ္မဟုတ္ေသာျပတိုက္မ်ားတြင္ Brewery ျပတိုက္၊Hof Bladelin ျပတိုက္၊ Choco-Story ေခ်ာကလက္ျပတိုက္၊ Lumina Domestica မီးအိမ္ျပတိုက္၊Gallery Xpo: Salvador Dalí ျပတိုက္၊Diamond ျပတိုက္၊ Frietmuseum ျပတိုက္၊ Historium ျပတိုက္၊ Lace centre ျပတိုက္၊ St. George's Archers Guild ျပတိုက္၊ St. Sebastian's Archers’ Guild ျပတိုက္၊St. Trudo Abbey ျပတိုက္ႏွင့္ Public Observatory Beisbroek ျပတိုက္တို႔ ပါဝင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.