သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ (၅) နေရာအား ထပ်မံဖော်ထုတ်ရမိ

 968

သုတကျော် (NP News) - ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ (၅) နေရာအား ထပ်မံဖော်ထုတ်၊ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီး ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ဖော်ထုတ် သိမ်းဆည်းရမိခဲ့သည့် သတင်းများကို ဇန်နဝါရီ (၁၁) ရက်၊ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် အသီးသီး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် အဆိုပါ ဒေသများအတွင်း မူးယစ်ဆေးဝါးချက်လုပ်နေမှုများအား အမြစ်ပြတ်ရှင်းလင်းနိုင်ရေး အတွက် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လိုအပ်သည့် လေကြောင်း ကင်းထောက်ခြင်းနှင့် မြေပြင်သတင်းဖော်ထုတ်ခြင်းများ ပြုလုပ်၍ နယ်မြေရှင်းလင်းခြင်း များကို ဆက်လက် ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် စိန်ကြော့ကျေးရွာ၏ အနောက်တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၆ ရက် နေ့တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်း များဖြစ်သော “၁၈၈၈” အမှတ်တံဆိပ်ပါ ထုတ်ပိုးခွံ ပစ္စည်းများထည့်ထားသည့် ဂိုဒေါင် ၃ လုံး၊ ဖန်ပေါင်းအိုး ၁၅ လုံး၊ အခြောက်ခံဗန်း ၂၄ ခုထားရှိသည့် တဲ ၁ လုံး၊ လူနေတဲ ၈ လုံး၊ အပေါင်းခံစက် ၇ လုံးထည့်ထားသည့် တဲ ၁ လုံး၊ (စိစစ်ဆဲ) ဓာတုပစ္စည်း ၅၀၀ အိတ် ထည့်ထားသည့် ဂိုဒေါင် ၁ လုံး၊ Caustic Soda ထည့်ထားသည့် ဆာလာအိတ် ၁၀၃ အိတ်နှင့် ဆိုဒီယန်ဆာလဖိတ် ထည့်ထားသည့် ဆာလာအိတ် ၂၀၀ အိတ် ထည့်ထားသည့် ဂိုဒေါင် ၁ လုံး၊ ကျောက်ချဉ်အိတ် ၁၈ အိတ်၊ မီးသွေးအမှုန့်အိတ် ၂၈ အိတ်၊ ဂတ်စ်အိုး ၄၆၉ လုံး၊ ရေခဲသေတ္တာ ၃ လုံး၊ စာချက်ဆောင် ၁ လုံး၊ လျှပ်စစ်မီးဖို ၉ လုံး၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်စက် ၂ လုံးတို့အား လည်းကောင်း။

ဇန်နဝါရီ ၁၈ ရက် ညနေ ၅ နာရီခန့်တွင် မန်ဖြတ်ကျေးရွာ၏ အနောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့သည့် နေရာ၏ အနောက်တောင်ဘက် ၇ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် လူနေတဲ ၁၇ လုံး၊ ဂိုဒေါင် ၈ လုံး၊ မူးယစ်ဆေးဝါးချက်လုပ်သည့်တဲ ၄ လုံး၊ မီးစက်အကြီး ၂ လုံး၊ အက်ဆစ်အပါ(ပလပ်စတစ်)ပေပါအပြာ ၅၄ လုံး၊ ပလပ်စတစ် ပေပါအပြာအခွံ ၁၉၀ လုံး၊ သံပေပါအခွံ ၇၆ လုံး၊ အဖြူရောင် ၅ ဂါလန်ပုံး(အက်ဆစ်အပါ) ၇၅ လုံး၊ Caustic Soda ဆာလာအိတ် ၆၀ အိတ်၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် စတီးပေါင်းအိုး ၁ လုံး၊ ဖန်ပေါင်းအိုးအသေး ၃၉ လုံးတို့အား လည်းကောင်း၊ ညနေ ၆ နာရီခန့်တွင် အဆိုပါနေရာ၏ အနောက်မြောက်ဘက် ၆ ကီလိုမီတာခန့်အကွာ၌ ကော်ပေပါအခွံ ၆၇ လုံး၊ သံပေပါအခွံ ၇ လုံး၊ မီးစက် ၂ လုံး၊ လူနေတဲ ၄ လုံး၊ ကတ်ထူဖာအခွံများ ထည့်ထားသည့် ဂိုဒေါင် ၁ လုံး၊ စားချက်ဆောင် ၁ လုံး၊ ပစ္စည်းတင် စင်(သံဖရိန်) ၆ စင်၊ ဂတ်စ်အိုး ၁ လုံး၊ သစ်ခွဲသားဆိုဒ်စုံ ၅၀ ချောင်းတို့အား လည်း ကောင်း။

ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီခန့်တွင် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၆ ရက်တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အရှေ့မြောက်ဘက် ၉ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် တဲ ၅ လုံး၊ ဂိုဒေါင် ၅ လုံး၊ လူနေတဲ ၈ လုံး၊ ၆ ပေကွိုင်လာ ၅ လုံး၊ ၅ ပေကွိုင်လာ ၅ လုံး၊ စတီးမွှေစက် ၄ လုံး၊ စတီးဗန်း ၆၀ ချပ်၊ မူးယစ်ဆေးဝါးချက်ဖန်ပြွန် ၁၂၀ ခု၊ ဆေးပြားရိုက်စက် ၄ လုံး၊ ဂတ်စ်အိုးအခွံ ၁၂၀ လုံး၊ ပေပါအပြာအခွံ ၂၅၀ လုံး၊ သံပေပါအခွံ ၅၀ လုံး၊ မီးစက်ကြီး ၂ လုံး၊ ၆ ဘီးကားအပြာ ၂ စီးတို့အား လည်းကောင်း၊ ညနေ ၃ နာရီခန့်တွင် မန်ဖြတ်ကျေးရွာ၏ အနောက်တောင်ဘက် ၁၈ ကီလိုမီတာခန့်အကွာ၊ဇန်နဝါရီ ၁၈ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အရှေ့တောင်ဘက် ၄ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အလျား ၂၅ ပေ အနံ ၁၅ ပေရှိ မိုးကာလူနေတဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၀ ပေရှိ မိုးကာစားချက် ဆောင် ၁ လုံး၊ ဘတ်ဟိုးယာဉ် ၁ စီးနှင့် ဆက်စပ်ပစ္စည်းများတို့အားလည်းကောင်း။

ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီခန့်တွင် အဆိုပါနေရာ၏ အနောက်တောင်ဘက် ၈ ကီလိုမီတာခန့်အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု ပြုလုပ်သည့်ဟု ယူဆရသော အလျား ၁၈၀ ပေ အနံ ၅၀ ပေ အမြင့် ၂၂ ပေရှိ သွပ်မိုးနှစ်ထပ် အဆောက်အအုံ ၂ လုံး၊ အလျား ၁၂၀ ပေ အနံ ၆၀ ပေ အမြင့် ၂၂ ပေရှိ ဆောက်လုပ်ဆဲ နှစ်ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၂၀၀ ပေ အနံ ၂၀ ပေ အမြင့် ၁၂ ပေရှိ သံဖရိန် သားကာ အဆောက်အုံ ၁ လုံးတို့အားလည်းကောင်း ထပ်မံဖော်ထုတ် တွေ့ရှိသိမ်းဆည်း နိုင်ခဲ့သည်။ အထပ်

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက် ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ မန်ဖြတ်ကျေးရွာ၏ အနောက်မြောက်ဘက် ၁၈ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၆ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့သည့် နေရာ၏ အနောက်တောင်ဘက် ၄ ကီလိုမီတာခန့်အကွာသို့ အရောက်၌ SSA အဖွဲ့များနေထိုင် သည့် အလျား ၄၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ လူနေအဆောက်အအုံ ၁ လုံး၊ အလျား ၄၀ အနံ ၂၅ ပေရှိ သွပ်မိုးအုတ်ကာ စားချက်ဆောင် ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးဝါးကာ လူနေတဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေရှိ သွပ်မိုးအုတ်ကာ လူနေတဲ ၁ လုံး၊ အလျား ၁၀ ပေ အနံ ၁၀ ပေရှိ သွပ်မိုးအုတ်ကာလူနေတဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ လူနေတဲ ၁ လုံး၊ အလျား ၁၀ ပေ အနံ ၁၀ ပေရှိသွပ်မိုးထရံကာ လူနေတဲ ၁ လုံး၊ မြေစိုက်သစ်လုံးဘန်ကာ ၂ လုံး၊ အကျယ် ၃ ပေ အနက် ၃ ပေ ၊ အရှည် ၃၀၀ ပေရှိ ဆက်သွယ်ရေးမြောင်း ၊ ထရံမိုး ၂ ယောက်အိပ်တဲ ၂ လုံး၊ ထရံမိုး ၅ ယောက်အိပ်တဲ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၁၂ ပေရှိ သွပ်မိုးအုတ်ကာအဆောက်အုံ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၂ ပေရှိ သွပ်မိုးအုတ်ကာအဆောက်အအုံ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၂၄ ပေရှိ သွပ်မိုးပျဉ်ကာ ၂ ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၃၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ အဆောက်အအုံ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုး အုတ်ကာ အဆောက်အအုံ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၁၅ ပေရှိ သွပ်မိုးအုတ် (ကားဂိုဒေါင်ပါ) အဆောက်အအုံ ၁ လုံး၊ အလျား ၁၂ ပေ အနံ ၈ ပေရှိ သွပ်မိုးအုတ်ကာ (ရေချိုးခန်း) အဆောက်အအုံ ၁ လုံး အလျား ၁၀ ပေ အနံ ၅ ပေရှိ သွပ်မိုးအုတ်ကာ ( ၂ လုံးတွဲအိမ်သာ) အဆောက်အအုံ ၁ လုံး၊ အလျား ၆ ပေ အနံ ၆ ပေရှိ သွပ်မိုးအုတ်ကာ ကင်းစောင့်တဲ ၁ လုံး တို့ဖြင့် အခိုင်အမာတည်ဆောက်လျက် မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုအား အနီးကပ်လုံခြုံရေးပေးခဲ့သည်ဟု ယူဆရသည့် SSA လက်နက်ကိုင် အဖွဲ့အစည်းအင်အားစုအချို့ နေထိုင်ခဲ့သည့် စခန်းကြီးတစ်ခုအား ပစ်ခတ်ခုခံမှု မရှိဘဲ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ် နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း မြေပြင် သတင်းဖော်ထုတ်ပြီး ဒေသခံပြည်သူများ၏ သတင်း ပေးပို့၍ ပူးပေါင်းပါဝင်မှုတို့နှင့်အတူ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက် ရေးလုပ်ငန်းများကို အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ကြောင်းများခွဲ၍ ဖော်ထုတ် ရှင်းလင်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့မှ ဇန်နဝါရီ ၂၂ ရက်နေ့အထိအဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၁၃ နေရာနှင့် အွန်လိုင်း လိမ်လည်လောင်းကစားမှု ပြုလုပ်သည့်နေရာဟု ယူဆရသည့်နေရာ ၂ နေရာတို့ကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း အမြောက်အများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါ မူးယစ် ဆေးဝါးချက်လုပ်သည့် နေရာများအနီး တစ်ဝိုက်တွင် SSA အဖွဲ့၏ ကာကင်းစခန်း ၁ ခုနှင့် အခိုင်အမာတည်ဆောက်ထားသည့် စခန်းနေရာ ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများ ကို ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သတင်းများရရှိပါကလည်း တာဝန် ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန်လိုအပ်ကြောင်းနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး ဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

zawgyi version

သီေပါၿမိဳ႕နယ္ႏွင့္ မိုင္းရယ္ၿမိဳ႕နယ္တို႔အတြင္း မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ေနရာ (၅) ေနရာအား ထပ္မံေဖာ္ထုတ္၊ ရမိ

သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၂

ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္ႏွင့္ မိုင္းရယ္ၿမိဳ႕နယ္တို႔အတြင္း မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ေနရာ (၅) ေနရာအား ထပ္မံေဖာ္ထုတ္၊ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ႏိုင္ငံေတာ္၏ဂုဏ္သိကၡာကို ထိခိုက္က်ဆင္းေစၿပီး လူသားမ်ိဳးႏြယ္တစ္ခုလုံးကို လူၫြန႔္တုံးပ်က္စီးေစသည့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးႏွင့္ တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို ႏိုင္ငံအတြင္းရွိ ရႏိုင္သမွ်ေသာ စြမ္းအားစု၊ အရင္းအျမစ္မ်ား အသုံးျပဳၿပီး ျပည္သူလူထုႏွင့္ ပူးေပါင္း၍ စဥ္ဆက္မျပတ္ ေဆာင္႐ြက္ လ်က္ရွိသည့္အျပင္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္လည္း ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိသည္။

ထိုသို႔ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းစဥ္မ်ားကို အမ်ိဳးသားေရးတာဝန္ တစ္ရပ္အျဖစ္ခံယူ၍ ႏိုင္ငံတစ္ဝန္းမူးယစ္ေဆးဝါးထုတ္လုပ္မႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တားဆီးကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းမ်ားကို အင္တိုက္အားတိုက္ စဥ္ဆက္မျပတ္ ေဆာင္႐ြက္ခဲ့ရာ သီေပါၿမိဳ႕နယ္ႏွင့္ မိုင္းရယ္ၿမိဳ႕နယ္တို႔တြင္ မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ေနရာမ်ားႏွင့္ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ပစၥည္းမ်ားအား ေဖာ္ထုတ္ သိမ္းဆည္းရမိခဲ့သည့္ သတင္းမ်ားကို ဇန္နဝါရီ (၁၁) ရက္၊ (၁၅) ရက္ႏွင့္ (၁၆) ရက္တို႔တြင္ အသီးသီး ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။

ဆက္လက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕မ်ားသည္ အဆိုပါ ေဒသမ်ားအတြင္း မူးယစ္ေဆးဝါးခ်က္လုပ္ေနမႈမ်ားအား အျမစ္ျပတ္ရွင္းလင္းႏိုင္ေရး အတြက္ ေဒသခံျပည္သူမ်ား၏ သတင္းေပးပို႔မႈမ်ားႏွင့္အတူ လိုအပ္သည့္ ေလေၾကာင္း ကင္းေထာက္ျခင္းႏွင့္ ေျမျပင္သတင္းေဖာ္ထုတ္ျခင္းမ်ား ျပဳလုပ္၍ နယ္ေျမရွင္းလင္းျခင္း မ်ားကို ဆက္လက္ ေဆာင္႐ြက္ခဲ့ရာ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ ၁၈ ရက္ ညေန ၄ နာရီခန႔္တြင္ စိန္ေၾကာ့ေက်း႐ြာ၏ အေနာက္ေတာင္ဘက္ ၁၀ ကီလိုမီတာခန႔္အကြာ၊ ဇန္နဝါရီ ၁၆ ရက္ ေန႔တြင္ သိမ္းဆည္းရမိခဲ့သည့္ေနရာ၏ အေနာက္ေျမာက္ဘက္ ၂ ကီလိုမီတာခန႔္အကြာ၌ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ အေဆာက္အအုံမ်ားႏွင့္ ဆက္စပ္ပစၥည္း မ်ားျဖစ္ေသာ “၁၈၈၈” အမွတ္တံဆိပ္ပါ ထုတ္ပိုးခြံ ပစၥည္းမ်ားထည့္ထားသည့္ ဂိုေဒါင္ ၃ လုံး၊ ဖန္ေပါင္းအိုး ၁၅ လုံး၊ အေျခာက္ခံဗန္း ၂၄ ခုထားရွိသည့္ တဲ ၁ လုံး၊ လူေနတဲ ၈ လုံး၊ အေပါင္းခံစက္ ၇ လုံးထည့္ထားသည့္ တဲ ၁ လုံး၊ (စိစစ္ဆဲ) ဓာတုပစၥည္း ၅၀၀ အိတ္ ထည့္ထားသည့္ ဂိုေဒါင္ ၁ လုံး၊ Caustic Soda ထည့္ထားသည့္ ဆာလာအိတ္ ၁၀၃ အိတ္ႏွင့္ ဆိုဒီယန္ဆာလဖိတ္ ထည့္ထားသည့္ ဆာလာအိတ္ ၂၀၀ အိတ္ ထည့္ထားသည့္ ဂိုေဒါင္ ၁ လုံး၊ ေက်ာက္ခ်ဥ္အိတ္ ၁၈ အိတ္၊ မီးေသြးအမႈန႔္အိတ္ ၂၈ အိတ္၊ ဂတ္စ္အိုး ၄၆၉ လုံး၊ ေရခဲေသတၱာ ၃ လုံး၊ စာခ်က္ေဆာင္ ၁ လုံး၊ လွ်ပ္စစ္မီးဖို ၉ လုံး၊ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္စက္ ၂ လုံးတို႔အား လည္းေကာင္း။

ဇန္နဝါရီ ၁၈ ရက္ ညေန ၅ နာရီခန႔္တြင္ မန္ျဖတ္ေက်း႐ြာ၏ အေနာက္ဘက္ ၂၀ ကီလိုမီတာခန႔္အကြာ၊ ဇန္နဝါရီ ၁၁ ရက္ေန႔တြင္ သိမ္းဆည္းရမိခဲ့သည့္ ေနရာ၏ အေနာက္ေတာင္ဘက္ ၇ ကီလိုမီတာခန႔္အကြာ၌ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ လူေနတဲ ၁၇ လုံး၊ ဂိုေဒါင္ ၈ လုံး၊ မူးယစ္ေဆးဝါးခ်က္လုပ္သည့္တဲ ၄ လုံး၊ မီးစက္အႀကီး ၂ လုံး၊ အက္ဆစ္အပါ(ပလပ္စတစ္)ေပပါအျပာ ၅၄ လုံး၊ ပလပ္စတစ္ ေပပါအျပာအခြံ ၁၉၀ လုံး၊ သံေပပါအခြံ ၇၆ လုံး၊ အျဖဴေရာင္ ၅ ဂါလန္ပုံး(အက္ဆစ္အပါ) ၇၅ လုံး၊ Caustic Soda ဆာလာအိတ္ ၆၀ အိတ္၊ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ စတီးေပါင္းအိုး ၁ လုံး၊ ဖန္ေပါင္းအိုးအေသး ၃၉ လုံးတို႔အား လည္းေကာင္း၊ ညေန ၆ နာရီခန႔္တြင္ အဆိုပါေနရာ၏ အေနာက္ေျမာက္ဘက္ ၆ ကီလိုမီတာခန႔္အကြာ၌ ေကာ္ေပပါအခြံ ၆၇ လုံး၊ သံေပပါအခြံ ၇ လုံး၊ မီးစက္ ၂ လုံး၊ လူေနတဲ ၄ လုံး၊ ကတ္ထူဖာအခြံမ်ား ထည့္ထားသည့္ ဂိုေဒါင္ ၁ လုံး၊ စားခ်က္ေဆာင္ ၁ လုံး၊ ပစၥည္းတင္ စင္(သံဖရိန္) ၆ စင္၊ ဂတ္စ္အိုး ၁ လုံး၊ သစ္ခြဲသားဆိုဒ္စုံ ၅၀ ေခ်ာင္းတို႔အား လည္း ေကာင္း။

ဇန္နဝါရီ ၁၉ ရက္ နံနက္ ၉ နာရီခန႔္တြင္ မိုင္းရယ္ၿမိဳ႕၏ အေနာက္ေတာင္ဘက္ ၁၀ ကီလိုမီတာခန႔္အကြာ၊ ဇန္နဝါရီ ၁၆ ရက္တြင္ သိမ္းဆည္းရမိခဲ့သည့္ေနရာ၏ အေရွ႕ေျမာက္ဘက္ ၉ ကီလိုမီတာခန႔္အကြာ၌ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳ သည့္ တဲ ၅ လုံး၊ ဂိုေဒါင္ ၅ လုံး၊ လူေနတဲ ၈ လုံး၊ ၆ ေပကြိဳင္လာ ၅ လုံး၊ ၅ ေပကြိဳင္လာ ၅ လုံး၊ စတီးေမႊစက္ ၄ လုံး၊ စတီးဗန္း ၆၀ ခ်ပ္၊ မူးယစ္ေဆးဝါးခ်က္ဖန္ႁပြန္ ၁၂၀ ခု၊ ေဆးျပား႐ိုက္စက္ ၄ လုံး၊ ဂတ္စ္အိုးအခြံ ၁၂၀ လုံး၊ ေပပါအျပာအခြံ ၂၅၀ လုံး၊ သံေပပါအခြံ ၅၀ လုံး၊ မီးစက္ႀကီး ၂ လုံး၊ ၆ ဘီးကားအျပာ ၂ စီးတို႔အား လည္းေကာင္း၊ ညေန ၃ နာရီခန႔္တြင္ မန္ျဖတ္ေက်း႐ြာ၏ အေနာက္ေတာင္ဘက္ ၁၈ ကီလိုမီတာခန႔္အကြာ၊ဇန္နဝါရီ ၁၈ ရက္ေန႔တြင္ သိမ္းဆည္းရမိခဲ့သည့္ေနရာ၏ အေရွ႕ေတာင္ဘက္ ၄ ကီလိုမီတာခန႔္အကြာ၌ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ အလ်ား ၂၅ ေပ အနံ ၁၅ ေပရွိ မိုးကာလူေနတဲ ၁ လုံး၊ အလ်ား ၂၀ ေပ အနံ ၁၀ ေပရွိ မိုးကာစားခ်က္ ေဆာင္ ၁ လုံး၊ ဘတ္ဟိုးယာဥ္ ၁ စီးႏွင့္ ဆက္စပ္ပစၥည္းမ်ားတို႔အားလည္းေကာင္း။

ဇန္နဝါရီ ၂၀ ရက္ ည ၇ နာရီခန႔္တြင္ အဆိုပါေနရာ၏ အေနာက္ေတာင္ဘက္ ၈ ကီလိုမီတာခန႔္အကြာ၌ အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈ ျပဳလုပ္သည့္ဟု ယူဆရေသာ အလ်ား ၁၈၀ ေပ အနံ ၅၀ ေပ အျမင့္ ၂၂ ေပရွိ သြပ္မိုးႏွစ္ထပ္ အေဆာက္အအုံ ၂ လုံး၊ အလ်ား ၁၂၀ ေပ အနံ ၆၀ ေပ အျမင့္ ၂၂ ေပရွိ ေဆာက္လုပ္ဆဲ ႏွစ္ထပ္ အေဆာက္အအုံ ၁ လုံး၊ အလ်ား ၂၀၀ ေပ အနံ ၂၀ ေပ အျမင့္ ၁၂ ေပရွိ သံဖရိန္ သားကာ အေဆာက္အုံ ၁ လုံးတို႔အားလည္းေကာင္း ထပ္မံေဖာ္ထုတ္ ေတြ႕ရွိသိမ္းဆည္း ႏိုင္ခဲ့သည္။ အထပ္

ဆက္လက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဇန္နဝါရီ ၂၂ ရက္ ယေန႔နံနက္ပိုင္းတြင္ နယ္ေျမရွင္းလင္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ မန္ျဖတ္ေက်း႐ြာ၏ အေနာက္ေျမာက္ဘက္ ၁၈ ကီလိုမီတာခန႔္အကြာ၊ ဇန္နဝါရီ ၁၆ ရက္ေန႔တြင္ သိမ္းဆည္းရမိခဲ့သည့္ ေနရာ၏ အေနာက္ေတာင္ဘက္ ၄ ကီလိုမီတာခန႔္အကြာသို႔ အေရာက္၌ SSA အဖြဲ႕မ်ားေနထိုင္ သည့္ အလ်ား ၄၀ ေပ အနံ ၂၀ ေပရွိ သြပ္မိုးအုတ္ကာ လူေနအေဆာက္အအုံ ၁ လုံး၊ အလ်ား ၄၀ အနံ ၂၅ ေပရွိ သြပ္မိုးအုတ္ကာ စားခ်က္ေဆာင္ ၁ လုံး၊ အလ်ား ၂၀ ေပ အနံ ၂၀ ေပရွိ သြပ္မိုးဝါးကာ လူေနတဲ ၁ လုံး၊ အလ်ား ၂၀ ေပ အနံ ၁၅ ေပရွိ သြပ္မိုးအုတ္ကာ လူေနတဲ ၁ လုံး၊ အလ်ား ၁၀ ေပ အနံ ၁၀ ေပရွိ သြပ္မိုးအုတ္ကာလူေနတဲ ၁ လုံး၊ အလ်ား ၂၀ ေပ အနံ ၂၀ ေပရွိ သြပ္မိုးအုတ္ကာ လူေနတဲ ၁ လုံး၊ အလ်ား ၁၀ ေပ အနံ ၁၀ ေပရွိသြပ္မိုးထရံကာ လူေနတဲ ၁ လုံး၊ ေျမစိုက္သစ္လုံးဘန္ကာ ၂ လုံး၊ အက်ယ္ ၃ ေပ အနက္ ၃ ေပ ၊ အရွည္ ၃၀၀ ေပရွိ ဆက္သြယ္ေရးေျမာင္း ၊ ထရံမိုး ၂ ေယာက္အိပ္တဲ ၂ လုံး၊ ထရံမိုး ၅ ေယာက္အိပ္တဲ ၁ လုံး၊ အလ်ား ၂၄ ေပ အနံ ၁၂ ေပရွိ သြပ္မိုးအုတ္ကာအေဆာက္အုံ ၁ လုံး၊ အလ်ား ၁၅ ေပ အနံ ၁၂ ေပရွိ သြပ္မိုးအုတ္ကာအေဆာက္အအုံ ၁ လုံး၊ အလ်ား ၂၄ ေပ အနံ ၂၄ ေပရွိ သြပ္မိုးပ်ဥ္ကာ ၂ ထပ္ အေဆာက္အအုံ ၁ လုံး၊ အလ်ား ၃၀ ေပ အနံ ၂၀ ေပရွိ သြပ္မိုးအုတ္ကာ အေဆာက္အအုံ ၁ လုံး၊ အလ်ား ၂၀ ေပ အနံ ၂၀ ေပရွိ သြပ္မိုး အုတ္ကာ အေဆာက္အအုံ ၁ လုံး၊ အလ်ား ၂၄ ေပ အနံ ၁၅ ေပရွိ သြပ္မိုးအုတ္ (ကားဂိုေဒါင္ပါ) အေဆာက္အအုံ ၁ လုံး၊ အလ်ား ၁၂ ေပ အနံ ၈ ေပရွိ သြပ္မိုးအုတ္ကာ (ေရခ်ိဳးခန္း) အေဆာက္အအုံ ၁ လုံး အလ်ား ၁၀ ေပ အနံ ၅ ေပရွိ သြပ္မိုးအုတ္ကာ ( ၂ လုံးတြဲအိမ္သာ) အေဆာက္အအုံ ၁ လုံး၊ အလ်ား ၆ ေပ အနံ ၆ ေပရွိ သြပ္မိုးအုတ္ကာ ကင္းေစာင့္တဲ ၁ လုံး တို႔ျဖင့္ အခိုင္အမာတည္ေဆာက္လ်က္ မူးယစ္ေဆးဝါးမ်ား ထုတ္လုပ္မႈအား အနီးကပ္လုံၿခဳံေရးေပးခဲ့သည္ဟု ယူဆရသည့္ SSA လက္နက္ကိုင္ အဖြဲ႕အစည္းအင္အားစုအခ်ိဳ႕ ေနထိုင္ခဲ့သည့္ စခန္းႀကီးတစ္ခုအား ပစ္ခတ္ခုခံမႈ မရွိဘဲ ရွင္းလင္းသိမ္းပိုက္ႏိုင္ခဲ့သည္။

တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္ ႏွင့္ မိုင္းရယ္ၿမိဳ႕နယ္တို႔အတြင္း ေျမျပင္ သတင္းေဖာ္ထုတ္ၿပီး ေဒသခံျပည္သူမ်ား၏ သတင္း ေပးပို႔၍ ပူးေပါင္းပါဝင္မႈတို႔ႏွင့္အတူ အြန္လိုင္းလိမ္လည္မႈႏွင့္ မူးယစ္ေဆးဝါး တိုက္ဖ်က္ ေရးလုပ္ငန္းမ်ားကို အဖြဲ႕စုံပါဝင္ေသာ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေၾကာင္းမ်ားခြဲ၍ ေဖာ္ထုတ္ ရွင္းလင္းခဲ့ရာ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ ၉ ရက္ေန႔မွ ဇန္နဝါရီ ၂၂ ရက္ေန႔အထိအဆိုပါေဒသအတြင္း မူးယစ္ေဆးဝါးခ်က္လုပ္သည့္ ေနရာ ၁၃ ေနရာႏွင့္ အြန္လိုင္း လိမ္လည္ေလာင္းကစားမႈ ျပဳလုပ္သည့္ေနရာဟု ယူဆရသည့္ေနရာ ၂ ေနရာတို႔ကို ေဖာ္ထုတ္ရွင္းလင္းႏိုင္ခဲ့ကာ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ပစၥည္း အေျမာက္အမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို သိမ္းဆည္းႏိုင္ခဲ့ၿပီး အဆိုပါ မူးယစ္ ေဆးဝါးခ်က္လုပ္သည့္ ေနရာမ်ားအနီး တစ္ဝိုက္တြင္ SSA အဖြဲ႕၏ ကာကင္းစခန္း ၁ ခုႏွင့္ အခိုင္အမာတည္ေဆာက္ထားသည့္ စခန္းေနရာ ၁ ခုတို႔ကို ေတြ႕ရွိသိမ္းဆည္းႏိုင္ခဲ့သည္။

အဆိုပါ သိမ္းဆည္းရမိ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္အသုံးျပဳသည့္ ပစၥည္းမ်ား ကို ပူးေပါင္းအဖြဲ႕ျဖင့္ အေသးစိတ္ဆက္လက္စစ္ေဆး၍ သက္ဆိုင္ရာ ဌာနမ်ားသို႔ လႊဲေျပာင္းအပ္ႏွံျခင္း၊ စနစ္တက်မီးရႈိ႕ ေဖာက္ခြဲဖ်က္ဆီးျခင္းမ်ား ဆက္လက္ ေဆာင္႐ြက္ သြားမည္ျဖစ္ၿပီး မူးယစ္ေဆးဝါးႏွင့္ပတ္သက္သည့္ သတင္းမ်ားရရွိပါကလည္း တာဝန္ ရွိသူမ်ားထံ အခ်ိန္မီသတင္းေပးပို႔ၾကရန္လိုအပ္ေၾကာင္းႏွင့္ ဖမ္းဆီးရမိ မူးယစ္ေဆးဝါး ျဖစ္စဥ္မ်ားတြင္ အဓိကပါဝင္ပတ္သက္လ်က္ရွိသည့္ မည္သည့္အဖြဲ႕အစည္းကိုမဆို ထိေရာက္ျပင္းထန္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

Related news

© 2021. All rights reserved.