အမေရိကန်၊ ကယ်လီဖိုးနီးယား တိရစ္ဆာန်ရုံတစ်ခုမှာ ဝက်ဝံရိုင်းတစ်ကောင် ဖောက်ထွင်းဝင်ရောက်မှု ရှိ

 330

ရောင်နီ (NP News) - အောက်တိုဘာ ၂၄
တိစ္ဆာန်န်ဥယျာဉ်တွေကို တောရိုင်းတိရစ္ဆာန်တွေက ဖောက်ထွင်းဝင်ရောက်ကာ ဥယာဉ်ထဲက တိရစ္ဆာန်တွေ နဲ့ မိတ်ဆွေဖွဲ့တယ်ဆိုတဲ့အဖြစ်အပျက်မျိုးဟာ ကလေး ညအိပ်ရာဝင် ပုံပြင်တွေထဲမှာ အများအပြားရှိပါတယ်။
ဒါပေမယ့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား မြောက်ပိုင်း၊ ယူရီကာရှိ က ဆီကွာရီယာတိရစ္ဆာန်ရုံမှာတော့ အလားတူဖြစ်ရပ်မျိုး အမှန်တကယ် ဖြစ်ခဲ့ပါတယ်။ အနက်ရောင် တောရိုင်းဝက်ဝံငယ်တစ်ကောင်ဟာ တိရစ္ဆာန် ဥယျာဉ်ထဲ ဖောက်ထွင်းဝင်ရောက်ပြီး ဥယျာဉ်ထဲက အခြားဝက်ဝံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဆိုပါ ဝက်ဝံငယ်ဟာ လျှောက်လမ်းပေါ်ကနေ လက်ရန်းကို မေးတင်ကာ ဥယျာဉ်ထဲက တူလီ၊ အစ်ဟောင်၊ ကူနာဘူလ်လစ် အမည်ရှိ ဝက်ဝံတွေနဲ့တွေ့ဆုံနေခဲ့တာဖြစ်ပြီး အဲဒီအဖြစ်အပျက်ကို ဥယျာဉ်ဝန်ထမ်းတစ်ဦးက တွေ့ရှိကာ မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်။
"ဝက်ဝံရဲ့အပြုအမူတွေကို ခြုံကြည့်ရင်တော့ ယဉ်ကျေးတယ်လို့ ဆိုနိုင်ပါတယ်" လို့ တိရစ္ဆာန်ရုံကြီးကြပ်ရေးမှူး မစ္စ ခရစ်စတင်နိုလ်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ တိရစ္ဆာန်အကောင်ရေ ၁၅၀ ရှိတဲ့ တိရစ္ဆာန်ရုံ အတွက် ဝက်ဝံရိုင်းတစ်ကောင်က သူ့ရဲ့စိတ်အခြေအနေအလျောက် လာရောက်လည်ပတ်တဲ့မြင်ကွင်းမျိုးဟာ ရှားပါးအံ့သြစရာဖြစ်ခဲ့ပါတယ်။ အဲဒီဝက်ဝံရိုင်းဟာ အသက် ၁ နှစ်ခွဲခန့် ရှိမယ်လို့ ယူဆရပြီး လူသား ဧည့်သည်တွေနဲ့ ထိတွေ့မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီနောက် ကယ်လီဖိုးနီးယားပြည်နယ် ငါးနဲ့ တောရိုင်းတိရစ္ဆာန်ဌာနရဲ့အကူအညီနဲ့ ဝက်ဝံကို ဝန်ဆောင်မှု ဂိတ်တစ်ခုမှ တစ်ဆင့် နောက်ဆုံး ဆီကွာရီယာ ပန်းခြံရဲ့ တောရိုင်းဥယာဉ်ထဲ ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ဝက်ဝံရိုင်းအနေနဲ့ ၂.၄ မီတာခန့်မြင့်ပြီး ဆူးကြိုးတွေနဲ့ ကာရံ ဖုံးအုပ်ထားတဲ့ တိရစ္ဆာန်ရုံ ခြံစည်းရိုးကို ဘယ်လိုဖောက်ထွင်း ဝင်ရောက်ခဲ့သလဲ ဆိုတာကိုတော့ တာဝန်ရှိသူတွေက စစ်ဆေးနေဆဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ဝက်ဝံဟာ သစ်ပင်အမြင့်ပေါ်က ရုတ်တရက်ပြုတ်ကျပြီး ဥယျာဉ်ထဲ ရောက်ရှိလာခြင်း ဖြစ်မယ်လို့ ယူဆထားကြပါတယ်။

Zawgyi Version:
အေမရိကန္၊ ကယ္လီဖိုးနီးယား တိရစာၦန္႐ုံတစ္ခုမွာ ဝက္ဝံ႐ိုင္းတစ္ေကာင္ ေဖာက္ထြင္းဝင္ေရာက္မႈ ရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၄
တိစာၦန္န္ဥယ်ာဥ္ေတြကို ေတာ႐ိုင္းတိရစာၦန္ေတြက ေဖာက္ထြင္းဝင္ေရာက္ကာ ဥယာဥ္ထဲက တိရစာၦန္ေတြ နဲ႔ မိတ္ေဆြဖြဲ႕တယ္ဆိုတဲ့အျဖစ္အပ်က္မ်ိဳးဟာ ကေလး ညအိပ္ရာဝင္ ပုံျပင္ေတြထဲမွာ အမ်ားအျပားရွိပါတယ္။
ဒါေပမယ့္ အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယား ေျမာက္ပိုင္း၊ ယူရီကာရွိ က ဆီကြာရီယာတိရစာၦန္႐ုံမွာေတာ့ အလားတူျဖစ္ရပ္မ်ိဳး အမွန္တကယ္ ျဖစ္ခဲ့ပါတယ္။ အနက္ေရာင္ ေတာ႐ိုင္းဝက္ဝံငယ္တစ္ေကာင္ဟာ တိရစာၦန္ ဥယ်ာဥ္ထဲ ေဖာက္ထြင္းဝင္ေရာက္ၿပီး ဥယ်ာဥ္ထဲက အျခားဝက္ဝံေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ အဆိုပါ ဝက္ဝံငယ္ဟာ ေလွ်ာက္လမ္းေပၚကေန လက္ရန္းကို ေမးတင္ကာ ဥယ်ာဥ္ထဲက တူလီ၊ အစ္ေဟာင္၊ ကူနာဘူလ္လစ္ အမည္ရွိ ဝက္ဝံေတြနဲ႔ေတြ႕ဆုံေနခဲ့တာျဖစ္ၿပီး အဲဒီအျဖစ္အပ်က္ကို ဥယ်ာဥ္ဝန္ထမ္းတစ္ဦးက ေတြ႕ရွိကာ မွတ္တမ္းတင္ႏိုင္ခဲ့ ပါတယ္။
"ဝက္ဝံရဲ႕အျပဳအမူေတြကို ၿခဳံၾကည့္ရင္ေတာ့ ယဥ္ေက်းတယ္လို႔ ဆိုႏိုင္ပါတယ္" လို႔ တိရစာၦန္႐ုံႀကီးၾကပ္ေရးမႉး မစၥ ခရစ္စတင္ႏိုလ္က ထုတ္ျပန္ခ်က္တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။ တိရစာၦန္အေကာင္ေရ ၁၅၀ ရွိတဲ့ တိရစာၦန္႐ုံ အတြက္ ဝက္ဝံ႐ိုင္းတစ္ေကာင္က သူ႔ရဲ႕စိတ္အေျခအေနအေလ်ာက္ လာေရာက္လည္ပတ္တဲ့ျမင္ကြင္းမ်ိဳးဟာ ရွားပါးအံ့ၾသစရာျဖစ္ခဲ့ပါတယ္။ အဲဒီဝက္ဝံ႐ိုင္းဟာ အသက္ ၁ ႏွစ္ခြဲခန႔္ ရွိမယ္လို႔ ယူဆရၿပီး လူသား ဧည့္သည္ေတြနဲ႔ ထိေတြ႕မႈေတာ့ မရွိခဲ့ဘူးလို႔ ဆိုပါတယ္။
အဲဒီေနာက္ ကယ္လီဖိုးနီးယားျပည္နယ္ ငါးနဲ႔ ေတာ႐ိုင္းတိရစာၦန္ဌာနရဲ႕အကူအညီနဲ႔ ဝက္ဝံကို ဝန္ေဆာင္မႈ ဂိတ္တစ္ခုမွ တစ္ဆင့္ ေနာက္ဆုံး ဆီကြာရီယာ ပန္းၿခံရဲ႕ ေတာ႐ိုင္းဥယာဥ္ထဲ ျပန္ပို႔ေပးခဲ့တယ္လို႔ သိရပါတယ္။ ဝက္ဝံ႐ိုင္းအေနနဲ႔ ၂.၄ မီတာခန႔္ျမင့္ၿပီး ဆူးႀကိဳးေတြနဲ႔ ကာရံ ဖုံးအုပ္ထားတဲ့ တိရစာၦန္႐ုံ ၿခံစည္း႐ိုးကို ဘယ္လိုေဖာက္ထြင္း ဝင္ေရာက္ခဲ့သလဲ ဆိုတာကိုေတာ့ တာဝန္ရွိသူေတြက စစ္ေဆးေနဆဲျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ဝက္ဝံဟာ သစ္ပင္အျမင့္ေပၚက ႐ုတ္တရက္ျပဳတ္က်ၿပီး ဥယ်ာဥ္ထဲ ေရာက္ရွိလာျခင္း ျဖစ္မယ္လို႔ ယူဆထားၾကပါတယ္။

Related news

© 2021. All rights reserved.