အစိုးရ အလွှဲအပြောင်း မတိုင်မီ ကိုဗစ်ချေးငွေများကို အကျေ ပြန်လည်ပေးဆပ်ရန် တိုက်တွန်းဆောင်ရွက်နေ

516

Pearl (NP News) - အောက်တိုဘာ ၂၈
အစိုးရအလွှဲအပြောင်းမတိုင်မီ ကိုဗစ် ချေးငွေများကို အပြေအကျေ ပြန်လည်ပေးဆပ်ရန် တိုက် တွန်းဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝါဝါမောင်က NP News သို့ပြောသည်။
ကိုဗစ်ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင် (၅,၉၉၀)ဦးရှိပြီး ပမာဏအားဖြင့် ကျပ် (၁၅၈ ဒသမ ၄၄၃၈)ဘီလျံကိုထုတ်ချေးခဲ့ရာ ပြီးခဲ့သည့်စက်တင်ဘာလအထိ အရင်းအကျေ ပေးဆပ်ပြီး သူ (၃၀၇၀)ဦးရှိပြီး ပမာဏအားဖြင့် ကျပ် (၈၈.၂၁၉၆) ဘီလျံရရှိပြီးဖြစ်ကြောင်းသိရသည်။
ထို့ပြင် အတိုးပေးအရင်းမဆပ်သူ (၉၃၁)ဦးရှိပြီး ပမာဏအားဖြင့် ကျပ် (၁၉.၁၄၇၉) ဘီလျံ၊ အလီ လီပေးဆပ်သဖြင့် ကြွေးကျန်နေသူ (၁,၅၆၇)ဦးရှိပြီး ပမာဏအားဖြင့် ကျပ် (၁၀.၉၅၅၅) ဘီလျံ ကျန်ရှိနေ ၍ (၂၀၂၅)ခုနှစ် ဇွန်လအထိ အတိုးအရင်းမပေးဆပ်သည့်လုပ်ငန်းရှင် (၄၂၂)ဦး ရှိကာ ပမာဏအားဖြင့် ကျပ် (၈.ဝ၀၂) ဘီလျံကျန်ရှိနေသေးကြောင်းသိရသည်။
လက်ရှိတွင် ချေးငွေပေးဆပ်ရန်ကျန်ရှိနေသည့်လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံကာ လာမည့် (၂၀၂၆) ခုနှစ် မတ်လကုန်မတိုင်မီ အပြေအကျေပြန်လည်ပေးဆပ်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရ သည်။
“ခေါ်ယူတွေ့ဆုံမှုတွေ ဆောင်ရွက်နေပါတယ်။ (၂၀၂၆) ခုနှစ် မတ်လကုန်မတိုင်မီ၊ ဘဏ္ဍာနှစ် ကုန်နဲ့ အစိုးရအလွှဲအပြောင်းမတိုင်မီ အပြေအ ကျေပြန်လည်ပေးဆပ်ဖို့နဲ့ စာရင်းချုပ်နိုင်ဖို့ စည်းရုံး ဆောင်ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက NP News သို့ပြောသည်။
ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့် ကျန်ရှိသည့်ချေးငွေများကို အရစ်ကျဖြင့် ပြန်လည်ပေးသွင်းရန် ကတိကဝတ်ပြုပါက လက်ခံသွားမည်ဖြစ် ကြောင်းလည်းသိရသည်။ “အရစ်ကျနဲ့ ပြန်လည်ပေးဆပ်ရေး တိုက်တွန်းဆောင်ရွက်နေပါတယ်။ သူတို့ရဲ့ အရစ်ကျ ပြန်လည်ပေးဆပ်ပါမယ်ဆိုတဲ့ ကတိကဝတ် ကို လည်း လက်ခံတဲ့အနေအထားလည်းပါပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။
ကိုဗစ်-(၁၉) ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သောစီးပွားရေးလုပ်ငန်းများကို ချေးငွေသက်တမ်း (၁)နှစ်လျှင် အတိုးနှုန်း(၁)ရာခိုင်နှုန်းဖြင့် (၂၀၂၀) ပြည့်နှစ် ဧပြီလမှစတင်၍ ကိုဗစ်- (၁၉) ရန်ပုံငွေ ကျပ် (၂၀ဝ) ဘီလျံကိုထုတ်ချေးခဲ့ရာ အတိုး၊ အရင်းချေးငွေပြန်မဆပ်သေးသည့် လုပ်ငန်းရှင်များတွင် ဆန်စက်၊ ဆီစက်၊ မုန့်မျိုးစုံလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သည့် ကျောက်ခွဲစက်၊ ဆီစက်၊ မုန့်လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ တွင် ခုံစက်မှုလုပ်ငန်း၊ ရေခဲစက်နှင့် ရေခဲမုန့်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ အိမ်တွင်း အိတ်ချုပ် လုပ်ငန်း၊ ပုံနှိပ်စက်လုပ်ငန်း၊ သောက်ရေသန့်လုပ်ငန်း၊ နေလှန်းဆားထုတ်လုပ် ရေးလုပ်ငန်းစသည့် လုပ်ငန်းရှင် များ ပါဝင်ပြီး စားသောက်ကုန်လုပ်ငန်းများနှင့် ဆန်စက်၊ ဆီစက် လုပ်ငန်းရှင်များ အများဆုံ ပါဝင် ကြောင်းလည်းသိရသည်။

Zawgyi Version:
အစိုးရ အလႊဲအေျပာင္း မတိုင္မီ ကိုဗစ္ေခ်းေငြမ်ားကို အေျပအေက် ျပန္လည္ေပးဆပ္ရန္ တိုက္တြန္း ေဆာင္႐ြက္ေန
Pearl (NP News) - ေအာက္တိုဘာ ၂၈
အစိုးရအလႊဲအေျပာင္းမတိုင္မီ ကိုဗစ္ ေခ်းေငြမ်ားကို အေျပအေက် ျပန္လည္ေပးဆပ္ရန္ တိုက္ တြန္းေဆာင္႐ြက္ေနေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာဝါဝါေမာင္က NP News သို႔ေျပာသည္။
ကိုဗစ္ေခ်းေငြထုတ္ယူထားသည့္ ကုမၸဏီ၊ လုပ္ငန္းရွင္ (၅,၉၉၀)ဦးရွိၿပီး ပမာဏအားျဖင့္ က်ပ္ (၁၅၈ ဒသမ ၄၄၃၈)ဘီလ်ံကိုထုတ္ေခ်းခဲ့ရာ ၿပီးခဲ့သည့္စက္တင္ဘာလအထိ အရင္းအေက် ေပးဆပ္ၿပီး သူ (၃၀၇၀)ဦးရွိၿပီး ပမာဏအားျဖင့္ က်ပ္ (၈၈.၂၁၉၆) ဘီလ်ံရရွိၿပီးျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ အတိုးေပးအရင္းမဆပ္သူ (၉၃၁)ဦးရွိၿပီး ပမာဏအားျဖင့္ က်ပ္ (၁၉.၁၄၇၉) ဘီလ်ံ၊ အလီ လီေပးဆပ္သျဖင့္ ေႂကြးက်န္ေနသူ (၁,၅၆၇)ဦးရွိၿပီး ပမာဏအားျဖင့္ က်ပ္ (၁၀.၉၅၅၅) ဘီလ်ံ က်န္ရွိေန ၍ (၂၀၂၅)ခုႏွစ္ ဇြန္လအထိ အတိုးအရင္းမေပးဆပ္သည့္လုပ္ငန္းရွင္ (၄၂၂)ဦး ရွိကာ ပမာဏအားျဖင့္ က်ပ္ (၈.ဝ၀၂) ဘီလ်ံက်န္ရွိေနေသးေၾကာင္းသိရသည္။
လက္ရွိတြင္ ေခ်းေငြေပးဆပ္ရန္က်န္ရွိေနသည့္လုပ္ငန္းရွင္မ်ားကို ေခၚယူေတြ႕ဆုံကာ လာမည့္ (၂၀၂၆) ခုႏွစ္ မတ္လကုန္မတိုင္မီ အေျပအေက်ျပန္လည္ေပးဆပ္ရန္ ညႇိႏႈိင္းေဆာင္႐ြက္ေနေၾကာင္း သိရ သည္။
“ေခၚယူေတြ႕ဆုံမႈေတြ ေဆာင္႐ြက္ေနပါတယ္။ (၂၀၂၆) ခုႏွစ္ မတ္လကုန္မတိုင္မီ၊ ဘ႑ာႏွစ္ ကုန္နဲ႔ အစိုးရအလႊဲအေျပာင္းမတိုင္မီ အေျပအ ေက်ျပန္လည္ေပးဆပ္ဖို႔နဲ႔ စာရင္းခ်ဳပ္ႏိုင္ဖို႔ စည္း႐ုံး ေဆာင္႐ြက္ေနပါတယ္”ဟု ျပည္ေထာင္စုဝန္ႀကီးက NP News သို႔ေျပာသည္။
ထို႔ျပင္ လုပ္ငန္းရွင္မ်ားအေနျဖင့္ က်န္ရွိသည့္ေခ်းေငြမ်ားကို အရစ္က်ျဖင့္ ျပန္လည္ေပးသြင္းရန္ ကတိကဝတ္ျပဳပါက လက္ခံသြားမည္ျဖစ္ ေၾကာင္းလည္းသိရသည္။ “အရစ္က်နဲ႔ ျပန္လည္ေပးဆပ္ေရး တိုက္တြန္းေဆာင္႐ြက္ေနပါတယ္။ သူတို႔ရဲ႕ အရစ္က် ျပန္လည္ေပးဆပ္ပါမယ္ဆိုတဲ့ ကတိကဝတ္ ကို လည္း လက္ခံတဲ့အေနအထားလည္းပါပါတယ္” ဟု ျပည္ေထာင္စုဝန္ႀကီးကေျပာသည္။
ကိုဗစ္-(၁၉) ကပ္ေရာဂါေၾကာင့္ ထိခိုက္မႈရွိခဲ့ေသာစီးပြားေရးလုပ္ငန္းမ်ားကို ေခ်းေငြသက္တမ္း (၁)ႏွစ္လွ်င္ အတိုးႏႈန္း(၁)ရာခိုင္ႏႈန္းျဖင့္ (၂၀၂၀) ျပည့္ႏွစ္ ဧၿပီလမွစတင္၍ ကိုဗစ္- (၁၉) ရန္ပုံေငြ က်ပ္ (၂၀ဝ) ဘီလ်ံကိုထုတ္ေခ်းခဲ့ရာ အတိုး၊ အရင္းေခ်းေငြျပန္မဆပ္ေသးသည့္ လုပ္ငန္းရွင္မ်ားတြင္ ဆန္စက္၊ ဆီစက္၊ မုန႔္မ်ိဳးစုံလုပ္ငန္း၊ စားေသာက္ဆိုင္လုပ္ငန္း၊ ေမြးျမဴေရးလုပ္ငန္းႏွင့္ အေသးစား၊ အငယ္စား၊ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားျဖစ္သည့္ ေက်ာက္ခြဲစက္၊ ဆီစက္၊ မုန႔္လုပ္ငန္း၊ ဟိုတယ္ လုပ္ငန္း၊ တြင္ ခုံစက္မႈလုပ္ငန္း၊ ေရခဲစက္ႏွင့္ ေရခဲမုန႔္လုပ္ငန္း၊ ရက္ကန္းလုပ္ငန္း၊ အိမ္တြင္း အိတ္ခ်ဳပ္ လုပ္ငန္း၊ ပုံႏွိပ္စက္လုပ္ငန္း၊ ေသာက္ေရသန႔္လုပ္ငန္း၊ ေနလွန္းဆားထုတ္လုပ္ ေရးလုပ္ငန္းစသည့္ လုပ္ငန္းရွင္ မ်ား ပါဝင္ၿပီး စားေသာက္ကုန္လုပ္ငန္းမ်ားႏွင့္ ဆန္စက္၊ ဆီစက္ လုပ္ငန္းရွင္မ်ား အမ်ားဆုံ ပါဝင္ ေၾကာင္းလည္းသိရသည္။