မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှင့် ထင်းသုံးစွဲမှု လျော့ချနိုင်ရန်အတွက် မီးဖိုထောက်ပံ့ရေး စီမံကိန်းများ ဆောင်ရွက်ခဲ့
316
စော(NP News)-အောက်တိုဘာ ၂၇
မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှင့် ထင်းသုံးစွဲမှု လျော့ချနိုင်ရန်အတွက် မီးဖိုထောက်ပံ့ရေး စီမံကိန်းများကို ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းပြောကြားထားချက်အရ သိရသည်။
အဆိုပါစီမံကိန်းသည် ၂၀၁၂ ခုနှစ်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးမှုများမှတစ်ဆင့် စီမံကိန်း စတင်ဖြစ်ပေါ်လာခြင်းဖြစ်ရာ နေပြည်တော်တွင် ကျေးရွာ (၄၀)ရွာ၊ တနင်္သာရီ၊ ပဲခူး၊ မွန်နဲ့ ရခိုင်မှာ ငါးရွာစီ၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ၊ စစ်ကိုင်းနှင့် မန္တလေးတို့တွင် ကျေးရွာ (၁၀) ရွာစီ၊ စုစုပေါင်း (၁၁၀)ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (Korea Inter-national Cooperation Agency -KOICA)ဖြင့်ပေါင်းစပ်ပြီး ကျေးရွာတစ်ရွာကို အမေရိကန်ဒေါ်လာ နှစ်သောင်းနှင့် ညီမျှသော မြန်မာငွေကို စတင်ထောက်ပံ့ ပေးကြောင်း သိရသည်။
အဆိုပါစီမံကိန်းတွင် ဝင်ငွေတိုးပွားရေး၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုသော လုပ်ငန်းဆောင်ရွက်မှုသုံးမျိုးရှိကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် စွမ်းအားမြှင့်မီးဖိုစီမံကိန်းကိုလည်း ဆောင်ရွက်ခဲ့၍ အဆိုပါစီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုမဖြစ်စေရန်၊ ထင်းသုံးစွဲမှုလျှော့ချနိုင်ရန် မီးဖိုထောက်ပံ့ရေးစီမံကိန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါစီမံကိန်းတွင် မီးဖိုပေါင်း (၂၄၈၀၀၀၀) ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မီးဖိုတစ်လုံးဖြန့်ဖြူးရာတွင် တစ်ဒေါ်လာရရှိ၍ အဆိုပါရရှိသည့်ရန်ပုံငွေကို အသုံးပြုပြီး ကျေးရွာသစ်လှုပ်ရှားမှုအသွင်ဖြင့် ထပ်မံ ဆောင်ရွက်ခဲ့ရာ ယခုအချိန်အထိ ကျေးရွာပေါင်း ၂၅၀တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအသွင်ဖြင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံမှ (၂၀၁၉)ခုနှစ်တွင် ထောက်ပံ့ငွေအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ရန်ပုံငွေတစ်ရပ်တည်ထောင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ရန်ပုံငွေနှင့်ကျေးရွာပေါင်း (၃၄) ရွာ ထပ်တိုးပြီး (၂၀၂၂) ခုနှစ်တွင် (၁၄၄) ရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Zawgyi Version: